A CHANCE _ 2

700 35 3
                                    

"မ ရေမပြီးသေးဘူးလား 😰 အပြင်မှာ တက္ကစီ🚕 ရောက်နေပြီနော်"

"ပြီးပါပြီ မောင်ရယ် ဘယ်လိုဖြစ်နေတာလဲ
ပွစိပွစိနဲ့"

့ပြောရင်းဆိုရင်း အခန်းထဲက ထွက်လာပြီဖြစ်သောကျွန်တော့်ရဲ့ မမ။

နေပါဦး မ ကဘာလို့ ဒီနေ့မှပိုလှအောင်ပြင်ထားရတာလဲ။

"ဟာ မ 😧 ဘယ်လို‌ေတွပြင်ပြီး ဘယ်လို‌ေတွဝတ်လာတာလဲ အခုချိန်းထားတာ မောင့်သူငယ်ချင်း‌ေတွနော် သူတို့က ငမ်းကြောထတဲ့ကောင်တွေဗျ မဖြစ်ပါဘူး မ လှနေလို့မဖြစ်ဘူး ပြန်လဲ ပြန်လဲ"

"ဪ မောင်ရယ် မ မှာမောင့်သူငယ်ချင်းတွေနဲ့ တွေ့ဖို့သင့်တော်တဲ့အဝတ်အစားဆိုလို့ မောင်ဝယ်ပေးထားတဲ့ ဒါလေးပဲရှိတာ အခြားဟာတွေက အိမ်နေရင်းအဝတ်တွေနဲ့ အလုပ်က ယူနီဖောင်းပဲရှိတာလေ"

"ဟာ ဟိုနေ့ကမှ ဝယ်ထားတဲ့ အားကစားဝတ်စုံအသစ်ရှိတယ်လေဗျာ"

"မောင်နဲ့တော့ စိတ်ညစ်ပါတယ် အခုချိန်းထားတဲ့နေရာကို အားကစားဝတ်စုံဝတ်သွားလို့ဖြစ်မလား"

"မောင်က ဖြစ်တယ်လေ"

"မောင်ဖြစ်လည်း မ မဖြစ်ဘူး"

"ဒါဆိုလည်း အိမ်နေရင်း အဝတ်တွေထဲက သစ်တာလေးဝတ်ခဲ့ဗျာ"

"အိမ်နေရင်းအဝတ်ပါဆို သစ်တာရှိမလား မောင်ရဲ့"

"ဒါပေမယ့်ဗျာ"

"ဒါတွေ ဟိုဟာတွေပြောမနေနဲ့တော့ လာသွားမယ် တော်ကြာနောက်ကျနေဦးမယ်"

ဟုဆိုပြီး Lice လက်ကိုဆွဲကာ အရှေ့ကသွားလေသည်။

"Daw Irene တော်တော်တက်ကြွနေတယ်ဟုတ်လား😒"

"Lice 😡 ဒါမင်းချိန်းတာနော်တော်ပြီ‌ေန‌
‌ေတာ့ မသွားတော့ဘူး အပြစ်မရှိအပြစ်ရှာ
‌ေပြာနေတာ ဒီလိုပြင်ထားတာဘယ်သူ့အတွက်ကျနေတာပဲ "

ဟုပြော၍ တွဲထားတဲ့လက်ကိုဖြုတ်ကာအခန်းထဲပြန်ဝင်ဖို့ အလုပ် Lice ကတစ်ဖန် သူမလက်ကို ဆွဲထားပြီး။

A CHANCEWhere stories live. Discover now