Part(9)

358 50 0
                                    

          "Baek! Baekhyunnnnn..."

       Baekhyun အအေးဝယ်နေရင်းအနောက်မှခေါ်သံကြားလို့လှည့်ကြည့်လိုက်မိတော့ မတွေ့ချင်လို့ရှောင်နေသောသူ

         "Aww...chanyeol shi အအေးလာဝယ်တာပဲလား?"
     ဟန်ဆောင်ပြီးပဲဖြစ်ဖြစ်နှုတ်ဆက်လိုက်ရသည်လေ လူမှုကျင့်ဝတ်ဆိုတာရှိသည်မှတ်လား?

          "ဟုတ်တယ် baekhyunရော အအေးလာဝယ်တာပဲလား ဟိုလေ အချိန်ရမယ်ဆိုကျွန်တော်တို့စကားခဏလောက်ပြောကြရအောင်လား?"

          "ဟုတ် ရပါတယ် ပြောလေ"

         Chanyeolတို့အအေးဆိုင်မှာပဲထိုင်လိုက်တော့သည်
       ကိုယ့်အချစ်တွေကိုဝန်ခံခွင့်ပြုပါbaek ကိုယ် ကိုယ်တိုင်တောင်မသိလိုက်ခင်မှာတင် baekကိုနက်နက်ရှိုင်းရှိုင်းချစ်မိနေတာကြောင့်ပါ

           Chanyeol အတွေးထဲမှာပဲပြောလိုက်ပြီးလက်တွေ့မှဖွင့်ပြောဖို့ကြိုးစားလိုက်တော့တယ်

        "Baekhyun စိတ်ဆိုးလည်းခံပါ့မယ် baekhyunကိုမြင်ရင်ကျွန်တော်ရင်ခုန်တယ် baekhyunကအားနွဲ့တဲ့သူမဟုတ်မှန်းသိပေမယ်​့ baekအရှေ့ကနေ ကိုယ်ကာကွယ်ပေးချင်တယ် baekကိုမတွေ့ရရင်လွမ်းမိတယ် baekအတွက်ဆိုအရာရာကိုစွန့်လွှတ်နိုင်တယ်လို့လည်းထင်တယ် ကိုယ်သေချာစဥ်းစားပြီးပါပြီ အခုကိုယ်ဖြစ်နေတာတွေကသာ အချစ်လို့သတ်မှတ်နိုင်တယ်ဆို ကိုယ်မင်းကိုချစ်တယ် baek ရင်ထဲကနက်နက်ရှိုင်းရှိုင်းချစ်မိတာပါ အပျော်သက်သက်မဟုတ်တာသက်သေပြနိုင်ပါတယ် I do love you baek"

            Baekhyunရင်ခုန်မိသည် သူ့မျက်လုံးကိုတည့်တည့်ကြည့်ပြီးပြောနေတဲ့ ကြည်နူးမှုတွေလွှမ်းခြုံနေတဲ့ chanyeolရဲ့ မျက်လုံးဝိုင်းဝိုင်းတွေ...နှုတ်ခမ်းထူထူလေးတွေကြောင့် သူရင်ခုန်မိတာဝန်ခံပါတယ်

         ကျွန်တော်ခင်ဗျားကိုရင်ခုန်မိပါတယ် chan ဒါမယ့် အရင်ကအတိတ်ကြောင့် ကျွန်တော် ယုံကြည်ဖို့ခက်ခဲနေတာကိုတော့ နားလည်ပေးပါ

           "ကျွန်တော် ငြင်းပါရစေ chanyeol အမှန်အတိုင်းပြောရရင် ကျွန်တော်ယုံကြည်ပေးဖို့ကြောက်နေမိတာပါ အရင်ကအတိတ်ကြောင့် ကျွန်တော် လွယ်လွယ်နဲ့အချစ်ကိုမယုံကြည်ရဲတော့ဘူး အရင်လူလိုပဲ လိုချင်တာရရင် စွန့်ပစ်သွားမယ် လို့ပဲထင်နေမိတယ် ဒါကြောင့် ကျွန်တော်chanyeolကိုငြင်းပါရစေ"
       
         "မဟုတ်သေးဘူး baek ကိုယ်ပြောမယ် baekရဲ့အတိတ်ကအကြောင်းတော့ကိုယ်မသိပေမယ့် တစ်ခုတော့ပြောပါရစေ အရင်ကအရွေးမှားခဲ့တဲ့လူတစ်ယောက်ကြောင့် ကျန်တဲ့လူအားလုံးကိုသူ့လိုမမှတ်လိုက်ပါနဲ့ ဥပမာ-ခြင်းတစ်ခြင်းထဲကအသီးတစ်လုံးပုပ်နေတာနဲ့အဲ့တစ်ခြင်းလုံးမှာရှိတဲ့အသီးအားလုံးပုပ်တာမှမဟုတ်တာ ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုပ်ဆိုတဲ့ဆိုရိုးရှိတာမှန်တယ် ဒါမယ့် အဲ့စကားပုံကနေရာတိုင်းမှာမှန်မနေဘူးလေ အတိတ်ကအကြောင်းအမျိုးမျိုးကြောင့်ဖြစ်ခဲ့တဲ့ကိစ္စတစ်ခုနဲ့တော့ တဂယ့်လူမှန်တွေကို မပစ်ပယ်လိုက်သင့်ဘူးလို့ကိုယ်ထင်တယ် ကျန်တာကတော့baekဘာသာစဥ်းစားဆုံးဖြတ်ပါ baekရဲ့ဆုံးဖြတ်ချက်တိုင်းကိုအလေးထားတာမို့ baekဘာကိုပဲဆုံးဖြတ်ဆုံးဖြတ် ကိုယ်နာခံမှာပါ baekကြိုက်တဲ့အချိန်ထိဆုံးဖြတ်ပါ အခုတော့ကိုယ့်ကိုခွင့်ပြုပါအုံး"

𝙁𝙤𝙧 𝙖 𝙙𝙖𝙮♡(unicode+zawgyi)CompleteDonde viven las historias. Descúbrelo ahora