ရှောင်ကျန့် အိပ်ယာလည်းနှိုးရော တစ်ယောက်ယောက်က သူ့ကိုအနောက်ကနေ ဖတ်ထားတာကို ခံစားမိလို့ အနောက်လှည့်ကြည့်ဖို့ လှုပ်လိုက်တော့ ခါးအောက်ပိုင်းက တစ်ဆစ်ဆစ်နဲ့ နာကျင်လာသည်။ ရှောင်ကျန့်သည် မျက်လုံးများပြူးသွားပြီး ခြုံထားသည့် စောင်ကို အလှန့်တကြား လှန်ကြည့်မိတော့ အနောက်ကထိုလူရော မိမိရောမှာ အ၀တ်အစားများ မရှိသည်ကို တွေ့လိုက်ရသည်။
ရှောင်ကျန့်သည် ခေါင်းအား ဖြည်းဖြည်းချင်းဆီ လှည့်၍ အနောက်ကို လှည့်ကြည့်လိုက်သည်။ သူတွေ့လိုက်ရသည့် သူမှာ သူငယ်ငယ်တည်းက crushခဲ့ရသူ သူ၏ သူငယ်ချင်း
ဝမ်ရိပေါ်ဖြစ်နေသည်။ရှောင်ကျန့်သည် ပျော်ရွှင်သွားသော်လည်း တစ်ဆက်တည်း ၀မ်းနည်းမှုကိုပါ ခံစားလိုက်ရသည်။
ပျော်ရွှင်မှုကို ခံစားလိုက်ရခြင်းမှာ သူနှင့်ညက အတူနေခဲ့သူမှာ တစ်ခြားသူ မဟုတ်ပဲ ၀မ်ရိပေါ်ဖြစ်နေသည်က တစ်ကြောင်း ၀မ်ရိပေါ်မှာ သူငယ်ငယ်တည်းက သဘောကျခဲ့ရသည့် သူ၏ အချစ်ဉီးဖြစ်နေခြင်းကြောင့်ဖြစ်သည်။
ဝမ်းနည်းမှုမှာတော့ ၀မ်ရိပေါ်က သူ့ကိုမချစ်ပဲ ဒီတိုင်း မိမိဆေးမိနေတာ ဖြစ်ကြောင်းသိသဖြင့် ကူညီလိုက်သည်ဟု တွေးမိလိုက်သည်နှင့် ၀မ်းနည်းသွားကာ မျက်ရည်များ ဝဲလာတော့သည်။
"ကျန့်ဘာဖြစ်လို့လဲ"
.....................................................………တကယ်တော့ ရိပေါ်သည် ရှောင်းကျန့်မနိုးခင်တည်းက နိုးနေတာဖြစ်သည်။ ရှောင်ကျန့်၏ နှိုးနေတာ ဖြစ်ကြောင်းသိတော့ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
ရှောင်ကျန့်၏ စောင်လှန်ကြည့်ပြီး မိမိဘက်အား လှည့်ကြည့်လာသည်ကို လည်းသိသည်။ ပြီးတော့ မိမိအား ကြည့်၍ ပျော်သွားသလိုလုပ်ပြီး ၀မ်းနည်းသလိုလည်း မျက်နှာလးငယ်သွားသေးသည်။ ပြီးတော့ မိမိအား ကြည့်နေသည် မျက်ဝန်းထဲတွင် ပုလဲလုံးလေးများ ဝေ့သီနေတာ တွေ့သောအခါ ဆက်ဟန်မဆောင်နိုင်တော့ပဲ အလန့်တကြားမေးသည့်အခါ ရြှိုက်ကြီးတငင် ငိုလာသည်။ ထို့ကြောင့် ကျန့်၏ကိုယ်လေးအား မိမိဘက်သို့ လှည့်၍ ရင်ခွင်တည်းသို့ ထည့်ထားလိုက်သည်။
YOU ARE READING
My Love Is My BFF
Fantasyငယ်ငယ်ထဲက ခင်မင်လာတဲ့ သူငယ်ချင်းဖြစ်သူရှောင်ကျန့်ကို ချစ်မိသွားတဲ့ ဝမ်ရိပေါ်။ ဝမ်ရိပေါ်ကို ချစ်နေပေမဲ့ ဖွင့်မပြောဘဲ သူငယ်ချင်းဖြစ်သူကို အလွန်ဂရုစိုက်တဲ့ ရှောင်းရှောင်ကျန့်။ မိဘတွေက သူတို့နှစ်ယောက်ရဲ့ စိတ်တွေကိုသိနေတဲ့အခါ ဘယ်လိုတွေ အောင်သွယ်ပေး...