Chapter 4 (Final)

5.1K 467 13
                                    

Unicode

ဘယ်ဘက်လက်က လက်ချောင်း၂ချောင်းကျိုးသွားတယ်။ ညာဘက်မျက်လုံးပတ်လည်လည်း အရိုးအက်သွားတယ်ထင်တာပဲ။
အသက်ရှူသွင်းလိုက်တိုင်း ဆစ်ခနဲ ဖြစ်သွားတာကြောင့် နံရိုးတချို့လည်း ကျိုးသွားတယ်လို့ယူဆရပြန်တယ်။
ဘယ်ဘက်ခြေကျင်းဝတ်လည်း လည်သွားတယ်။ ဒါတော့ သူ့အပြစ်နဲ့သူ။

သူ့ကိုစိတ်မသက်မသာနဲ့ကြည့်နေတဲ့ Ayanga ကြောင့် သူ့ပုံစံက အတော်ကိုရွဲနေမှန်း ရိပ်စားမိပါတယ်။

သူ့ကိုပြန်ပေးဆွဲတဲ့လူအများကြီးကို သူဖြုတ်ပစ်နိုင်တယ်လို့ ပြောချင်ပေမယ့် တကယ်တမ်း Ayanga တို့ရောက်လာတဲ့အချိန်မှာ သူလူနည်းနည်းပဲဆော်ရသေးတယ်။

သူ့ကိုဘယ်လောက်တောင်များအထင်သေးသလဲဆိုရင် သူ့ခန္တာကိုယ်ကိုတောင် လက်နက်မရှာကြဘူးလေ။
သူ့ဖိနပ်ထဲမှာဖွက်ထားတဲ့ဓားမြှောင်ခပ်အသေးလေးနဲ့ ချည်ထားတဲ့ကြိုးတွေဖြတ်အပြီးမှာ အဲ့ဒီဓားကိုဘေးမှာရှိတဲ့လူတစ်ယောက်ရဲ့ ဒူးခေါင်းအနောက်ထဲ ထိုးစိုက်ပစ်လိုက်တယ်။
ပူးချည်ခံထားခဲ့ရတဲ့ ထိုင်ခုံနဲ့ နောက်လူတစ်ယောက်ကိုလွှဲရိုက်ပြီး သူ့ဆီပြေးလာတဲ့တစ်ယောက်ဆီက သေနတ်ကိုဖြတ်လုလို့ Zhao Huyang ရဲ့ဒူးခေါင်းကို လှမ်းပစ်လိုက်တယ်။
ခုနက သူထိုးစိုက်ထားခဲ့တဲ့ ဒူးခေါင်းက ဓားမြှောင်ကိုဆွဲထုတ်လို့ Zhao Huyang ရဲ့ လည်ပင်းသွေးကြောကို လှီးဖြတ်ပြီးပြီးချင်းမှာပဲ Ayanga တို့အဖွဲ့က ရောက်လာတယ်လေ။

'သူဌေးဆီကို သွားရအောင် လာ'

ဖြစ်ကြောင်းကုန်စင်ကို အကျဉ်းချုပ်ပြန်ပြောပြီးတာနဲ့ Ayanga က သူ့ကိုတွဲလို့ ကားရှိရာကိုခေါ်လာတယ်။

နံရိုးတွေနာနေတဲ့ကြားက သက်ပြင်းတစ်ချက်ချလိုက်မိတယ်။
Xiao Zhan ဆီပြန်မရောက်ခင် ဆရာဝန်နဲ့အရင်တွေ့ရရင်ကောင်းမှာပဲ။
ဟိုးပထမဦးဆုံးအကြိမ် သူလူသတ်မိပြီးကတည်းက Xiao Zhan က Yibo ရဲ့မျက်နှာပေါ်မှာ သွေးပေနေတာမြင်ရင် ကြိုက်တာမဟုတ်ဖူး၊ ပေနေတဲ့သွေးက သူ့သွေးမဟုတ်သည့်တိုင်အောင်ပေါ့။

ကားတံခါးဖွင့်လိုက်တော့ မြင်လိုက်ရတဲ့လူသားကြောင့် ခြေစုံရပ်ရင်း သုန်သုန်မှုန်မှုန်စိုက်ကြည့်ပစ်လိုက်သည်။

Ruby & Gold (Translation)Where stories live. Discover now