ကျေးဇူးတင်ပါတယ် အကို
ရပါတယ် စာမေးပွဲနီးနေပြီမလား အာ့တာသိလို့ အကိုက ညီအတွက် မုန့်တွေဝယ်ခဲ့တာ ညီ ကြိုက်တယ်မလား
ဟုတ် ကြိုက်တယ်အကို အကုန်လုံး ညီအကြိုက်တွေချည်းဘဲ
ဟား ဟား ဟုတ်ပါပြီ စာကျက်ရမယ်မလား အကို မနှောက်ယှက်တော့ပါဘူး သွားတော့မယ်
ဟုတ် အကို ကျေးဇူးပါနော်
ရပါတယ်ကွာ စာမေးပွဲပြီးရင် အကို ပန်းချီပြခန်းဖွင့်ပွဲကို လာခဲ့ဟုတ်ပြီလား
ဟာ စိတ်ချ လာမှာ မပူနဲ့ sehun ပါ ခေါ်ခဲ့မယ်
ဟုတ်ပါပြီဗျာ သွားပြီ
ဟုတ်ကဲ့
______________________________________
Baek
ဘာလည်း ကျွန်တော် စာကျက်နေတာ မအားဘူး ပြန်တော့
Baek ကလည်း ဟိုတစ်နေ့က ကိစ္စကို စိတ်ဆိုးနေတုံးလား
တောင်းပန်ပါတယ် ကိုယ် အာ့နေ့က အလုပ်မှာ စိတ်ညစ်စရာရှိလို့ မင်းကို အော်မိတာပါကွာ
တော်ပါဗျာ အခုမှ လာရှင်းမပြနဲ့ နားညီးတယ် ကျွန်တော် စာကျက်ရအုံးမယ် ခင်ဗျားစကားတွေ နားထောင်ဖို့ အချိန်မရှိဘူး ပြန်တော့
baek ကလည်းကွာ ကိုယ် baek အတွက် ဒီမှာ မုန့်တွေဝယ်လာတယ်
မလိုပါဘူး ကျွန်တော်မှာ ရှိပြီးသားပါ
ဒါဘယ်သူလာပေးတာလည်း ဟိုဘက်ခြံက ကောင်ဘဲလား
ဒီမှာ park chanyeol shi သူများသားသမီးကို အကောင် လို့မခေါ်ပါနဲ့ ယဉ်ကျေးမူရှိပါ
baek ကွာ ကိုယ်မကြိုက်ဘူးလို့ပြောထားတယ်လေ
ခင်ဗျားက ဘာမို့လို့ အမိန့်လာပေးတာလည်း
ကျွန်တော် စိတ်နဲ့ကျွန်တော် ကိုယ်ဘဲ လာပြီးမချုပ်ကိုင်နဲ့
ကိုယ်က baek ကို ချုပ်ကိုင်တာမဟုတ်ပါဘူး
ကိုယ်က အာ့ဒီ ကောင်ရဲ့ baek ပေါ်ထားတဲ့ အကြည့်တွေ
ဆက်ဆံပြောဆိုပုံ တွေကို မကြိုက်လို့ပါကွာ
တော်ပြီ ကျွန်တော် စာကျက်ရအုံးမယ်
baek ကလည်းကွာ ကျက်မနေပါနဲ့
baek စာမေးပွဲ အခန်းထဲ ထိုင်နေယုံတင် ဘွဲ့ပါ တတ်ယူလို့ရတယ် သိလား ကိုယ်က မင်းတတ်နေတဲ့ ကျောင်းပိုင်ရှင်ဆိုတာ မေ့နေတာလား
တော်စမ်းပါဗျာ ကိုယ်အရည်အချင်းနဲ့ ကိုယ်ဘွဲ့ယူချင်တယ်
သူများကူညီမှ ဘွဲ့ရမယ်ဆို မယူတော့ဘူး တောင်းဘဲစားလိုက်တော့မယ်
baek ကလည်း ကိုယ်က ပြောပြတာပါကွာ
park chanyeol ပြန်ပါတော့ ကျေးဇူးပြုပြီး
မပြန်သေးဘူးကွာ baek စာကျက်တာ ကြည့်ပြီးမှ ပြန်မယ်
ပြောရခက်လိုက်တာ နေချင်သလိုသာနေတော့ ကျွန်တော်စာကျက်တော့မယ်
အိုကေ
chanyeol ပြောပြောဆိုဆိုနဲ့ baek စာကြည့်စားပွဲက ထိုင်ခုံမှာ သွားထိုင်ကာ ၀ယ်လာတဲ့ မုန့်တွေပါယူတော့
park chanyeol ခင်ဗျား ဟိုဘက်က ဆိုဖာမှာ ထိုင်လေ
ကျွန်တော် စာကြည့်စားပွဲမှာ ဘာလို့လာထိုင်တာလည်း
စာဘယ်လိုကျက်ရမှာလည်း
baek ကလည်းကွာ လွယ်လွယ်လေး ကိုယ်ပြမယ် လာ
chanyeol baek လက်ကိုဆွဲကာ ပေါင်ပေါ်ထိုင်စေတော့
ဟာ ဘာလုပ်တာလည်း ဖယ် ကျွန်တော်မနေတတ်ဘူး
ဒီတိုင်းကျက်ကွာ ကိုယ်ဖက်ထားချင်လို့ ပြီးတော့ ကိုယ်မုန့်ခွံကျွေးမယ်လေနော်
park chanyeol
မရဘူး Baek ကိုယ်ဒီလိုမလုပ်ရဘူးဆို ဒီည ဒီမှာဘဲ အိပ်မှာ တကယ်အိပ်မှာနော်
ဟင်း ၁၅ မိနစ်ဘဲနော် ၁၅ မိနစ်ပြည့်ရင် ပြန်ရမယ်
၁၅ မိနစ်က နည်းတယ် ၁နာရီ တော့လုပ်ကွာ
၁နာရီ တောင်
အင်း မလျော့နိုင်ဘူးနည်းနည်းလေးမှ
ပြီးကော
ok စာကျက်တော့ ကိုယ်ဖက်ထားပေးမယ်
ဘာအရင်စားမလည်း အားလူးကြော်လား စတော်ဘယ်ရီလား ပေါက်မုန့်လား အအေးလား
ဘာမှ မစားသေးဘူး
အင်း အင်း စားချင်ရင်ပြောနော်
အင်း
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
လူကြီး ပြန်တော့လေ စာမေးပွဲရှိတယ်မလား
အင်း
စာကျက်တော့လေ lu လည်းစာကျက်စရာတွေရှိသေးတယ်ပြီးတော့ အားလူးကြော် လည်းဝယ်ရအုံးမယ် ကုန်နေပြီ
ကြည့် အားလူးကြော်တွေ စားတာ ဘယ်နှစ်ထုတ်တောင်ရှိပြီလည်း
ဟီး ၄ ထုတ်
ချစ်လေးနော် အရမ်းမစားနဲ့ မကောင်းဘူး
လူကြီးကလည်း ကြိုက်လို့ဟာကို
တော်ပြီ ဒီတစ်ထုတ် ကိုယ်သိမ်းမယ်
ဟာ လူကြီးနော် အာ့တာ လူကြီးမစားကြည့်ဘူးသေးလို့
စားကြည့် လူကြီးကြိုက်သွားမယ် ရော့
sehun အားလူးကြော် တစ်ခုကိုယူလိုက်ပြီး ပါးစပ်မှာ ကိုက်ကာ
အွန့်
ဘာလည်း
ချစ်လေး စားချင်ရင် ကိုယ်ရှိက ဟာကို ယူစား
လူကြီးနော် သိပ်ကဲ
luhan လည်း sehun ပါးစပ်မှာ ကိုက်ထားတဲ့ အားလူးကြော်ကို ယူစားလိုက်တော့
ဟုတ်ပ အားလူးကြော်က သိပ်ကောင်းတာဘဲ ကိုယ်တောင်ကြိုက်သွားပြီ
ဆိုပြီး luhan ပါးစပ်မှာ အနည်းငယ်ကျန်သေးတဲ့ အားလူးကြော်ကို အနားကပ်ကာ ယူစားတော့
ဟာ လူကြီး သူများဟာကို
ဘာလည်း ကြိုက်လို့ဟာကို
တော်ပြီ ဘာမှန်းလည်း မသိဘူ ပြန်တော့ သွားတော့
အယ် ချစ်လေး က ရှက်သွားပြီ ခစ်ခစ်
လူကြီးနော် မစနဲ့ဆို
ဟုတ်ကဲ့ပါ ကိုယ်ကိုစာကျက်ဖို့ moti ပေးပါအုံး
စာကျက်မှ စာမေးပွဲအောင်မယ်
မကျက်ရင် ခွေးဖြစ်မယ်
ခွေးကိုတော့ မချစ်ဘူးနော်
ဟာ ချစ်လေးရာ ရက်စက်လိုက်တာ
မသိဘူး ပြန်တော့ ၈နာရီထိုးနေပြီ ကိုကြီးပြန်လာတော့မယ်
တွေ့ရင် မကောင်းဘူးလေနော်
အင်းပါ အာဘွားပေးအုံး
အနားတိုး
ပြွတ်စ်
ဒီနားလေး
ပြွတ်စ်
ဒီနား
ပြွတ်စ်
ဒီနေရာလေး
ပြွတ်စ်
ဒီ
တော်ပြီ ပြန်တော့ကွာ
အိုကေ ပြန်ပြီ
ပြွတ်စ် ချစ်တယ်
လူကြီး
တော့တာ ချစ်လေး
တကယ်ဘဲ အာ့လူကြီးကတော့ ချစ်လိုက်တာ အဟိ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~Uni