Chanyeol ဖုန်းရရပြီးချင်း ကားကိုမောင်းကာ ဆေးရုံကို
ထွက်လာတော့ မြင်ရတဲ့မြင်းကွင်းက တစ်ကိုယ်လုံး ဖြူလျော့ပြီးပိန်နေသော ဆေးပိုက်လေးတွေတပ်ထားသော Baek ကိုမြင်လိုက်ရတော့တယ် ပြီးတော့ ဘေးမှာရှိတဲ့ baekhyun အမေကို မေးလိုက်တော့" အန်တီ baek လေးဘာဖြစ်တာလည်းဟင်"
"ဒီနေ့ သားလေး အိမ်ကိုလာတယ် လက်ထဲမှာလည်း စာအိတ်တစ်အိတ်ကိုင်ထားတယ် ပြီးတော့
သူအခန်းထဲဝင်သွားတယ် ခဏကြာတော့အခန်းထဲက ထွက်လာတယ် အန်တီမေးတာကို ဘာမှမပြောပဲ ပြန်ထွက်သွားတယ် သိပ်မကြာဖူး အိမ်ရှေ့က နေ
baekhyun ဆိုပြီး အသံကြားလို့ထွက်ကြည့်တော့
သားလေး လဲကျနေတာ အန်တီတို့ ထူပူပြီးဘာလုပ်ရမှန်းမသိဖြစ်နေတုံး ဘေးခြံက kirs ဆိုတဲ့ကောင်လေး ရောက်လာပြီး သူကပဲဒီကိုလိုက်ပို့ပေးပြီး
အကုန်လိုအပ်တာလုပ်ပေးသွားတာပဲသားရယ် ""အန်တီမေးစရာရှိတယ်သား"
"ဟုတ် မေးပါ အန်တီ"
"သားတို့ ရန်ဖြစ်ထားကြတာလားဟင်"
"ဟုတ်တယ် အန်တီ သားတို့နားလည်မူလေးလွဲနေတာပါအန်တီ "
"သား baek က ခပ်ဂျစ်ဂျစ် ခပ်ဆိုးဆိုးကောင်လေးဆိုပေမဲ့ သားလေးရဲ့စိတ်က သိပ်ကိုဝမ်းနည်းလွယ်တယ် သားကပဲ အန်တီသားလေးဆိုးရင် သည်းခံနားလည်ပေးပါလို့အန်တီတောင်းဆိုချင်ပါတယ်"
"ဟုတ်ကဲ့ပါအန်တီ သားလည်းသိပါတယ် သားလည်းမှားတာပါပါတယ် သားလည်းbaek နဲ့အပြိုင်
သူကို စိတ်ဆိုးမိတယ်အန်တီ သားတောင်းပန်ပါတယ်""အန်တီနားလည်ပါတယ်ကွယ် အခု သားလေးက
ဆေးစစ်ထားတုံး အဖြေကို kirs ဆိုတဲ့ကောင်လေးက
သွားယူနေတယ် ခဏနေ အဖြေသိရတော့မယ်သား""ဒါနဲ့ သားလက်ကဘာဖြစ်တာလည်း"
Chanyeol လက်မှာပက်တီးစီးထားတာတွေ့တော့ မေးလိုက်ခြင်းပင်
chanyeol တစ်ယောက် baekhyun သူအတွက်အမူးပြေဟင်းချိုလုပ်ပေးရင်းလက်မှာဒဏ်ရာရတော့ သူလည်း
သူလက်ကို ဒဏ်ရာရအောင် ပြန်လုပ်ခဲ့တာ"ဘာမှမဖြစ်ပါဖူးအန်တီ လက်က နည်းနည်းအဆစ်လွဲသွားတာပါ ကောင်းနေပါပြီအန်တီ"