Part 8

1.1K 139 36
                                    

Unicode

At morning

နေရောက်ခြည်နုနုကဖြူဉနေတဲ့မျက်နှာလေးပေါ် ကျရောက်လာတာကြောင့်နိုးထလာရသည်။
တစ်ကိုယ်လုံးကိုင်ပေါက်ခံထားရသလားပဲ နာကျင်လိုက်တာ
ချစ်ရသူပေးတဲ့နာကျင်မူဆို‌တော့လည်း အပြစ်မမြင်ရက်ပါဘူး

ကိုယ်နာကျင်ကပေမဲ့သူသာယာခဲ့တယ်မလား
ပြီးတော့နာကျင်မူနဲ့တန်အောင်သူရင်ခွင်ကျယ်ကြီးထဲမှာအိပ်စက်ခွင့်ရခဲ့တယ်လေ

ဒီလောက်ဆိုဒီတစ်နေတာတွက်လုံလောက်ပြီ ခုထိမနိုးသေးတဲ့ချစ်ရသူလေး
ခါးကိုဖက်တွယ်ထားတဲ့အကြောစိမ်းစိမ်းတွေလျှက်နွှယ်နေတဲ့လက်လေးကိုအသာဖြုတ်ချပြီး
ထထိုင်လိုက်တော့ အောက်ပိုင်းကသေလောက်အောင်နာကျင်ကသည်။

နဖူးကိုအသာလေးဖိနမ်းပြီး

"ချစ်တယ် Jeon"

‌အိပ်ရာကအသာထပြီးရေချိုးခန်းထဲသာတန်း၀င်လိုက်သည်။

စောင်တွေအိပ်ရာခင်းတွေလည်းလှဲကအုန်းမယ်။
မားမားကတော့ဒီနေ့အိမ်အကူအဒေါ်ကြီးတစ်ယောက်လွှတ်လိုက်မယ်ပြောတယ်
ဒါပေမဲ့ကိုယ်ထက်ကြီးတဲ့သူကိုဒါတွေထိလိုက်မလုပ်ခိုင်းသင့်ဘူးလေ။

ဒီနေ့ကျောင်းတောင်သွားနိုင်ပါ့မလား။
မသွားလို့ကလည်းမရဘူးလေ
Jiwooတို့ကမျှော်နေမှာ

ရေပန်းကနေကျနေတဲ့ရေစက်လေးတွေရဲ့အထိအတွေနဲ့အတူ သူစိတ်တွေလန်းဆန်းသွားသလိုရှိသည်။
ဒါတောင်အောက်ပိုင်းကိုသန့်ရှင်းရေးလုပ်တော့နာသေးတာရယ်။

ရေချိုးခန်းထဲကထွက်လာတော့ ကျွန်တော်ရဲ့ jeonကနိုးတောင်နိုးနေပြီ။

"Kim Tae hyung နောက်နေ့ဒီအခန်းထဲမင်းလာစရာမလိုဘူး"

နာကျင်လိုက်တာ jeonရယ် နာနေသေးလားတစ်ချက်တောင်မပေးပဲ ပထမဆုံးစပြောတဲ့စကားက Jeonအခန်းထဲမလာခိုင်းတာတဲ့လား။
Jeonစိတ်တိုင်းကျပါလေ။

"Jeon...အာ jung kookသဘောပါပဲ"

"အင်း"

Jeonအခန်းဘေးကကျွန်တော်အခန်းငယ်လေးဆီသာ လေးလံတဲ့ခြေလှမ်းတွေနဲ့လျှောက်လာလိုက်သည်။
Jeonအတွက်မနက်စာလည်းပြင်ကအုန်းမှာပဲ။
အင်္ကျီအ၀တ်စားအမြန်လှဲပြီးအောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။

Still With MeWhere stories live. Discover now