လာလေ သား
ဟုတ် baek နေမကောင်းဘူးဆို အန်တီ
ဟုတ်တယ်ကွယ် မနေ့က ကျောင်းသင်္ကြန်သွားတာလေ
ပြန်လာတော့ ရေတွေစိုရွဲနေတာ ညလည်းရောက်တော့
ဖျားရောလေ ဆရာဝန် ပင့်ပြီး ဆေးထိုးထားရတယ်
ဆရာဝန် ဆေးထိုးပြီးတည်းက အိပ်ပျော်နေတာ အခုထိ မနိုးသေးဘူး ဒါနဲ့ သား မနက်စာ စားပြီးပြီလား
ဟုတ် စားခဲ့ပါပြီ အန်တီ ဒါဆို ညနေ မှ တစ်ခေါက်လာခဲ့ပါ့မယ် အလုပ်လေး ချိန်းထားတာလည်း ရှိတော့ သွားခွင့်ပြုပါအုံးနော်
အေးပါကွယ် ဖြေးဖြေးသွားနော်
ဟုတ်ကဲ့baekhyun နိုးရင်ထတော့လေ ဆေးသောက်ရမယ်
ဒီမှာ ဆန်ပြုတ် စားလိုက်အုံး
ငါအမေ ပြုတ်ပေးလိုက်တာ ထ သောက်အုံး
ဟင်း
သက်ပြင်းတွေ စွတ်ချမနေနဲ့ ယောက်ကျာ်းမရပဲ အသက်တိုပြီးသေသွားအုံးမယ်
ချီးပဲကွာ ငါကိုယ်ငါသနားလို့ သက်ပြင်းချတာ
အံမယ် မင်းကိုယ်မင်း သနားရအောင် မင်းက ဘာဖြစ်နေလို့လည်း
ဘာဖြစ်ရမှာလည်း မင်းစဉ်းစားကြည့်လေ
စာမေးပွဲ နီးလာပါပြီဆို စာတွေလည်းမရသေး စားချင်တာလည်းမစားရ လုပ်ချင်တာလည်းမလုပ်ရနဲ့ဘယ်လောက်သနားဖို့ကောင်းလိုက်လည်း ငါဘ၀ကြီး တွေးကြည့်စမ်းပါ
စောက်စကားတွေက ပြောလိုက်ရင် အကြီးကြီးပဲ
တော်စမ်းပါကွာ ဒီမှာ ဆန်ပြုတ် သောက်မှာလားမသောက်ဘူးလား
ငါမသောက်ချင်ဘူး
ဒါဆို ကော်ဖီသောက် မင်းဆေးသောက်ရမယ် အန်တီ ငါကို
မှာသွားတယ် မင်းကိုဆေးတိုက်လိုက်ပါတဲ့
မသောက်ချင်ဘူးဆို ဆေးတွေက ခါးတယ်လို့
ဆေးပဲ ခါးမှာပေါ့ ခါးမှ မင်းနေမကောင်းတာဆေးသောက်မှ ပျောက်မှာပေါ့
မသိဘူးကွာ မသောက်ချင်ဘူး
မင်းဘာသောက်ချင်လည်း ငါဝယ်ပေးမယ် ဆေးတော့သောက်မှရမယ်
တကယ်လား မင်းတကယ်ဝယ်ပေးမှာလား
အေးလို့ ပြော ငါသွားဝယ်ပေးမယ်
ဘီယာရယ် ဆိုဂျူးရယ် ၀ယ်ပေး
ဘာ
ဖြေးဖြေးအော်ပါ လန့်တောင်လန့်တယ်
မင်း ရူးနေလား နေမကောင်းတာ သောက်လို့မရဘူးလေ
ဟာ မင်းကလည်း ငါပြောပြမယ် ဆေးက မခါးဘူးလား
ခါးတယ်လေ
အေး ဘီယာ တို့ ဆိုဂျူးတို့ကရော မခါးဘူးလား မပူဘူးလား
အာ့တာနဲ့ ဘာဆိုင်တုန်း
မင်းကလည်း တုံးပ ဆေးရဲ့အခါးကို ငါမခံနိုင်ဘူး ဘီယာတို့ ဆိုဂျူးတို့ရဲ အခါးကို ငါခံနိုင်တယ် ပြောရရင် အခါးခါးချင်း တွေပေးလိုက်တာကွာ မင်းရှင်းပြရတာ မောတယ်
စောက်ကျိုးနည်း ညဏ်ကြီးရှင် မင်းဟာမင်းသောက်ချင်သောက်မသောက်ချင်နေ ငါကလေးအူကြူကြူပူတူးတူးအချစ်လေး ကိုကျောင်းသွားပို့ရတော့မယ် ငါသွားပြီ စေတနာနဲ့ကို မတန်ဘူး
ဟာ ဟေ့ကောင် sehun
တော်တော်ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းလေး လှည့်တောင်မကြည့်ဘူး