Part 6

1K 165 15
                                    

Unicode

"kim tae hyung မင်းငါ့တိုက်ခန်းမှာလိုက်နေ.."

"ဟမ် jung...."

"မာမီသားသူ့ကိုခေါ်သွားပြီနော်"

အတင်းလက်ကိုဆွဲပြီး‌ဆိုင်ပြင်ခေါ်ထုတ်လာတဲ့ကျွန်တော်ချစ်ရတဲ့သူ...

"ဟဲ့ သား အော်.ငါတောင်းပါတယ် jung kookတို့ကအဲ့လိုပဲ။taeလေးကိုငါသွားပြန်ခေါ်ပေးမယ်နော်"

"ရပါတယ်နေပါစေ။ jung kookကလူငယ်ပဲဟာလွှတ်လွှတ်လပ်လပ်နေချင်မှာပေါ့ ။ငါသဘောတူပါတယ်။မနက်ဖြန်မှသားလေးပစ္စည်းတွေ jung kookတိုက်ခန်းကိုလာပို့ပေးလိုက်မယ်။"

"ကျေးဇူးပါဟယ်။ငါ့သားတစွတ်ထိုးဟ"

ဆိုင်ထဲကစကားဝိုင်းလေးကတော့နွေးထွေးနေဆဲ

အပြင်ဘက်ခြမ်းမှာတော့...

"Jung kook..."

"ဘာလဲ"

"ဟို..ဟိုငါ့လက်နာနေပြီ"

သူဆွဲထားတာမနက်ကဒဏ်ရာရထားတဲ့လက်ကြီး။ပြီးတော့လက်ကိုဆောင့်ဆွဲပြီးခေါ်လာတာမို့နာနေတဲ့ပုခုံးကပါနာလာရသည်။

"နာပါစေပေါ့ ငါနဲ့ဘာဆိုင်လဲကားထဲ၀င်"

အော် နာပါစေပေါ့တဲ့လား။အေးပေါ့လေငါ့လိုလူတွက်မင်းဆီမှာကြင်နာခြင်းဆိုတောင်တစ်စိုးတစ်စီတောင်မရှိပါလားကွာ။
တဖြည်းဖြည်းငါလည်းဒဏ်ရာတွေနဲ့နေသားကြအောင်သင်ယူကအုန်းမယ်။
မင်းပြန်ချစ်လာမယ့်တစ်နေ့ထိငါ့ကတောက်တဲ့လိုမင်းဘေးမှာကပ်နေမှာ။

သူ့လက်ကိုကိုင်ရတာနွေးတော့နွေးသားပဲ။kim tae hyungမင်းလက်လေးတွေက ဂွမ်းသားလေးလားဘာလို့အဲ့လောက်ထိနူးညံနေကတာလဲ။
မင်းဆီကငါကြိုက်တဲ့နောက်ထပ်တစ်ချက်ကမင်းလက်သွယ်သွယ်တွေပဲ Kim tae hyung။

ကားမောင်းနေတဲ့တစ်လျှောက်လုံး သူမျက်နှာလေးကိုခိုးခိုးကြည့်ကတာအမော။
တစ်ချက်တစ်ချက်အကြည့်ခင်းဆုံတိုင်းမှာရင်ခုန်လွန်းလို့ရူးမတက်ပဲ။

At home

ကားပေါ်ကဆင်းလာတော့လည်း လူကိုဘာမှအသိမပေးပဲနှစ်ထပ်တိုက်အိမ်လေးထဲ၀င်သွားတဲ့သူ။

Still With MeWhere stories live. Discover now