part 4

1.2K 168 30
                                    

Unicode


"သားရယ်ဒီတစ်ရက်ကျောင်းမသွားပါနဲ့လားနေလည်းသိပ်မကောင်းသေးတာကို"

"မင်းမားမားစိတ်ချမ်းသာအောင်မသွားရင်လည်းမသွားနဲ့ကွာ။ပါးပါးခွင့်တိုင်ပေးရမလား"

ပါးပါးနဲ့မားမားကကျောင်းနားဖို့ပြောနေပေမဲ့ ဒီနေ့ကအမှတ်စာရင်းထွက်မှာ။

စာမေးပွဲဖြေပြီးထဲကသူဖျားနေခဲ့တာကျောင်းနှစ်ရက်ပိတ်ထားလို့သာတော်တော့တယ်။

"ဒီနေ့အမှတ်စာရင်းတွေထွက်မှာပါးပါးနဲ့မားမားရဲ့။သားသွားပြီးနော်မားမားနဲ့ပါးပါးချစ်တယ်"

ကျောင်းသာလာရတာလူနုံးချိနေတာပဲ။

လေကောင်းလေသန့်လည်းရအောင်လမ်းလျှောက်ချင်တာနဲ့
Driverဦးလေးကြီးကိုကျောင်း၀န်းအပြင်ဘက်မှာသာကားရပ်ခိုင်းပြီးလမ်းဆင်းလျောက်လိုက်သည်။

ခေါင်းတွေကမူးနေတာမှချာချာကိုလည်လို့။

Jiwooနဲ့များဆုံမလားလို့လျောက်ကြည့်နေတုန်း

*ကျွီ*

Jung kookစိတ်ထဲကရေရွတ်မိတဲ့နာမ်စားလေး။

သူကားနဲ့တိုက်မိမလိုဖစ်ပြီးလှဲကြသွားတဲ့ကျွန်တော့်ကို စိတ်ရှုပ်ဟန့်ဖြင့်ကြည့်နေတဲ့သူ။

လှဲကြရာကပြန်ထဖို့မကြိုးစားမိနှစ်ရက် တောင်မမြင်ရခဲ့တဲ့သူ့မျက်နှာလေးကိုသာအသဲသန်ငေးကြည့်နေမိသည်။

"တောက်စ် ကားတစ်စီးလုံးတောင်မမြင်ဘူးလား။မျက်မှန်ကြီးပုလင်းဖင်လောက်‌တပ်ထားပြီးကန်းနေတာလား"

အပြောခံရပြန်ပြီ သူဆီက။သူများတွေပြောတာနဲ့နေသားကြနေပေမဲ့သူဆီကကြားရတော့ နာလိုက်တာ နှလုံးသားထဲက။

"တောင်း တောင်းပန်ပါတယ်"

လက်ထောက်ပြီးထမလို့ပြင်တော့

"အ့ jung .jung kook"

လက်ကိုတက်နင်းချလိုက်တဲ့သူ။ဖိနပ်အရာကလက်မှာအထင်းသား။

နဂိုအသားဖြူတာကြောင့်ရောအထိမခံတဲ့အသားကြောင့်ပါ
လက်ကရဲတက်လာသလိုမျက်ရည်ကပိုးပိုးပေါက်ပေါက်ကြမိသည်။

Still With MeWhere stories live. Discover now