At the club
"ယောင်းငယ်တော်တော့ ဒီအရည်တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တောင်သောက်နေတာ မြန်မြန်သေလိမ့်မယ်နော်"
"ဟက် 😏 ခင်ဗျားက ကျုပ်ကိုမြန်မြန်သေစေချင်တာမလား ခင်ဗျားဆန္ဒကိုဖြည့်ဆည်းေပးရမှာပေါ့"
ဟုဆိုကာ ခွက်နဲ့ေသာက်နေရာက ပုလင်းလိုက်မော့နေလေတော့သည်။
"ယောင်းငယ် ကိုယ်ပြောတာ အဲ့သဘောမဟုတ်ပါဘူး တော်တော့ ဆက်မသောက်နဲ့တော့ေနာ်"
ဒီလောက်ပြောနေတာတောင်ဂရုမစိုက်ဘဲဆက်သောက်နေတာကြောင့် ပုလင်းအားဆွဲလုလိုက်သည်။
"ဟာ 😡 တောက်! ဘာလုပ်တာလဲ အခုပြန်ပေး"
"မပေးဘူး"
"ရတယ်လေ မပေးလည်း ထပ်မှာရတာပေါ့ 😎 hey waiter...!"
"Park Chae Young!!!"
"ဟက် Park Chae Young တဲ့လား သရုပ်အမှန်တွေပေါ်လာပြီဘဲ အရင်လို
ယောင်းငယ်လို့မခေါ်တော့ဘူးလား Jennie Kimရဲ့""ကဲပါ မရစ်ပါနဲ့တော့ပြန်ကြရအောင်နော်"
"ပြန်ချင် ခင်ဗျားတစ်ယောက်တည်းပြန် ကျုပ်မလိုက်ဘူး"
"ယောင်းငယ်မပါဘဲဘယ်လိုပြန်လို့ဖြစ်မှာလဲ လိမ္မာပါတယ် လာပါပြန်ကြရအောင်နော်"
"ဟင့်အင်း မလိမ္မာဘူး ကျွန်မက အရိုင်းအစိုင်း ဒါကြောင့် အဖေဖြစ်သူကတောင်ပစ်ထားတာမလား 😎"
"မဟုတ်ပါဘူး ယောင်းငယ်က လိမ္မာပါတယ် ဆိုးချင်ယောင်ဆောင်နေတာပါ နောက်ပြီး အန်ကယ်ကယောင်းငယ်ကိုပစ်ထားတာမဟုတ်ပါဘူး ယောင်းငယ်အတွက် အလုပ်တွေလုပ်နေတာလေ ယောင်းငယ်အတွက်ပေါ့"
"ဘယ်သူက အဲတာတွေလိုတယ်လို့ပြောနေလို့လဲ တကယ်လိုအပ်တာဘာလဲဆိုတာ သူတို့မသိဘူးလား"
ဟုပြောရင်း Somi ရှေ့ကအရက်ခွက်ကို ယူကာ တကျိုက်တည်းမော့ပြီးမှ
"ဟင့်အင်း သိတယ် သိရဲ့သားနဲ့ မပေးကြတာ ဟက်😏"
သူမလိုအပ်တာ ဘာလဲဆိုတာကျွန်မ ကောင်းကောင်းသိတာပေါ့။ဒါကြောင့်လည်း အဲဒါကိုဖြည့်ဆည်းပေးဖို့ သူမလေးအနားမှာ သူ လိုလို မလိုလို အမြဲရှိပေးနေတာပေါ့။
YOU ARE READING
A CHANCE
Romanceအခွင့်အရေး လူတိုင်းအတွက်မဖြစ်နိုင်ဘူး အထူးသဖြင့် မင်းအတွက်ပေါ့ 💔 အခွင့်အရေး လူတိုင်းအတွက်မဖြစ်နိုင်ဘူး အထူးသဖြင့် မင်းအတွက်ပေါ့ 💔