Chapter 1

8.1K 669 50
                                    

Unicode

Gao Quisheng တစ်ယောက် ဒီနေ့မှရောက်လာတဲ့ အဖွဲ့ဝင်သစ်တွေကို ငွေစက္ကူအတု နဲ့ အစစ်ခွဲပုံ ခွဲနည်း ပြနေစဉ်မှာပဲ ဂိုဒေါင်တံခါးဟာပွင့်လာတာ ကျယ်ကျယ်လောင်လောင်။

ဆူဆူညံညံနဲ့ဝင်လာလိုက်ကြတာ မသိရင် လူအယောက်၂၀လောက်ဝင်လာတဲ့အတိုင်း...တကယ်တမ်းက ရယောက်တည်း။
ပွေ့ချီခြင်းကိုခံလာရတဲ့ ခန္တာကိုယ်ကတော့ အသံမထွက် ငြိမ်သက်လို့။
ခေါင်းမှာစွပ်ထားတဲ့ အဝတ်အိတ်ကြောင့် မျက်နှာကိုမမြင်ရပေမယ့် မလှုပ်မယှက် ငြိမ်သက်နေပုံအရ သတိမေ့နေတယ်ထင်ရဲ့။

လူသစ်တွေကို ကိုယ့်နေရာ ကိုယ်ပြန်သွားခိုင်းလိုက်ပြီး ဒီဆူညံနေတဲ့အဖွဲ့ဆီအပြေးသွားမိတယ်။

'ဒါ ဘာလဲ'

ထိုသူကိုပွေ့ချီထားပြီး လက်အောက်ငယ်သားတွေကို ခုံတစ်ခုံနဲ့ ကြိုးတွေယူလာဖို့ အမိန့်ပေးနေလေတာက Xu Sujinshu။

'ဒီတစ်ခေါက်တော့ အချီကြီးပဲ ငါတို့တွေ အဆင့်တက်ဖို့သေချာနေပြီ'

ရယ်ကျဲကျဲနဲ့ လှည့်ပြောတဲ့ Sujinshu က သိပ်ကိုတက်ကြွလို့ စိတ်လှုပ်ရှားနေဟန်။

မျက်မှောင်ကြုံ့လိုက်ရင်း သတိမေ့နေတဲ့ ခန္တာကိုယ်အနားသွားလို့ ခေါင်းပေါ်က အဝတ်အိတ်ကိုဆွဲချွတ်လိုက်မိတော့......

'မင်း ရူးနေပြီလား'

SuJinshu ရဲ့ အင်္ကျီကော်လာကိုဆွဲဆုပ်ရင်း မေးတော့ ပြာပြာသလဲနဲ့ ဖြေရှင်းချက်ထုတ်တယ်။

'Boss- Boss ခိုင်းတာ'

'ဘာပြောတာ'

'Zhao Huyang ကိုယ်တိုင် အမိန့်ပေးတာ တကယ်'

ရှုပ်ထွေးလာတဲ့ စိတ်အစဉ်တို့ကြောင့် လက်ထဲက ကော်လာစကို ပိုတင်းအောင် ဆုပ်ကိုင်လိုက်ပြီးမှ ခပ်ကြမ်းကြမ်းဆောင့်တွန်းပစ်လိုက်တယ်။

'ဘာဖြစ်တာလဲ ဆရာ'

သူ ဒေါသတကြီးနဲ့ ဂိုဒေါင်တစ်ဖက်အစွန်ကို လှည့်ထွက်လာတာကိုမြင်တော့ လူသစ်ကောင်လေးတွေထဲကတစ်ယောက် Huang Zhunan ကို အပြေးလိုက်လာရင်းမေးတယ်။

'ငါတို့တွေ သွေးပင်လယ်ဝေတော့မယ်'

Zhunan က မေ့မြောနေတဲ့ ထိုလူကို လည်ပြန်ကြည့်တယ်။

Ruby & Gold (Translation)Where stories live. Discover now