Part 15*

40.7K 2.7K 58
                                    

သန့်မှူး တရေးနိုးလာတော့ အိပ်ရာပေါ် ရောက်နေလေသည်။ သန့်မှူး သုခပေါင်ပေါ်မှာ အိပ်ပျော်သွားတာပဲ ဘေးကို ကြည့်တော့ သုခကလည်း ရှိမနေ။ အချိန်ကိုကြည့်လိုက်တော့ စာကြည့်ခန်းထဲ ရောက်နေတာပဲ ဖြစ်ရမယ်လို့ တွေးပြီး သုခဆီ ဉီးတည်လိုက်သည်။

အခန်းထဲရောက်တော့ သုခက ဖုန်းပြောနေသည်။ သန့်မှူးလည်း လက်ထဲမှာ အာလူးကြော် ထုပ်ကို ပိုက်ရင်း သုခက ဘေးမှာ လာထိုင်ဖို့ ခေါ်တာကြောင့် သွားထိုင်လိုက်သည်။ သုခကတော့ ဖုန်းကို ဆက်ပြောနေတုန်းပင်။

သန့်မှူး ပျင်းလာတာနဲ့ သုခရဲ့ မျက်နှာချင်းဆိုင်ကို ထိုင်လိုက်သည်။ ထို့နောက် အာလူးကြော်တစ်ခုကို ယူကာ သုခအား ပါးစပ်ဟဖို့ ပြောလိုက်သည်။ သုခက ဘာလုပ်မလို့လဲဆိုတဲ့ သဘောနဲ့ မျက်ခုံးကို ပင့်ကာ မေးသည်။

သန့်မှူး အာလူးကြော်တစ်ခုကို သုခပါးစပ်ထဲ ထည့်လိုက်သည် ပါးစပ်ထဲ ရောက်သွားတဲ့ အာလူးကြော်ကြောင့် သုခ ဖုန်းပြောတာ ဗလုံးဗထွး ဖြစ်နေတာကြည့်ရင်း ရီနေမိသည် သုခကတော့ မျက်မှောင် ကျုံ့လို့။

ကျွန်တော် ဖုန်းပြောနေတုန်း ရှေ့က ကလေးငယ်က ကျွန်တော့်ပါးစပ်ထဲ သူ စားနေတဲ့ အာလူးကြော်အား လာထည့်သည်။ ကျွန်တော် စကားပြောရတာ ဗလုံးဗထွး ဖြစ်သွားတော့ သူက ရယ်သည်။ ကျွန်တော့်မှာ​တော့ ဧည်သည်နဲ့ စကားပြောရတာ ပျက်မှာစိုးတာကြောင့် အသံကို အတတ်နိုင်ဆုံး ​ဖြည်းဖြည်းလေး ပြောရသည်။

ကျွန်တော် သူ့ကို ဆက်မလုပ်ဖို့ ပြောပေမယ့် အဆိုးလေးက နားမထောင်။ ကျွန်တော့် ပါးစပ်ကိုကလည်း စိထားလို့ရသည့် အ​ခြေအနေ
မဟုတ် ဧည်သည်နဲ့ စကားပြောဖို့ ပါးစပ်ဟလိုက်တိုင်း အာလူးကြော် တစ်ခုကို လာလာထည့်သည်။

ဖုန်းပြောပြီးသွားတော့ ဘေးမှာ ထိုင်နေတဲ့ အဆိုးလေးကို ပေါင်ပေါ် ပွေ့တင်ကာ

"တော်တော် ပျော်နေတယ်ပေါ့ ဂျစ်ဂျစ် ဟမ်...."

"ဟီးးးးးကိုကိုကလည်း အာလူးကြော်က အရသာ ကောင်းနေတော့ ကိုကို့ကို ကျွေးချင်လာလိ​ု့ပါ"

"အော် တော်တော်မှ နှောက်ယှက်လိ​ု့ ကောင်းရဲ့လား"

"နှောက်ယှက်တာ မဟုတ်ပါဘူးဆို ကိုကိုကလည်း"

To Love❤(Complete)Where stories live. Discover now