Part-14

343 46 4
                                    

       ဒီနေ့နဲ့ဆိုတစ်ပတ်ရှိပြီ chanအခုထိသတိရမလာသေးဘူး။baekhyunမှာလည်းနေ့တိုင်းငိုနေလို့ နေမကောင်းတောင်ဖြစ်ရတဲ့ထိ။နောက်ဆုံးchanyeolရဲ့အမေက baekhyunကိုအိမ်မှာခဏပြန်နားပါအုံးပြောမှအိမ်မှာပြန်အိပ်ခဲ့တာ။ဒါတောင်တစ်နေ့မှာ12နာရီကျော်ကျော်လောက်ကchanyeolဘေးမှာပဲသူအချိန်ကုန်နေခဲ့တာ
       ဒီနေ့လည်းအိပ်ယာကနိုးတော့chanyeolဆီသွားဖို့ပြင်ဆင်ပြီးထွက်လာခဲ့တယ်။ဆေးရုံအခန်းရှေ့အရောက် အခန်းထဲကထွက်လာတဲ့ဆရာဝန်အုပ်စုလိုက်ကြီးနဲ့တွေ့ပါလေရော။ ဆရာဝန်ကြီးရဲ့ ဂုဏ်ယူပါတယ်baekhyun လူနာပြန်သတ်ရလာပါပြီ လို့ပြောလိုက်တဲ့စကားအဆုံးအခန်းထဲပြေးဝင်ပါလေရော။

        "Hyungကဘယ်သူလဲ"

      ဝမ်းသာလွန်းလို့မျက်ရည်တွေကျနေပြီးchanကိုပွေ့ဖက်ထားချင်စိတ်ကြောင့်ကုတင်နားပြေးသွားပေမယ့် ခပ်အေးအေးမေးလာတဲ့စကားကြောင့်ခြေလှမ်းတို့ကအလိုလိုရပ်သွားရသည်။
   
        "Baekလေ chanရဲ့ baekhyunneeလေ မမှတ်မိတော့ဘူးလားဟင် baekကိုမနောက်နဲ့ကွာ"

        "ဘယ်က baekhyunneeလဲဗျ မေမေသားအဲ့အကိုကြီးကိုသိလားဟင်"

        "အဲ့တာသားရဲ့ချစ်သူလေ သားသိပ်ချစ်တဲ့သားချစ်သူ"

     Baekhyunကတော့မျက်ရည်တွေကျနေလေပြီ။ဒီအခြေအနေကြီးက မဟုတ်မှလွဲရော chan အတိတ်မေ့နေတာမဟုတ်ဘူးမှတ်လား?

        "ဟားဟားဟား မေမေကလည်း လာစနေသေးတယ် သူကယောကျ်ားလေးလေ သားကတွဲစရာလား ငါကstrainghtကို သားကျောင်းမှာလည်းသူ့ကိုမတွေ့မိပါဘူးနော်"

        "ဟင့် ဟင့်အင်း chanက baekရဲ့ချစ်သူလေ ပြန်စဥ်းစားကြည့်ပါအုံးchanရယ်"

       အရေးပေါ်ခလုတ်ကိုနှိပ်လိုက်သည်ကြောင့်ဆရာဝန်တွေကပြန်ရောက်လာသည်။အကျိုးအကြောင်းပြောပြလိုက်တော့စစ်ဆေးမှုအပြီး

      "လူနာကဦးခေါင်းပြင်းထန်ဒဏ်ရာကြောင့်အတိတ်မေ့သွားခဲ့တာပါ အခုသူ့ဦးနှောက်ကသူ့ကိုယ်သူတက္ကသိုလ်ပထမနှစ်ကျောင်းသားအဖြစ်ပဲထင်နေတာပါ ပျောက်ကင်းနိုင်ခြေကတော့လူနာအပေါ်မှာမူတည်ပါတယ် ကျွန်တော်တို့ဘက်ကလည်းအကောင်းဆုံးကြိုးစားပေးပါ့မယ်"

𝙁𝙤𝙧 𝙖 𝙙𝙖𝙮♡(unicode+zawgyi)CompleteWhere stories live. Discover now