A CHANCE _ 7

548 40 5
                                    

"ဘယ်လိုလဲ တော်တော်မှ ညောင်းသွားရဲ့လား"

"မညောင်းပါဘူး 😌"

မညောင်းဘူးသာပြောနေ‌တာ လူကဖြင့် ခါးတောင့်ပြီး ထမရလို့ ‌အခုချိန်ထိ ကုန်းနေရတုန်း။

"ညောင်းလဲ မတတ်နိုင်ဘူး အပြစ်ရှိလို့အပြစ်ပေးတာ ခံလိုက်"

"ခံပါတယ် ခံပါတယ် ဆရာမကြီးရဲ့"

"အာ့ဆိုလဲ ထတော့လေ အိမ်ထဲဝင်ဦး"

ထ မရတာ သိသိကြီးနဲ့ ဂျင်းထည့်လိုက်သည်။

"ဟင် ကိုယ်မဝင်တော့ဘူးလေ ‌ခြေလျင်ပြန်ရမှာဆိုတော့ ညဉ့်နက်နေပြီလေ"

"Jennie Kim ကျွန်မကဝင်ဆို ဝင်လိုက်ပေါ့ ဘာတွေ အထွဋ်တက်နေတာလဲ"
(🙄 အယ် ထွဋ်က သာသာနာမည်ကြီး အထွန့်တက်တယ်လုပ်ပါ)

ဟုတ်တယ်။သူခါးနာ‌ေနတာသိလို့ ဆေးလိမ်း‌ပေးမလို့ဟာကို။

"အင်း အင်းပါ ဝင်ဆိုလည်း ဝင်ပါ့မယ် ဒါဆို ယောင်းငယ် အရင်ဝင်နှင့် ကိုယ် ဖိနပ်ကြိုးပြေနေလို့ ချည်လိုက်ဦးမယ် ပြီးရင် လာခဲ့မယ် နော်"

ဟွန့် ဖိနပ်ကြိုးပြေတယ်တဲ့ အပိုတွေ😏။

"ပြီးတာပဲ"

ဟုဆိုကာ မြှောက်ကြွ‌ေမြှာက်ကြွ နှင့်အိမ်ထဲဝင်လာခဲ့သည်။အမှန်တော့ ခြံရှေ့နဲ့တင်မကျေနပ်လို့ အိမ်အရှေ့ထိ ကုန်ပိုးခိုင်းလိုက်တာ မှတ်ကရောပဲ။

"ဘယ်လို ကလေးလေးမှန်းကိုမသိဘူး 😆 ကိုင်ဆောင့်ချင်စရာလေး အ သေပါပြီ အမေရေ အ😫"

သူများပြောချင်နေတာနဲ့ ခါးနာတာမေ့ပြီး ထလိုက်တာ အမလေး ကျိုးပြီလားမသိဘူး။

အိမ်ထဲရောက်ရောက်ချင်း ပြတင်းပေါက်ကနေ အဲ့လူကြီးကို လှမ်းကြည့်လိုက်တော့ သတိမထားပဲ ထလိုက်တယ်ထင်ပါရဲ့ ခါးကြီးကိုင်ပြီး တောင့်တောင့်ကြီးရပ်နေလေသည်။ မျက်နှာကြီးကလဲ ရှုံ့မဲ့လို့။ အခုလိုဆိုတော့လည်း ရင်ထဲမကောင်း။ဟင်းးးး 😩
ဒင်းနဲ့တော့ စိတ်လေပါတယ်။

"အဒေါ်ကြီး ခဏလာပါဦး"

"အေးအေး လာပြီ သမီးလေး ဘာလိုချင်လို့လဲ အဒေါ်ကြီးဘာလုပ်ပေးရမလဲ"

A CHANCEWhere stories live. Discover now