-
သူဌေးကသူ့သမီးအထက်တန်းကျောင်းသူလေးအတွက် Guide ဆရာမလုပ်ပေးဖို့ ကမ်းလှမ်းသည့်အပေါ် ဂန်ဆူးလ်ဂီ စိတ်ထဲမတင်မကျဖြစ်နေသည်။
တက္ကသိုလ်ကျောင်းသူဘဝတုန်းက အချိန်ပိုင်းစာပြဖူးသည်ကလွဲလျှင်ဒီအလုပ်ကသူမနှင့်အလှမ်းဝေးနေသည်မှာကြာပြီ။
ဂန်ဆူးလ်ဂီ ကငယ်ငယ်ရွယ်ရွယ်၊ထက်မြတ်သောအမျိုးသမီးတစ်ယောက် ကျော့ရှင်းသောရုပ်ရည် တည်ကြည်သောအသွင်အပြင်နှင့် smartကျသည့်ကိုယ်နေဟန်ရှိသည်။
ထိပ်တန်းစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော ReVe Company၌ Directorဟူသောရာထူးကို အသက်ငယ်ငယ်နှင့်တာဝန်ယူထားရသူဖြစ်၏။သူဌေး၏ကမ်းလှမ်းမှုကိုလက်ခံခဲ့ပြီးနောက်၊ ညနေ6နာရီတွင်ရုံးဆင်းကာ သူဌေးသမီးကိုစာသင်ပြဖို့သွားရမည်။
သူမသည် သူဌေး၏ ခမ်းနားထည်ဝါလှသော စံအိမ်သို့ရောက်ရှိနေပြီဖြစ်သည်။
သူဌေးကကြိုတင်အကြောင်းကြားထား၍ဖြစ်မည် ခြံစောင့်တို့ကသူ့ကားဝင်ဖို့ခြံတံခါးအဆင်သင့်ဖွင့်ပေးကာ အိမ်စေများကသူ့အားဦးညွှတ်ကြိုဆိုကြသည်။"မင်ဂလာပါ.....
မမလေးက guideဆရာမကို စာကြည့်ခန်းမှာစောင့်နေပါတယ်''ဘယ်ကိုသွားရမည်မသိဖြစ်နေသည့်သူ့အားအိမ်စေအမျိုးသမီးက အလိုက်တသင့်လမ်းပြပေး၏။
စံအိမ်၏လျောက်လမ်းများမှ ချောမွတ်ပြောင်လက်နေသည်။
သို့သော်သူမသည်ထိုခမ်းနားထည်ဝါမှုတို့အပေါ်၌ ဂရုမပြုနိုင်။ ရှေ့တွင်ပြေးတွေ့ရတော့မည့် သူဌေးသမီး၏ ပုံပန်းကိုတွေးပူနေမိသည်။ သူဌေးသမီးက မောက်မာပြီး သူ့အသက်အပြကိုမလိုက်နာပါက သူမ သူဌေးကို မည်သို့ ပြန်ပြောရပါအံ့နည်း။စံအိမ်၏ဒုတိယအထပ် ထောင့်ဆုံးအခန်း၏ သစ်သားတံခါးမကြီးရှေ့မှာ အိမ်စေကရပ်ပြီး တံခါးကိုနှစ်ချက်ခေါက်လိုက်၏။
"မမလေး Guideဆရာမရောက်ပါပြီ''
စက္ကန့်အနဲငယ်ခြားပြီး အတွင်းမှတုန့်ပြန်သံတိုးဖွဖွလေးထွက်လာ၏။
YOU ARE READING
Breeze and Rainbow
Fiksi Penggemarအသက်ရှုသံတွေ နုတ်ယူပြီး မင်းရှိရာအရပ်မှာလှလှပပစိုက်ပျိုးမယ်....။