Unicodeတစ်နေ့တာ အတွက် ဝမ်းနည်းသောငိုရှိုက်သံ ဝမ်းသာကြည်နူးသော ရယ်မောသံတို ့အား လက်ခံပေးသည့် ထိုကျွန်းလေးအား စွန့်ခွာရတော့မည်။
မစွန့် ခွာမှီ တည်း ခဲ့သော
Hotel နှင့် ကျွန်းတစ်ပတ် လည်အား တမိန်းတမော ကြည့်နေမိသည်။ဆောင်းလေ အေးအေး ကရိုက်ခတ်လာသည်မို ့အရိုးထဲ ထိ စိမ့်အောင် ခိုက်ခိုက်တုန်ရသည်။
မျက်ဝန်း နှစ်ဖက် အား မှိတ်ကာ နှင်းစက်တို ့၏ အေးစက်စက် အထိ အတွေ ့အား မှတ်သား နေလိုက်သည်။
တစ်ချက်တစ်ချက် ပါးပြင်ပေါ်သို ့ကျရောက်လာသည့် နှင်းမှုန်တို ့ သည် အဆိုင်အခဲ အဖြစ်ကျရောက်ပြီး တစ်ခဏ အကြာတွင်အရည်အဖြစ်သို ့ပြောင်းမည်။
ထို ့နော်တွင် အငွေ ့ဘဲ ပြန်သွားမလား ၊ လေနှငျ့အတူ သယ်ဆောင်ရာ လိုက်မလား။
စတင် ခြင်း နှင့် အဆုံးသတ်ခြင်းသည် ပုံသဏ္ဍာန် ကဲှဲပွားကာ မြန်ဆန်၏။ အစရှိခဲ့လျင် အဆုံးသည် သေချာပေါက်ရှိလိမ့်မည်။ သို ့သော် အစ နှင့် အဆုံးကြား ပေးစွမ်းသော ခံစားချက် အေးစက်စက်ကိုသာ သတိပြုမိကြသည်။စတွေ ့ခဲ့သည် ။ တစ်နေ့တွင် အဆုံးသတ်ရှိလိမ့်မည် ။
သို ့သော် အစ နှင့် အဆုံးကြား ရှိ ကိုယ်တို ့ခံစား ချက် များသည်တော့ အေးစက်မနေခဲ့ပါ။ နွေးထွေးသည်။ ကြည်နူးရသည်။ ပျော်ရွှင်ရသည်။
အဆူံး ရောက်၍ အခြားတစ်ဖက်၌ သတိရစရာ များသည် ဤပျော်ရွှင်စရာ ခံစားချက်များဖြစ်မှာမို ့ အလွမ်းဖြစ်ခဲ့ရင်တောင် နွေးထွေးပါလိမ့်မည်။မျက်နှာရှေ ့ ဝေ့ရမ်း လာသော လက်တစ်စုံ ၏ အနွေး ဓာတ်ကြောင့် သဘောတကျ ပြုံးမိသည်။
မျက်ဝန်းတို ့ဖွင့်ကြည့်သည် နှင့် တွေ ့မြင်ရမည့် သူ ့မျက်နှာလေးအား မြင်ယောင် ကြည့်မိသည်။
ပါးချိုင့်သေးသေးလေးတွေပေါ်အောင် သူပြုံးနေမှာလား၊ စိတ်မရှည်သည့်အမူအရာနှင့် နှုတ်ခမ်းဆူနေမလား၊ ဒါမှမဟုတ် ဒီလူပေါကြောင်ကြောင် တွေဘာကြောင့်လုပ်နေသလည်း ဆိုပြီး စူးစမ်းနေမလား။
သူဘယ်ပုံစံ ရှိနေနေ သိပ်ချစ်စရာ ကောင်းနေမည်ကိုတော့ ကိုယ်အသိဆုံးပင်။
သိပ်ချစ်၍ သူသည် သိပ်လှနေမှာပင်။"". .hyung. ..'''
အနူးညံ ့ဆုံး သူ ့အသံလေး ကနားထဲ ညင်သာစွာဝင်၏။
ဘာမှ ပြန်မပြောတော့ဘဲ သူ ့ပုခုံးပေါ်ခေါင်းတင်ကာ
သူ ့လည်တိုင် ဖှေးဖှေး အား နှစ်သက်စွာ နမ်းရှိုက် လိုက်တော့ သူသည် သဘောတကျ ရယ်ပြန်သည်။
အမွှေးအကြိုင်များ စွတ်ထားခြင်း မရှိသည့် သူ ့မူပိုင် ရနံ ့လေးသည် သုံးဖူးသမျှ ရေမွှေးများထက် မွှေး၏။
ချစ်ရသူ၏ အငွေ ့အသက် တို ့အား တစ်ဝကြီး မှတ်ထားရမည်။

STAI LEGGENDO
Secret bucket list 📖(completed)
FanfictionSope ကျနော်က စချစ်ခဲ့ပြီး ကျနော်ဘဲဆက်ချစ်သွားချင်တာ ဒါပေမဲ့ hoseok မင်းနဲ့အတူရှိခဲ့တဲ့အချိန်တွေကငါ့ဘဝတစ်ခုလုံးမှာအပျော်ရွှင်ဆုံးအချိန်တွေပါ Yoongi Clearly fanfiction Start date -24.10.2020 End date-31,1,2021