အပိုင်း ၆

1.8K 82 0
                                    

Zawgyi Vs

"မင်းသူ..သူဆရာကိုတိုင်တယ်ဆိုတာမင်းတကယ်မြင်လား.."
"ဟင်.."
ကျော်စွာကမေးတော့မင်းသူတိတိကျကျပြန်မဖြေပဲအင်တင်တင်ဖြစ်နေသည်။ဟိုကြည့်သလိုလိုဒီကြည့်သလိုလိုနဲ့သူ့ဘေးကမျိုးသန့်ကိုကြည့်၍..
"သူပြောတာ.."
"ဟင်..ဟာ..ငါလဲသေချာမမြင်ဘူး၊သူများပြောတာ.."
"ဘာ..မင်းတို့ငါ့ကိုပြောတော့မင်းတို့သေချာမြင်တာဆို.."
သူ့တို့အားထင်စည်ဒေါသထွက်ကာအော်တော့သူတို့ခေါင်းကိုငုံ့ထားကြသည်။ဒီတော့ကျော်စွာကဆက်ကာ..
"မင်းသူမင်းဘာလို့သူ့ကိုလိုက်ပြီးဒုက္ခပေးနေတာလဲ..မဟုတ်ပဲမင်းဘာလို့လျှောက်ပြောနေတာလဲ..အခန်းဖော်အချင်းချင်းဖေးဖေးမမနေရမယ်လို့ဆရာကပြောထားတယ်မဟုတ်လား.."
မင်းသူကိုပြောသလိုနဲ့ထင်စည်ကိုခနဲ့၍​ကျော်စွာပြောလိုက်ခြင်းဖြစ်သည်။ထို့အခါသူတို့ဘေး၍ခွေခွေလေးထိုင်နေတဲ့ရာရာကိုထင်စည်ကြည့်လိုက်သည်။
"မင်းဘာဖြစ်သွားသေးလဲ.."
သူ့ဘေးသို့လာထိုင်ပြီးမေးလာသူကကျော်စွာ..
"ထင်စည်..မင်းသူ့ကိုတောင်းပန်လိုက်လေ.."
"ငါကဘာလို့တောင်းပန်ရမှာလဲ.."
"ထင်စည်..ငါသိထားတဲ့ထင်စည်ကဘာအပြစ်မှမရှိတဲ့သူကိုဒုက္ခမပေးဘူး၊သူအမှားလုပ်ထားရင်ပြန်ပြီးတောင်းပန်တယ်.."
"အခုကိစ္စကသူမှားထင်လို့လေ.."
"သူမမှားဘူးဆိုတာမင်းသိပြီမဟုတ်လား.."
"အဲလိုလဲသေချာမပြောနိုင်ဘူးလေ..သူတို့ကသေချာမသိတာဖြစ်နိုင်ပေမဲ့၊သူမဖြစ်နိုင်ဘူးလို့တော့တစ်ထစ်ချပြောလို့မရဘူး၊အဲဒီအတွက်ငါသူ့ကိုမတောင်းပန်နိုင်ဘူး..သေချာသိတဲ့တစ်နေ့ကျသူသာဆိုရင်ငါသူ့ကိုစာရင်းရှင်းမယ်.."
"သူမဟုတ်ခဲ့ဘူးဆိုရင်ရော.."
"မင်းဖြစ်စေချင်သလိုငါတောင်းပန်မယ်.."
ပြောကာထင်စည်အခန်းထဲမှထွက်သွားတော့သည်။မင်းသူတို့လဲအခန်းထဲမှထွက်သွားကြပြီးရာရာဘေး၌ကျော်စွာတစ်ယောက်သာကျန်ရစ်သည်။
"မင်းထင်စည်.."
မင်းသူနဲ့မျိုးသန့်သူ့နောက်သို့လိုက်လာပြီးသူ့ကိုခေါ်လိုက်တော့ထင်စည်နောက်လှည့်ကြည့်ရာသူတို့ပြေးလာကြသည်။
"မင်းပြောခဲ့တာမှန်တယ်သိလား..အဲလိုအခြောက်ကောင်ကိုအဲလိုပဲပြောသင့်တယ်.."
"မင်းဘာတွေပြောနေတာလဲ.."
မင်းသူရဲ့စကားကိုထင်စည်နားမလည်၍ပြန်မေးလိုက်သည်။ဒီတော့မင်းသူကသူ့ကိုပြုံး​ပြကာ..
"မင်းလက်ျာဆိုတဲ့ကောင်ကိုပြောတာလေ..သူကတကယ်တော့အခြောက်ကွ၊သူ့မှာလင်ရှိတယ်၊အဲဒီအကောင်ကဒီအဆောင်မှာမရှိတော့သူအားကိုးရာမဲ့နေတာ၊အဲဒီကောင်ကအရမ်းကြမ်းတာ.."
မင်းသူပြောရင်းခန့်ပိုင်သူ့ကိုထိုးခဲ့ဖူးတဲ့ပျောက်ပြီးသားဒဏ်ရာတွေကပြန်၍နာလာသလို​ဖြစ်ကာပါးကိုကိုင်ထားမိသည်။
"ပြောပြန်ပြီ..အဲဒီစကားကရောသေချာလို့လား..မင်းတို့ပဲအမျိုးမျိုး၊ငါ့ကိုပြောတော့သေချာတယ်တဲ့၊ဟိုကျဘယ်လိုဖြစ်ရတာလဲ.."
"ဟင်.."
ထင်စည်ရဲ့စကားကြောင့်မင်းသူမျက်နှာပျက်သွားသည်။ပြီးမှပြုံးကာ..
"အခုကတကယ်သေချာပါတယ်ကွ..မင်းမယုံစောင့်ကြည့်ကွာ၊အခုတောင်မင်းကလည်ပင်းညှစ်တာငိုနေသေးတယ်မဟုတ်လား.."
သူ့စကားကြောင့်ထင်စည်တွေဝေသွါးသည်။
မျက်ရည်တွေနဲ့သူ့မျက်ဝန်းကိုပြန်မြင်လာသည်။
ဝမ်းနည်းမှုအခိုးအငွေ့တွေနဲ့အားကိုးရာမဲ့နေသည်။ဒီလိုမျိုးအားငယ်သူတစ်ယောက်ကိုသူအခုလိုတုန့်ပြင်လိုက်တာမှားသွားပြီလားဆိုပြီးလဲတွေးနေမိသည်။
"သူ့ကောင်နာမည်ကခန့်ပိုင်တဲ့..တကယ့်ဆိုးပေးမိုက်ပေ့ဆိုတဲ့ကောင်ပဲ.."
"အဲဒါတွေငါစိတ်မဝင်စားဘူး၊ငါသိချင်တာငါဆေးလိပ်သောက်တာတိုင်တဲ့ကောင်ကိုပဲ၊မင်းတို့သေချာမသိပဲမရေမရာစကားတွေငါနားမထောင်နိုင်တော့ဘူး.."
"ဟေး..ထင်စည်.."
"ဘာလဲ.."
ထင်စည်ကပြောပြီးသွားရန်ပြင်တော့မင်းသူခေါ်ရာသူကဆောင့်အင့်အင့်ပြန်ထူးတော့သူတို့လန့်သွားကြသည်။
ခေါင်းကိုငုံ့ထားကာမချင့်မရဲနဲ့ကြည့်၍..
"မင်းနဲ့ငါသူငယ်ချင်းတော်ရအောင်.."
"အဟင်း..ဘာလုပ်ဖို့လဲ..ရှုတ်ရှုတ်ရှက်ရှက်.."
"မင်းကလဲ..သူငယ်ချင်းလုပ်တာဘာရှုတ်လို့လဲ.."
"ငါတစ်ယောက်ထဲပဲနေချင်တယ်၊သူငယ်ချင်းဆိုတာလဲမလိုချင်ဘူး၊နေပါအုံးမင်းကဟိုတစ်ယောက်ကိုသာအခြောက်ဆိုပြီးပြောနေတာမင်းကငါနဲ့သူငယ်ချင်းလုပ်ပြီးဖင်ခံချင်လို့လား.."
"ဟင်..ဟာ..မဟုတ်ဘူးလေ.."
ထင်စည်ရဲ့စကားကြောင့်မင်းသူပြာယာသလဲပြန်ဖြေသည်။ထင်စည်ကတော့မဲ့ရွဲ့ရွဲ့တချက်ပြုံးပြီးသူ့အနားမှထွက်လာကာနောက်မကြည့်ပဲလက်ခလယ်ကိုထောင်ပြလိုက်သည်။
ဒီတော့မင်းသူသက်ပြင်းကိုသာဟင်းခနဲချလိုက်ရတော့သည်။

မင်းကို ချစ်တယ် Completed(Z / U)Onde histórias criam vida. Descubra agora