ဆိုင်ကယ်လေးစီးပြီးကြည်နှုးနေတယ့်နှစ်ယောက်ကိုလမ်းကလူတွေကို ပြုံးပြီးကြည့်နေတာကိုသူတို့တော့မသိ
ရှောင်ကျန့်ကရိပေါဆိုင်ကယ်ကိုစီးရင်းရိပေါ်ကိုဖက်ထားရတော့ရင်ထဲမှကဆိုင်ကယ်စီးနေတာမဟုတ် ရိုလာကိုစတာ စီးနေရသည့်အလားပင်
အိမ်ရောက်တော့
ရိပေါ် "ရှောင်ကျန့် မင်းငါ့အခန်းထဲလာအိပ်နော်"
ရှောင်ကျန့်" ဟမ်..."
ရိပေါ် "ဟို...ဟာ...ငါ...ငါတစ်ယောက်တည်းမအိပ်ရဲလို့ "
ရှောင်ကျန့် "ကလေးလဲမဟုတ်ပဲနဲ့"
ရိပေါ် "ကလေးမဟုတ်ရင် အိပ်လို့မရဘူးလို့ ဘယ်သူပြောထားလို့လဲ ပြောထားတဲ့သူရှိရင်တောင် ဂရုမစိုက်ပါဘူး ငါကမင်းနဲ့တစ်သက်လုံးအိပ်မှာ"
ရှောင်ကျန့်" no no မင်းတစ်သက်လုံးအိပ်လို့မရဘူးနော် မင်းကကြီးလာရင်မိန်းမယူမှာလေ မင်းရဲ့မိန်းမနဲ့မအိပ်ရမှာပေါ့ရူးနေလား"
ရိပေါ် "ရူးနေတာကမင်း ငါကမိန်းမယူမယ်လို့ဘယ်သူပြောလို့လဲ"
ရှောင်ကျန့် "မင်းကမိန်းမမယူရင်ယောက်ျားယူမှာပေါ့ ..ဟား...ဟား...ဟား..အု....."
ရိပေါ်သူ့ကိုပြောပြီးရီနေတဲ့ရှောင်ကျန့်ကို နှုတ်ပိတ်တဲ့အနေနဲ့ နမ်းလိုက်တယ်
ရှောင်ကျန့် "မင်း...မင်း ငါ့ကို ဘာလို့နမ်းတာလဲ"
ရိပေါ် "မင်းအသံပြဲကြီးနဲ့ရီနေလို့ ပြီးတော့ငါနားညီးလို့ အဲ့တာကြောင့် နှုတ်ပိတ်လိုက်တာ"
ရှောင်ကျန့် "မင်းနှုတ်ပိတ်တာကလည်း လက်နဲ့ပိတ်လည်းရတာပဲကို "
ရိပေါ် "ငါကလက်နဲ့မပိတ်ချင်လို့ပေါ့ နောက်ငါနားငြီးတိုင်းမင်းကိုဒီလို လုပ်မှာနော်"
ရှောင်ကျန့် ခမျာ ရှက်ကလည်းရှက်သွားတာမျက်နှာကြီးနီလို့ ခဏကြာတော့အကြောင်းတစ်ခုကိုတွေးနေပြီး မျက်နှာလေးပျက်သွားတယ်
ရှောင်ကျန့် **ရိပေါ်ရယ် ငါမင်းကိုချစ်မိနေပြီထင်ပါတယ် ဖြစ်နိုင်ရင်မင်း ငါ့ကိုမျှော်လင့်ချက်တွေမပေးပါနဲ့လားကွာ အခုလိုလုပ်သွားတာမင်းဘက်ကရိုးသားနေပေ့မယ် ငါကတော့ .....ပြီးတော့ ငါမင်းအပေါ်မရိုးမသားဖြစ်နေတဲ့ ငါ့ခံစားချက်တွေကိုမင်းသိသွားရင် ငါ့ကိုမုန်းသွားမှာလား မုန်းသွားမယ်ဆိုရင်တော့ ငါ့ခံစားချက်တွေကိုတစ်သက်လုံးမျိုသိပ်ထားတော့မယ် ရိပေါ် မင်းမုန်းတာထက်စာရင်မချစ်တာမှပိုကောင်းသေးတာပေါ့**