"ဒါဆိုသူက ကျွန်တော့်ချစ်သူပေါ့?"
"ဟုတ်တယ်လေ chan baekတို့ကလက်ထပ်ဖို့ထိတောင်ရည်ရွယ်ခဲ့ကြတာလေ"
"အော် ဟုတ်မှာပါ ကျွန်တော်baekhyunကိုရင်းနှီးတယ်လို့ခံစားရပါတယ်"
ကျွန်တော်?baekhyun? ငါ့ရင်ကိုအစိမ်းလိုက်များဓားနဲ့မွှန်းနေသလားchanရယ်....
အခုဆေးရုံခန်းလေးအတွင်းchanyeolမေ့နေခဲ့တဲ့အတိတ်ကအကြောင်းတွေကိုbaekhyunနဲ့Mrs.parkတို့ကရှင်းပြနေကြခြင်းဖြစ်သည်။chanyeolသတိရလာတာဒီနေ့နဲ့ဆိုသုံးရက်လောက်ရှိပြီဖြစ်သည်။ ပိုဆိုးတာတစ်ခုက chanyeolက24hoursကျော်သွားပြီးနောက်ရက်အိပ်ယာကနိုးလာတာနဲ့အရင်နေ့ကအကြောင်းတွေမေ့ပြီးသူသတိရစကလိုမျိုးပြန်ပြောပါသည်။baekhyunတို့မှာတော့ဝမ်းနည်းခြင်းများစွာနဲ့ပေါ့။chanyeolအမေဆိုထိုအကြောင်းသိသိချင်းကငိုရင်းသတိတောင်လစ်ခဲ့ရသည်အထိ။
"အဲ့တာဆိုကျွန်တော်နဲ့baekနဲ့ကချစ်သူတွေဆိုတာယုံပါပြီ အရင်လိုပဲခေါ်ပြောကြရအောင်နော်"
အခုchanyeolကိုဒီအကြောင်းတွေရှင်းပြရသည်က ဆရာဝန်ကြီး၏ညွှန်ကြားချက်ကြောင့်သာ။လူနာကိုအရင်အကြောင်းတွေပြောပြောပေးရင်ကြန်သတိရလာနိုင်ချေရှိသည်ဆိုသောကြောင့်။
>>>>>>>>>>>>>>>>>>>>"သတို့သားpark chanyeolနဲ့သတို့သားpark baekhyunတို့ကအကြင်လင်ခင်ပွန်းဖြစ်သွားကြပါပြီ"
ဘုန်းတော်ကြီး၏စကားအဆုံးbaekhyunနှဖူးပေါ်ကျရောက်လာသည့်အနမ်းတစ်ပွင့်။ဒီနေ့ဟာchanyeolဆေးရုံကဆင်းပြီးခြောက်လအကြာတွင်ဖြစ်သည်။တစ်နေ့တာကိုနောက်တစ်ရက်ကူးသွားရင်မမှတ်မိတော့သောchanyeolကိုbaekhyunဘယ်လိုမှစိတ်မချနိုင်ပါ။ထို့ကြောင့်လည်းအခုလိုလက်ထပ်လိုက်ခြင်းဖြစ်သည်။
"Hey park chanyeol ငါကမနေ့ကမင်းပဲ မင်းနားမလည်လောက်ပေမယ့် ရှင်းအောင်ပြောရရင် ငါကမင်းပဲကွာ အတိတ်ကမင်းပေါ့ မနေ့ကငါကမင်းပဲ အာ...ရှုပ်နေတာပဲ ထားတော့ chanyeol..... မင်းကမနေ့ကအကြောင်းတွေကိုမှတ်မိမှာမဟုတ်ဘူး အဲ့တော့ဒီနေ့ငါကမနက်ဖန်ကမင်းကိုပြောပြမယ် မင်းမှာpark baekhyunဆိုတဲ့ယောကျ်ားတစ်ယောက်ရှိတယ် မင်းကသူ့ကိုသိပ်ချစ်သလိုသူကလည်းမင်းကိုသိပ်ချစ်ကြတာ ငါလညအစကမယုံခဲ့ဘူး hk ရယ်ရတယ်နော် ဒါမယ့်လေ ငါ့နှလုံးသားကတော့ဟုတ်ကြောင်းပြောပြခဲ့တယ် အရင်ကchanyeolက baekhyunကိုဘယ်လိုပုံစံနဲ့ချစ်လဲမသိပေမယ့် မနက်ဖြန်တိုင်းကchanyeolကတော့ အကောင်းဆုံးချစ်ပေးပါ့မယ်နော်ကိုယ့်ရဲ့baekhyunee aww....မနက်ဖန်ရဲ့chanyeolရေ မနက်ဖန်ကျရင်လည်းငါ့baekhyuneeလေးကိုသေချာဂရုစိုက်ပေးရမယ်နော်ကြားလား?"
YOU ARE READING
𝙁𝙤𝙧 𝙖 𝙙𝙖𝙮♡(unicode+zawgyi)Complete
Romance"မင်းသတိမရတော့တဲ့နေ့တိုင်းမှာလည်းမင်းကိုချစ်တဲ့အကြောင်းတွေပြောပေးမယ်chan..."