ရှောင်ကျန့်သည် ဘေးနားက မူးရူးပြီး မှောက်နေသည့် သူငယ်ချင်းတွေကို ကြည့်၍ ခေါငခါလိုက်သည်။ ရိပေါ်ကို ကြည့်လိုက်သော်လည်း ရိပေါ်မှာ ဘာတွေတွေးနေမှန်းမသိ ခေါ်နေတာလည်း မကြားတာမို့ ရိပေါ်ရှေ့မှာ ချထားတဲ့ ဝိုင်ခွက်ကို မော့ချလိုက်သည်။
သောက်ပြီး ချက်ချင်းပင် လူတစ်ကိုယ်လုံးပူထူလာပြီး တစ်စုံတစ်ခုကို လိုချင်နေသည်။ တစ်ပြိုင်နက် သူဆေးခတ်ခံလိုက်ရပြီ ဆိုတာကို ရှောင်ကျန့်သိလိုက်ပြီး ရိပေါ်အားကြည့်လိုက်သည်။
ဒါပေမယ့် သူစိတ်ထိန်းပြီး သန့်စင်ခန်းသွားမယ်ဆိုလို့ ရိပေါ်ကို ပြောပြီးထွက်လာခဲ့သည်။ သန့်စင်ခန်းလည်းရောက်ရော တံခါးပိတ်မယ်လုပ်တော့ တစ်စုံတစ်ယောက်က တံခါးကို လက်ဖြင့်တားဆီးလိုက်တော့ ဒေါသတကြီး မော့ကြည့်လိုက်ရော တွေ့လိုက်ရသည့် သူမှာ.....…
…………………………………………………………………ရှောင်ကျန့်သည် ရိပေါ်အား ရီဝေဝေ ဖြင့်ကြည့်လိုက်သည့်အခါ ရိပေါ်၏ ကမ္ဘာကြီး ရပ်တန့်သွားသလိုခံစား လိုက်ရသည်။ ပြီးတော့ သန့်စင်ခန်းသွားမယ်ဆိုပြီး ထွက်သွားသော သူ့ကြောင့် ခုနက ဝိုင်လာချပေးသောwaiterကိုခေါ်ပြီး ဘယ်သူလုပ်ခိုင်းတာလဲမေးတော့ လူမှားပြီးလာပေးကြောင်းနှင့် ဒီဆေးမှာ နွေဉီးလိုအင်ဆေးဖြစ်ကြောင်း ပြောတော့ ၀မ်ရိမှာ မျက်လုံးပင် ပြူးကျယ်ကုန်သည်။
ဒီဆေးမှာ တစ်နာရီအတွင်း လိုအင်ကို မဖြည့်စီးနိုင်လျှင် ရူးသွားနိုင်သည်။ ထို့ကြောင့်ရိပေါ်သည် waiterအား အခန်းတစ်ခန်းမှာ၍ သန်စင်ခန်းသို့ အမြန်သွားလိုက်သည်။ သန့်စင်ခန်းလည်းရောက်ရော ရှောင်ကျန့်မှာ တံခါးကို ပိတ်မလို့လုပ်တုန်း ရိပေါ်သည် တံခါးပားလက်ဖြင့်ခံ၍ တားဆီးလိုက်သော် ဒေါသတကြီး ကြည့်လာသည့် မျက်ဝန်းလှလှလေးများဖြင့် ကြုံလိုက်ရသည်။
ရိပေါ်သည် အချိန်မဆွဲတော့ပဲ ရှောင်ကျန့်၏ နှုတ်ခမ်းများအား ပြင်းရှရှအနမ်းပေးလိုက်သည်။ ရှောင်ကျန့်မှာ အစတုန်းက ရုန်းနေသော်လည်း နောက်ပိုင်းမထိန်းနိုင်တော့ပဲ အနမ်းများအား ပြန်လည်တုန့်ပြန်လာသည်။
YOU ARE READING
My Love Is My BFF
Fantasyငယ်ငယ်ထဲက ခင်မင်လာတဲ့ သူငယ်ချင်းဖြစ်သူရှောင်ကျန့်ကို ချစ်မိသွားတဲ့ ဝမ်ရိပေါ်။ ဝမ်ရိပေါ်ကို ချစ်နေပေမဲ့ ဖွင့်မပြောဘဲ သူငယ်ချင်းဖြစ်သူကို အလွန်ဂရုစိုက်တဲ့ ရှောင်းရှောင်ကျန့်။ မိဘတွေက သူတို့နှစ်ယောက်ရဲ့ စိတ်တွေကိုသိနေတဲ့အခါ ဘယ်လိုတွေ အောင်သွယ်ပေး...