အပိုင်း ၂၅

1.3K 78 5
                                    

Unicode

အခုရက်ပိုင် သီဟနဲ့သာတွေ့နေရပြီး ။ မင်းထင်စည်နဲ့ မျက်နှာချင်းမဆိုင်ဖြစ်တာတောင်တော်​တော်ကြာပြီဖြစ်သည်။ သီဟကလဲ အိနဲ့ပျက်သွားပြီဆိုပြီး ရာရာရဲ့အနားကိုအမြဲလာနေတတ်ပြီး ကျောင်းချိန်မဟုတ်ရင်တောင် သူနဲ့အတူရှိနေဖြစ်သည်။

"ဘယ်လိုလဲ မင်းနဲ့မင်းထင်စည်ရဲ့ဆက်ဆံရေးကကျဲသွားသလိုပဲနော် ဘာဖြစ်လို့လဲ "

ဆိုပြီး ကျော်စွာကတောင်မေးနေသေးသည်။ သို့ပေမဲ့ ရာရာဘာဖြေရမယ်ဆိုတာမသိပေ ။ မင်းထင်စည်အနေနဲ့လဲ သူ့ကိုရှောင်သလိုနေခဲ့ပြီး ကျော်သီဟရဲ့ တိုးလာမှုရဲ့နောက်မှာ ရာရာက သီဟရဲ့ အနားမှာပဲ အမြဲရှိတော့တာပေါ့ ။

"မင်းထင်စည် ငါ့ကိုဒီစာလေးရှင်းပြစမ်းပါ ငါသိပ်နားမလည်လို့ "

သူ့နာမည်နဲ့အတူ အသံကြားလိုက်ရတော့ ရာရာကြည့်လိုက်မိသည်။ စားပွဲပေါ်မှာ ခေါင်းစိုက်ပြီး အိပ်နေပုံရတဲ့ မင်းထင်စည်ခေါင်းထောင်လာပြီး စာလာမေးနေတဲ့ ကောင်မလေးကိုစာရှင်းပြနေသည်။

အရင်ကဆို အခုလိုစာရှင်းပြဖို့ဆိုမထားနဲ့ သူ့ရဲ့အနားဘယ်သူ့ကိုမှအကပ်မခံတဲ့မင်းထင်စည်ကိုအားလုံးအံဩနေကြသည်။ တချို့က နားမလည်တာကနည်းနည်း မင်းထင်စည်အနားကို ကပ်ချင်ကြတာကြောင့် လာနေတတ်ပြီး မင်းထင်စည်အနေနဲ့ စိတ်ရှည်စွာရှင်းပြပေးသည်။

"မင်းထင်စည်တော်တော်ပြောင်းလဲသွားတယ်နော် မင်းလကျ်ာ အရင်ကမင်းကိုသူစာပြပေးတယ်ဆို အခုမပြပေးတော့ဘူးလား "

ရာရာဘေးနားမှ အတန်းဖော်တစ်ယောက်ကမေးရာ ရာရာဘာဖြေရမှန်းမသိပဲ နောက်မှ ကျော်သီဟက ဝင်ဖြေသည်။

"အဟင်း ဟုတ်တယ် အခု ရာရာကို မင်းထင်စည်စာပြမပေးတော့ဘူး မင်းထင်စည်နဲ့ရာရာ စကားများထားကြတယ်လေ အဲဒီတော့ ငါကပဲရာရာကို စာပြပေးရတာပေါ့ "

သူ့အသံကနည်းနည်းကျယ်တော့ တချို့သောကျောင်းသားများနဲ့ မင်းထင်စည်ပါသူ့ထံအာရုံရောက်သွားကြသည်။

"မင်းလကျ်ာ မင်းတို့ ဘာလို့စကားများကြတာလဲဟင် "

"အေးဟ အရင်ကတော်တော်ရင်းရင်းနီးနီး ပေါင်းပြီးအခုမှ စကားတောင်မပြောကြတာသတိထားမိတယ် ဘာဖြစ်ကြလို့လဲ "

မင်းကို ချစ်တယ် Completed(Z / U)Место, где живут истории. Откройте их для себя