နီးစပ်ခွင့်မရရင်တောင်...အနားမှာရှိနေချင်တာ
တနေ့နေလို့စကားတခွန်းမပြောရရင်ရင်ထဲမှာဟာတာတာနဲ့ ...မင်းကိုပဲမျှော်နေမိတယ်
မင်းပို့တဲ့စာလေးတကြောင်းကအစငါ့ကိုချက်ချင်းပြုံးရီစေနိုင်တယ်... ကောင်မလေး
အသံ....မင်းရဲ့ရှတတအသံလေးကိုကြားလိုက်ရတိုင်း ဦးနှောက်ကစေခိုင်းစရာမလိုပဲအလိုလိုပြုံးမိတယ်။
လက်ချောင်းရှည်ရှည်လေးတွေ..
ပြုံးလိုက်ရင်ချစ်ဖို့ကောင်းတဲ့အပြုံးလေးတွေ....
မင်းနဲ့ပက်သက်ရင်မင်းရဲ့အရိပ်လေးကိုတောင်ချစ်နေမိတာ
ကဗျာတွေစာတွေစီပီးဖွဲ့နွဲ့တဲ့အလုပ်တွေမလုပ်တက်ဘူး ငါသိတာက မင်းကိုမြတ်နိုးတန်ဖိုးထားတာ မင်းဆိုတဲ့ဖစ်တည်မူလေးကိုငေးကြည့်နေရရင်ကိုကျေနပ်နေတာမျိုး
ကောင်မလေး....Covidအတွက်ကုသဆေးတွေပေါ်နေပင်မဲ့ ကို့အတွက်မင်းအပေါ်စွဲလမ်းနေတဲ့အချစ်ဆေးမပေါ်သေးဘူး မင်းစိတ်နဲ့ကြာရင်ငါရူးတော့မယ်။
