Day 3

1.1K 161 53
                                    


Unicode

ဆေးရုံပနိးခြံလေးအတွင်းရှိ သစ်သားခုံ လေးတွင် ထိုင်ကာ သဘာဝလေအား ရှူ ရှိုက်နေသည်။
ဆေးရုံ အတွင်း ရှိ ဆေးနံ ့များသည်လည်း ကိုယ့်အတွက်ယဥ်ပါးပြီးသားမို ့ သိပ်အဆိုးကြီးတော့မဟုတ်။
လေရှူရန် အကြောင်းပြချက်ဖြင့် လူနာခန်းမှ ခေတ္တ ထွက်လာကာ ရောက်တတ်ရာရာ တွေးရန်သာ။
က ကြီးမှ အ အထိ တွေးစရာ အကြောင်းအရင်းများသည် သူနှင့်ကိုယ့်ရဲ့ ချစ်ခရီးလမ်းလေးမှ လွဲ၍ အခြားမရှိ။

သူနှင့်ကိုယ်၏ တွေ ့ဆုံ မှုသည် အချိန်တစ်ခုအား ချံ ု့ လိုက်ခြင်း နှင့်တူ၏။
အပြုံးလှလှလေးနှင့်ကောင်လေး ၏ အထင်လွဲ မှု မခံ ရစေရေး စိတ်ကောက်ခဲ့မိသည်က တစ်ရက်။
မိန်းကလေးတစ်ယောက်နှင့်ထို ကောင်လေးအား သဝန်တိုမိသည်ကလည်း တစ်ရက်ပင်ကြာသည်။
ထိုကောင်လေးအား ချစ်ပါသည်ပြောခဲ့၍ ပြစ်ပြစ်ခါခါ ငြင်းပစ် ခဲ့သည့် ကြာချိန်ကလည်း တစ်ရက်ထဲ။
နောက်တစ်နေ့အကြာတွင် အကြောင်းအရင်းမဲ့စွာ ကိုယ့်အား သူတွယ်ကပ်လာ ပြန်ပါသည်။
ထို ့နောက် ကျွန်တော့်အား ချစ်ပါသည်ဟု ဝန်ခံ ခဲ့သည်က ၆ရက်အကြာတွင်ဖြစ်မည်။
သူက တိတိကျကျ ချစ်သည်ဟု မဖြေဘဲ အနမ်းတစ်ပွင့်သာ ပေးခဲ့ပြန်တာကို သတိရမိ၏။
ပြန်တွေးကြည့်တော့ ကျွန်တော်တို ့၏ ချစ်သူ သက်တမ်းသည် ယခုမှ ၇ရကျသာရှိသေးသညျ။

ထိုကာလ အတွင်း သာမန်စုံတွဲ များစွာ ပြုလုပ်သည့် အရာအားလုံးနီးပါး နှစ်ယောက် အတူ ပုံဖော်ခဲ့ကြသည့။
ကျွန်တော့်အိမ်သူရောက်ဖူးသည်။
သူ ့အိမ်ကျွန်တော်ရောက်ဖူးသည်။
သူနှင့် ပန်းခြံ အတူ သွားဖူးသလို ကစားကွင်းတွင်လည်း dateဖူးသည်။
သူ ကြိုက်သည့် ရုပ်ရှင်လိုက်ပြ ဖူးသည်။
ယခုမူလည်း သူ ့အား ခိုးပြေးခဲ့သလို ပြားရည်စမ်းခရီးသဖွယ်
ကျွန်းတစ်ကျွန်းအား အတူသွားခဲ့သည်။
ထို ့ကြောင့် ကျွန်တော်တို ့နှစ်ယောက်ချစ်သူသက်တမ်းသည် ၇ရကျ ဆိုသော်ငြား ၇နှဈဟုတငျစား၍ ရပါသည်။
သူ နှင့်တွေ ့ရသည့် ရက်တစ်ရက်တိုင်းအား နှစ်တစ်နှစ်ဟု ယူဆပါမည်။
ကျန်သေးသည့်အရာကတော့ သူနှင့် လက်ထပ်ရန်သာ။
ကံအကြောင်းမလှစွာ ကျွန်တော့်ချစ်ရသူက ရန်ခုန်လွန်း၍
အောက်စီဂျင် ပျက်ကာ သတိလစ်ရသည်အထိပင်။

Secret bucket list 📖(completed)Onde histórias criam vida. Descubra agora