Chapter 2

4.5K 583 33
                                    

Unicode

လူအတော်များများက Xiao Zhan ရဲ့အသက်ကိုသိတဲ့အခါ အံ့သြကြတယ်။
ဒီလောက်တောင် သြဇာ အာဏာ သက်ရောက်မှုပြင်းတဲ့ လူတစ်ယောက်က ဒီထက်ကြီးသင့်တယ်လို့ ထင်ကြမှာပေါ့။
ဒီအဖွဲ့အစည်းကို သူ့အသက် ၂ရနှစ်အရွယ်မှာ ထိပ်ဆုံးရောက်အောင်ဘယ်လိုတောင်လုပ်ခဲ့သလဲ၊ ထိပ်ဆုံးရောက်ပြီးတော့ ၄နှစ်တိုင်တိုင် ဒီအခြေအနေကို ဘယ်လိုထိန်းထားနိုင်တာလဲ သိပ်စိတ်ဝင်စားကြလေရဲ့။

Xiao Zhan အနေနဲ့ပြောရရင် သူ့ရဲ့အောင်မြင်မှုအတွက် အချက်၃ချက်ကို credit ပေးမယ်။

နံပါတ်တစ်က သူ့ရဲ့ team ၊ သစ္စာရှိတယ်၊ ထက်မြက်တယ်၊ ဘယ်လိုအလုပ်မျိုးကိုမဆို အဖြစ်ရှိရှိလုပ်နိုင်တယ်။ သူတို့သာမရှိခဲ့ရင် သူဒီလိုနေရာကို ဘယ်နည်းနဲ့မှရောက်လာမှာမဟုတ်တာမလို့ ဒီအချက်ကိုခေါင်းထဲမှာ အမြဲရှိတယ်။

နံပါတ်နှစ်က သူ့ရဲ့ စီးပွားရေးအမြင်ပဲ။ နေရာတိုင်းမှာ ကွန်ယက်ရှိနေဖို့ အရေးကြီးတယ်ဆိုတာကိုသူနားလည်တယ်။ ဒုစရိုက်လောကရဲ့ စီးပွားရေး အလုပ်နယ်ပယ်မျိုးစုံ မှာ သူမပါတာမရှိ။ နယ်ပေါင်းစုံမှာ အရင်းအနှီးထည့်ထားတာမလို့ သူတို့အဖွဲ့မှာ အလုပ်ပြတ်တယ်ဆိုတာမရှိသလို၊ သူတို့အဖွဲ့ကို ဘယ်သူမှ ပစ်ပယ်လို့မရဘူး။ ဘယ်နေရာမှာ ဘာဖြစ်သလဲ အကုန်သိရသလို သူ့နယ်မြေမှာ တခြားလူတစ်ယောက်က ပစ္စည်းအရွှေ့အပြောင်းလုပ်ချင်တယ်ဆိုရင်လည်း အကုန်သူ့ခြေ သူ့လက် ပဲဖြစ်တယ်။

နောက်ဆုံးနဲ့ အရေးအကြီးဆုံးကတော့ သူ့ရဲ့စိတ်သဘောသဘာဝပဲ။ အပေါ်ယံမှာ သဘောကောင်းသယောင်၊ နှစ်လိုဖွယ်ကောင်းသယောင်၊ တချို့တွေအတွက်ဆို ခင်မင်ဖွယ်ကောင်းသယောင်ပင် ထင်ရပေမယ့်ဒေါသထွက်လာတဲ့အခါ မထင်မှတ်ထားလောက်အောင်ပဲ ရက်စက်တတ်တယ်။ တချို့တွေကတင်စားတယ် 'မြွေဟောက်တစ်ကောင်လိုပဲ' တဲ့၊ ငြိမ်ပေမယ့် အဆိပ်ပြင်းတယ်၊ မထင်မှတ်ထားတဲ့အချိန် မထင်မှတ်ထားတဲ့ နေရာတွေမှာ တစ်ချက်တည်းနဲ့ အပြီးကိစ္စတုံးတတ်တယ်။ သဘောကောင်းပုံရတဲ့ သူ့ရဲ့အပြင်ပန်းပုံစံနဲ့ သူ့ရဲ့ဒေါသဟာ အချိုးကျကျရှိနေတာပေါ့။

Ruby & Gold (Translation)Where stories live. Discover now