"ဝမ်လေး ရောက်လာပြီလား"
"ဟုတ်ကဲ့ ရှောင်မား ကျန့်ရော အိပ်ယာမထသေးဘူးလား"
"အေးကွယ် ရှောင်းလေးကို သားပဲသွားခေါ်နှိုးလိုက်ပါတော့"
ဝမ်ရိပေါ်လည်း ရှောင်းအိမ်တော်ရဲ့ အပေါ်ထပ်ကို တက်လာပြီး လှေကားအဆုံးမှာ ညာဘက်ကိုကွေ့၍ ခြေလမ်း ဆယ်လမ်းလောက်လှမ်းပြီး အနီရောင်တံခါးလေးရှေ့ရောက်တဲ့အခါ တံခါးကို ဖွင့်၍ အခန်းထဲသို့သွားပြီး ရှောင်ကျန့်အားနှိုးလိုက်သည်။
"ကျန့်"
"..."
"ကျန့်ကျန့်!"
"..."
"ရှောင်ကျန့်!!"
"..."
"ရှောင်းရှောင်ကျန့်!!!!"
"အွန်း..မား ငါးမိနစ်လောက် အိပ်အုံးမယ်"
"ရှောင်ကျန့် ငါမင်းမားမဟုတ်ဘူး"
"..."
"ရှောင်ကျန့် မင်းပဲ ရုပ်ရှင်သွားကြည့်မယ်ဆို"
"ဟုတ်သားပဲ ခဏပဲစောင့် ရိပေါ်"
သကောင့်သားက ရုပ်ရှင်ကြည့်မယ်ဆိုတော့ ချက်ချင်းထလာသားပဲ။
"ဘုန်း!!!"
ရှောင်ကျန့်မှာ ကုတင်ပေါ်ကအဆင်း စောင်နဲ့ခြေထောက်နဲ့ ညှိပြီး ကြမ်းပြင်ပေါ်သို့ ဝမ်းလျားမှောက်ကြလေသည်။ သို့သော် ချက်ချင်းပြန်ထ၍ ရိပေါ်အား သွားဖြဲပြပြီး ရေချိုးခန်းထဲသို့ ပြေးသွားလေသည်။
ဝမ်ရိပေါ်မှာ ရှောင်ကျန့်အား ခေါင်းခါပြီး ပြုံး၍သာကြည့်နေတော့သည်။ ဝမ်ရိပေါ်အတွက် ဤမြင်ကွင်းမှာ ရိုးနေပြီလေ။ ငယ်ငယ်ထဲက ရှောင်ကျန့်နဲ့ ပေါင်းလာသဖြင့် ရှောင်ကျန့်၏အကြောင်းအား ရှောင်ကျန့်မားထက်ပို၍ပင် သိနေသေးသည်။ ဝမ်ရိပေါ် ရှောင်ကျန့်နှင့် စ၍တွေ့သည့်အချိန်ကိုပြန်လည် တွေးတောမိလိုက်သည်။
................................
ဝမ်ရိပေါ်သည် ဝမ်အိမ်တော်သို့ ဧည့်သည်လာမယ်ကြားသဖြင့် အဝတ်အစားများလဲနေချိန် ဝမ်မားရောက်လာပြီး
"သားဝမ်လေး ညနေကျရင် ရှောင်းအိမ်တော်ကသူတွေ လာလိမ့်မယ်။ သူတို့မှာ သားနဲ့ ရွယ်တူ သားလေးတစ်ယောက်ရှိတယ်တဲ့ သားနဲ့လည်း တစ်ကျောင်းထဲပဲလေ။ အတန်းတော့မတူဘူး။ သားသူနဲ့သူငယ်ချင်းလုပ်ကြည့်ပါလား။ သားမှာလည်း သူငယ်ချင်းမရှိဘူးလေ"
YOU ARE READING
My Love Is My BFF
Fantasyငယ်ငယ်ထဲက ခင်မင်လာတဲ့ သူငယ်ချင်းဖြစ်သူရှောင်ကျန့်ကို ချစ်မိသွားတဲ့ ဝမ်ရိပေါ်။ ဝမ်ရိပေါ်ကို ချစ်နေပေမဲ့ ဖွင့်မပြောဘဲ သူငယ်ချင်းဖြစ်သူကို အလွန်ဂရုစိုက်တဲ့ ရှောင်းရှောင်ကျန့်။ မိဘတွေက သူတို့နှစ်ယောက်ရဲ့ စိတ်တွေကိုသိနေတဲ့အခါ ဘယ်လိုတွေ အောင်သွယ်ပေး...