သတင်းကြားအပြီး စိတ်ထဲဝင်လာတဲ့ အတွေးပေါင်းမြောက်မြားစွာ....
*ကိုကို ဒီကိစကြောင့် ထိခိုက်သွားမှာလား၊ ကိုကို ငါနဲ့ ယူခဲ့ရလို့ အပြစ်တစ်ခုလို ဖြစ်သွားမလား၊ ငါနဲ့ယူထားတယ်ဆိုတာ သိရင်ရော ကိုကို့အတွက် ကောင်းလာနိုင်မှာလား*
"သန့်မှူး မင်းယောက်ျားကို ဖုန်းဆက်ကြည့်ပါဉီးလားကွာ"
"ဟုတ်သားပဲ ကိုကို့ကို ဖုန်းဆက်ရမယ်"
ဘောင်းဘီအိတ်ကပ်ထဲထည့်ထားတဲ့ ဖုန်းကိုပင် တုန်တုန်ယင်ယင်နဲ့ ဆွဲထုတ်နေမိသည်။
ဖုနး်ရဲ့ Contentထဲက ကိုကိုဆိုတဲ့ ဖုန်းနံပါတ်လေးကို နှိပ်ဖို့ရန်ပင် ခက်ခဲလှသည်။
ခြိမ်းခြောက်ခံခဲ့ရတုန်းက စကားတစ်ချို့
*သုခသာ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ထားမှန်းသိရင် အားလုံးက ရွံရှာကြမှာနော် *
*မင်းပိုင်ဆိုင်တဲ့သူကို အပိုင်သာ နိုင်အောင်ချုပ်ထားနော်၊ လွှတ်လာရင်တော့ ပြန်မရဘူးဆိုတာ သိထားပေးနော်*
*မင်းလိုမျိုး ကလေးကလားဆန်ဆန် ကောင်လေးတစ်ယောက်က သုခကို အကြာကြီးဆွဲထားနိုင်ပါ့မလား*
*ကြာရင် စိတ်ကုန်သွားဉီးမယ်နော် ဂရုစိုက် *
*အတွေးမမှားနဲ့ မင်းချစ်တဲ့သူကို မင်းထိခိုက်တာ မြင်ချင်ရင်တော့ ရှေ့ဆက်တိုးလေ*
*ငါကတော့ မရရတဲ့နည်းနဲ့ ယူမှာ သေချာသိမ်းထားဉီး*
*မင်းသေ သွားရင် ပိုကောင်းတယ်ကွာ ဒါဆို ငါနဲ့သုခနဲ့ အေးဆေးနေလို့ရပြီ*
ပြီးနောက် ဓာတ်ပုံတချို့ ထိုဓာတ်ပုံထဲ သုခက တခြားတစ်ယောက်ယောက်နဲ့ နီးနီးကပ်ကပ်ရှိနေသည်။ ဘယ်သူလဲဆိုတာ မမြင်ရအောင်ကို
ရိုက်ထားသည်မို့ မြင်ဖို့ရန် ခက်ခဲလှသည်။*ကြည့်ပါလား မင်းနဲ့ပျော်နေတယ်ဆိုပေမယ့် စိတ်ညစ်လာရင် ငါ့ဆီပဲရောက်ရောက်လာတာနော်*
*မင်းက တအားတွေ ကလေးဆန်ပြတာကို ဘယ်သူက သည်းခံနိုင်ပါ့မလဲ*
*ငါဆွဲဆောင်တာမဟုတ်ဘူးနော် သူကသာ ငါ့ဆီလာတာ*
ကိုကိုဆိုတဲ့ Content Nameကို ထပ်ခါတလဲလဲ ခေါ်နေပေမယ့် မကိုင်
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ