A CHANCE _ 6

450 25 0
                                    

လမ်းတစ်လျှောက်လုံး မ ကဘာစကားမှမပြောပဲ အပြင်ကိုသာ တွေတွေလေးငေးကြည့်နေသည်။

"မ မောင် ဆေးရုံကိုမောင်းလိုက်မယ်နော်"

"ဟင့်အင်း မ ဆေးရုံကိုမသွားချင်ဘူး"

"ဘာလို့လည်း မရဲ့ မ နှဖူးမှာရော လက်တွေမှာရော ပန်းကန်ကွဲ‌ေတွ ရှထားတယ်လေ"

ဒါပေမယ့် မ ကတော့ခေါင်းကိုသာ အတွင်တွင်ခါနေသည်။

"😭😭😭မသွားချင်ဘူး အဲ့နေရာကိုမုန်းတယ် မသွားချင်ဘူး"

ပြောရင်းဆိုရင်း မ က ငိုချလိုက်သောကြောင့်
ကားကိုလမ်းဘေးချရပ်လိုက်ရသည်။

"😧 မ ရယ် မငိုပါနဲ့ မငိုပါနဲ့နော် မောင်တောင်းပန်ပါတယ် မ မသွားချင်ရင် မောင် မောင်မပို့တော့ပါဘူးနော်"

ဟုဆိုကာ မ အနားတိုး၍ ဖက်ထားလိုက်သည်။

"😭😭😭😭😭😭😭"

"မောင် တောင်းပန်ပါတယ် မောင်သာ ဒီထပ်ပိုပြီးစောစောလေးလာခဲ့ရင် မ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံရမှာမဟုတ်ဘူး"

"😭😭😭😭😭😭"

"မ ရယ် 😧"

အချိန်နည်းနည်းကြာမှ ငိုနေတာရပ်ပြီး အိမ်ပြန်ချင်တယ်ဟု ဆိုလာတာကြေင့် အိမ်ကိုသာ အမြန်ရောက်အောင်‌ေမာင်းလိုက်သည်။

အိမ်ပြန်ရောက်တော့ ကားပေါ်က အမြန်ဆင်းသွားပြီး အခန်းထဲသို့ အရင်ဝင်သွားလေသည်။ကျွန်တော်ပါ လိုက်ဝင်မယ်လုပ်တော့ အထဲကနေ ဂျက်ချထားလေသည် ။

အိမ်ပြန်ရောက်တော့ အခန်းထဲ အရင်ဝင်ကာ ဂျက်ချထားလိုက်သည်။ပြီးတော့ ခြေပင်မခိုင်တော့တာကြောင့် တံခါးကို မှီကာ ထိုင်ချလိုက်သည်။

"ဘာတွေလဲ ဘာတွေဖြစ်ကုန်တာလဲ ကံကြမ္မာရယ် ဘာလို့ ကျွန်မပဲကံဆိုး‌ေနရတာလည်း ကျွန်မဘဝထဲကနေ ‌အဖေနဲ့ အမေကို ရက်ရက်စက်စက် ဆွဲထုတ်ပြီးပြီ အခုလည်း ကျွန်မအသက်ထက်ချစ်ရတဲ့ မောင့်ကို ဆွဲထုတ်ဦးမလို့လား မရဘူး မောင့်ကိုကျွန်မသေမှ ကျွန်မဘဝထဲက ဆွဲထုတ်လို့ရမယ်ဆိုတာ ရှင်သိရဲ့လား😭😭😭😭😭😭😭"

A CHANCEWhere stories live. Discover now