Chapter 3

4.1K 520 13
                                    

unicode

ပြောထားတဲ့စကားအတိုင်းပဲ Xiao Zhan က Yibo ကို သူ့ရဲ့ security ခေါင်းဆောင် Ayanga ဆီကိုအပ်ပေးခဲ့တယ်။

Focus ကောင်းလွန်းတဲ့ Yibo ဟာ training ဝင်ပြီးလပိုင်းအတွင်းမှာပဲ အဖွဲ့ရဲ့ အထူးချွန်ဆုံး အဆိပ်အပြင်းဆုံးအဖွဲ့ဝင်ဖြစ်ကောင်းဖြစ်နိုင်ရဲ့လို့ သတ်မှတ်ခံရလေရဲ့။
သေနတ်အမျိုးအစားတော်တော်များများကို ကျွမ်းကျင်စွာကိုင်နိုင်ပြီး အင်မတန်ကိုလက်ဖြောင့်သလို ဓားရေးမှာလည်း မှန်မှန်နဲ့မြန်နြန်ကို လက်ရည်တက်တယ်။
ခန္တာကိုယ် အချိုးအစားအရ သန်မာလှတယ်မဟုတ်ပေမယ့် သူက အဲ့ဒီအချက်ကိုပဲသုံးလို့ သူ့ထက်ထွားကြိုင်းတဲ့လူတွေကို အသာလေး ယှဉ်နိုင်တယ်။
သူ့ထက်ခန္တာကိ်ုယ်နှစ်ဆရှိတဲ့ လူနဲ့စီးချင်းထိုးနေတာ ဒါ ၃ယောက်မြောက်.....။

'အရမ်းလျှင်တယ် ငါသူ့ရဲ့ fighting style မျိုးတစ်ခါမှမတွေ့ဖူးဘူး'

ဘေးမှာရပ်လို့ မှတ်ချက်ပေးနေတဲ့ Ayanga ရဲ့စကားကို ခေါင်းငြိမ့်ယုံကလွဲလို့ သူဘာမှမပြောနိုင်။
မပြောနိုင်ဆို မျက်စိရှေ့ကမြင်ကွင်းက အကြည့်မလွှဲနိုင်လောက်အောင်ကို ဆွဲဆောင်အားပြင်းလွန်းနေတာကိုး။

အဲ့ဒီညကတော့ သူ့ရဲ့အိပ်ခန်းကျယ်ထဲမှာ Yibo ရဲ့ အော်သံ ညီးသံတွေ ညံခဲ့လေရဲ့။

'နေ့ခင်းက စီးချင်းထိုးတာကြာသွားလို့ ကျွန်တော်မထနိုင်တာလို့ လူတွေကထင်ကုန်တော့မှာ'

နောက်တစ်ရက် အိပ်ယာကနေ မထနိုင်တော့ ဆရာသမားလေးက စူပုတ်ပုတ်နဲ့ ပြောတယ်။
သူက သူ့ကိုအားနည်းတယ် ပျော့တယ်လို့ လူတွေထင်မှာကို သိပ်မုန်းတာ။

Xiao Zhan ကတော့ ခပ်ပြုံးပြုံးပဲ......။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

သိပ်မကြာခင်မှာပဲ Luo Shuixi ကို ခိုင်းတဲ့လူကို သူတို့ဖော်ထုတ်နိုင်ခဲ့တယ်။
ပြောရမယ်ဆိုရင် အဲ့ဒီ operation အတွက် plan ချခဲ့တာ အဓိကက Yibo ပေါ့။
ခိုင်းတဲ့လူက Xiao Zhan ထင်ထားတာထက်တောင် အကောင်ကြီးတဲ့သူဖြစ်နေခဲ့သေးတယ်။
တရိပ်ရိပ်နဲ့တက်လာတဲ့ Xiao Zhan တို့အဖွဲ့ကိုကြောက်တာကြောင့် ပြဿနာဖြစ်မလာခင်မှာ ကြိုရှင်းထားဖို့ကြံတဲ့သဘောပေါ့။

Ruby & Gold (Translation)Where stories live. Discover now