လူစုလူဝေးနဲ့ ရှုပ်ယှက်ခတ်နေတဲ့ရထားစင်္ကြန်။
တံဆိပ်ပြားမှာရေးထားသည်က Platform 9¾
ပျင်းရိစရာနွေရာသီကုန်ဆုံးပြီးနောက် ကျောင်းပြန်တက်ဖို့ပြင်ဆင်ရပြီ။ အချိန်တွေအကုန်မြန်လိုက်ပုံက သတ္တမနှစ်တောင်ရောက်ပြီ။ ပထမနှစ်စတက်ခဲ့တာ မနေ့တစ်နေ့ကလိုပင်။
"အားကျန့် စာအုပ်ကျန်ခဲ့ပြီ"
အမေဖြစ်သူက စာအုပ်လေးကို သူ့လက်ထဲထည့်ပေးတယ်။ စာအုပ်ခေါင်းစဉ်က Fantastic beasts of Wizard World~ သူအကြိုက်ဆုံးစာအုပ်၊ ခုနကဖတ်နေရင်း ထိုင်ခုံပေါ်ကျန်ခဲ့တာဖြစ်မယ်။ ဖတ်လွန်းလို့ စာမျက်နှာတွေက နွမ်းလျလျ။
"ကျန်းမာရေးဂရုစိုက်နော် စာတွေချည်းဖတ်မနေနဲ့"
"မားလည်းဂရုစိုက်ဦး"
"မားကကိစ္စမရှိပါဘူး မင်းသာ စာအုပ်ပုံထဲ ခေါင်းနစ်နေမှာစိုးရတာ"
အမေက သူ့ကုတ်အင်္ကျီကို သေချာပြင်ပေးရင်း အမှာစကားခြွေတယ်။
Hogwarts မှာ ကျောင်းထားမယ်လို့ အဖေပြောခဲ့စဉ်က အမေ့စိတ်မှာ အလိုမကျခဲ့။ အထူးအဆန်းတွေပေါတဲ့အပြင် သတ္တိခဲတွေများတာကြောင့် အနေအေးတဲ့သားငယ် လိုက်လျောညီထွေမဖြစ်မှာစိုးတယ်။
ဘယ်လိုဖြစ်ဖြစ် ခေါင်းမာတဲ့အဖေ့စကားကို အမေမလွန်ဆန်နိုင်သလို သူကိုယ်တိုင်လည်း ခေါင်းငြိမ့်ခဲ့တယ်။ ဘယ်ကျောင်းတက်ရတက်ရ အဖေဖြစ်သူနဲ့ မျက်နှာချင်းမဆိုင်ရရင်ပြီးရော။
"Sean (ရှောင်)!!"
အသံစူးစူကြောင့် သူတို့သားအမိ လှည့်ကြည့်လိုက်တယ်။ လက်ယမ်းပြီးပြေးလာတဲ့ မိန်းကလေးတစ်ယောက်။ အနီရောင်ဆံပင်တွေက သူမပခုံးတစ်ဝိုက်ဝေ့၀ဲလျက်။
"Hello Rosie~"
"Hello Mrs. Xiao"
မစ္စရှောင်းက ထိုမိန်းကလေးကိုနှုတ်ဆက်တယ်။ ရှောင်းကျန့်လည်း ကြည်ကြည်လင်လင် ပြုံးပြလိုက်တယ်။
မှော်လောကသူရဲကောင်းတွေဖြစ်တဲ့ Ronald Weasley နဲ့ Harmonie Granger တို့ရဲ့သမီးကြီး Rose Weasley (ရို့စ် ၀ီစလေ) ။ လှပတဲ့မျက်လုံးပြာတွေနဲ့ ဆံနွယ်နီပိုင်ရှင် မိန်းမလှလေး။
KAMU SEDANG MEMBACA
Lilac under Moonlight ||Completed||
Fiksi Penggemarသူဟာ လရောင်ကိုနှစ်ခြိုက်တဲ့ လိုင်လက်ပန်းလေးအသွင် သူဟာ လရောင်ကိုနှစ်ခြိုက်တဲ့ လိုင်လက်ပန်းလေးအသွင် Wang Yi Bo 💙 Xiao Zhan BO JUN YI XIAO story in Hogwarts