အပိုင်း ၃

2.6K 93 1
                                    

Unicode Vs

တကယ်ဆိုရင်ကျွန်တော်သူ့အပေါ်မျှော်လင့်ချက်တွေအများကြီးမထားသင့်ဘူး..
ဒီအရွယ်တွေကဆယ်ကျော်သက်စိတ်ကစားကြတဲ့အရွယ်တွေဆိုတော့အချစ်ဆိုတာကိုဘဝလို့သတ်မှတ်တတ်ကြတယ်။
ဒါပေမဲ့ဆယ်တန်းဆိုတဲ့အရွယ်မှာဒီအချစ်ဆိုတာကိုသူဦးစားမပေးချင်၊ဒါကသူ့ရဲ့သိစိတ်ဖြစ်ပြီးမသိစိတ်ကတော့သူ့ရဲ့အနားမှာပဲနေချင်နေမိပြီးသူ့ရဲ့ဂရုစိုက်အလေးပေးမှုတွေကိုတမ်းတနေမိသည်။
မနက်ဖြန်ဆိုရင်အဆောင်ကိုပြောင်းကြရတော့မှာလေ၊ဒါကြောင့်သူတို့အဆောင်ကိုယူရမဲ့ပစ္စည်းတွေဒီနေ့ကတည်းကကြိုတင်ပြီးသိမ်းနေကြတာပေါ့။
"ရာရာရေ..ရာရာ.."
ယူမဲ့အဝတ်အစားတွေကိုတီမြနဲ့အတူပြင်ဆင်နေရင်အောက်ထပ်မှကိုယ်တော်ချောခန့်ပိုင်ရဲ့အသံစာစာကိုကြားလိုက်ရသည်။
ခန့်ပိုင်ကလူကောင်မထွား၊ညှပ်တဲ့အထဲလဲမပါ။ရာရာထက်နှစ်လက်မလောက်ပိုပြီးအရပ်မြင့်သည်။
သို့ပေမဲ့သူ့ရဲ့အသံကအော်လေသေးလေဖြစ်ပြီးပုရစ်ဝင်စားသလားဆိုပြီးသူ့ကိုပြောကာရာရာသူ့ကိုပုရစ်ဆိုပြီးလဲခေါ်တတ်သည်။

"ရာရာ..ဟေ့ကောင်ရာရာရှိလား.."
"မင်းမေးတိုင်းဖြေရအောင်ငါကမင်းတပည့်လား.."
"ဟာ..ဟေ့ကောင်မင်းမမိုက်ရိုင်းနဲ့..ငါအကောင်းမေးနေတာ.."
"မိုက်ရိုင်းတာကဘယ်သူလဲ..ငါ့ကိုဟေ့ကောင်ဆိုပြီးမင်းပဲရိုင်းရိုင်းစိုင်းစိုင်းခေါ်တာလေ.."
"ဟ..ဟေ့ကောင်လို့မခေါ်လို့အကိုကြီးဆိုပြီးအရိုအသေပေးရမှာလား.."
"အဲလောက်မလိုပါဘူး..ကိုယ်ကသိချင်တာရှိရင်တလေးတစားနဲ့တော့မေးသင့်တယ်လို့ထင်တယ်၊အဟင်း..မင်းကိုကြည့်ရတာအခြေခံလူ့ကျင့်ဝတ်တွေလဲသိပုံမပေါ်ပါဘူး..ဘာလဲမင်းအမေကသင်ပေးမထားဘူးလား.."
"မင်းဘာစကားပြောတာလဲ.."
"ရပ်ရပ်..အဲဒီနားတင်ရပ်ကြ..ငါလာပြီ.."
ခန့်ပိုင်ကပြောရင်းသီဟအနားသို့တိုးလာတာကြောင့်ရာရာလှေကားမှတဆင့်အမြန်ဆင်းလာခဲ့ရသည်။
ရာရာလဲအောက်ရောက်တော့သီဟထိုနေရာမှအပေါ်ထပ်သို့တတ်သွားသည်။
"ဘာကိစ္စလဲ..ဖေဖေမရှိလို့တော်သေးတယ်..မင်းကလေတစိတ်ရှိထိုးမယ်ကြိတ်မယ်ဆိုတာကြီးပဲ.."
"အခုကိစ္စကငါမလွန်ဘူးနော်၊သူရန်စကားစပြောတာ၊ငါ့အမေကိုများစော်ကားမော်ကားနဲ့..
ဦးလေးမရှိဘူးဆိုတာသိလို့လာတာလေ..ငါဒီနေ့ညနေပဲသွားရတော့မှာအဲဒါမင်းကိုလာနှုတ်ဆက်တာ.."
"အဟင်း...ဟင်း.."
"ဟေး..မင်းကဘာရီတာလဲ.."
"လာနှုတ်ဆက်တာဆိုတာကိုရီချင်တာလေ..မင်းနဲ့ငါနေမဲ့အဆောင်ကဘယ်လောက်ဝေးလို့လဲ၊ကျောင်းကလဲအတူတူပဲဟာကို.."
"ဘာပဲဖြစ်ဖြစ်ငါမင်းကိုလာပြီးအသိပေး တာဆိုလဲမှန်တယ်.."
"အေးပါ..ထိုင်အုံးလေ..အပူသောက်မလားအအေးသောက်မလား.."
"ငါဘာသောက်တတ်လဲ..မင်းသိတယ်မလား.."
"သိတယ်သိတယ်..သေး.."
"ရာရာ.."
"ဪ..စကားဆုံးအောင်နားမထောင်ပဲနဲ့..သေးဆိုရင်မသောက်ဘူးမင်းသောက်တာကော်ဖီခါးခါးလို့.."
"ရာရာနော်..ဟင်း.."
"ဘာလဲ..ငါကမင်းသူငယ်ချင်းမလို့သည်းခံနေတယ်လို့ပြောမလို့လား..ထိရဲရင်ထိကြည့်နေအသက်ချင်းလဲပြစ်မယ်.."
"ကြောက်ပါတယ်ဗျာ..ကော်ဖီသာသွားဖျော်ခဲ့သွား.."
ဟုတ်တော့လဲဟုတ်သည်။
တခြားသူတွေနဲ့သာထိုးမယ်ကြိတ်မယ်နဲ့လူ့ဂလန့်ခန့်ပိုင်ကရာရာကိုတော့အလျှော့ပေးသည်။ရာရာရဲ့တဖျန်းဖျန်းရိုက်တာကိုခံနေကျဆိုတော့သူ့လက်ရာကိုသိကာရာရာရွယ်ရုံနဲ့သူကြောက်နေတတ်သည်။
ခန့်ပိုင်ကြောက်တဲ့တစ်ဦးတည်းသောသူဟာရာရာပင်ဖြစ်သည်။
"ကြာတယ်နော်..မြန်မြန်လုပ်ခဲ့.."
မီးဖိုချောင်ထဲမှာကော်ဖီဖျော်နေတဲ့ရာရာကိုဧည့်ခန်းမှကိုယ်တော်ချောကအော်ပြောနေတော်မူနေသည်။
"ပြီးတော့မှာပါကွ..ခဏ..ဟင်.."
ကော်ဖီဖျော်ပြီးမုန့်ကိုပါယူရန်အလှည့်သူ့ရဲ့နောက်၌ဘယ်ချိန်ကရောက်နေသည်မသိတဲ့သီဟကိုရာရာဝင်တိုက်မိသည်။
ထိုအခါရာရာမော့အကြည့်လန့်သွားပြီးနောက်သို့ဆုတ်လိုက်သည်။
"မင်းဘယ်လိုရောက်နေတာလဲ.."
"အချစ်ဆုံးသူငယ်ချင်းအတွက်စေတနာတွေထားနေတော့ငါဝင်လာတာတောင်မင်းမသိတော့ဘူးပေါ့.."
"ဘာတွေပြောနေတာလဲ..မင်းရောသောက်မလားငါဖျော်ပေးမယ်.."
"ငါဘာကြိုက်တယ်ဆိုတာမင်းသိလို့လား.."
"မင်းကကော်ဖီမသောက်ဘူးလေ..အအေးပဲသောက်တာအအေးတောင်မှသံပုရာရည်ကိုအများဆုံးသောက်တာ.."
ရာရာရဲ့အဖြေကြောင့်သီဟသဘောတွေ့သွားကာခပ်စစပြုံးလိုက်သည်။
"ငါဖျော်လိုက်ရမလား.."
"သွားပါ..မင်းလူကအော်ခေါ်နေတယ်၊နောက်မှပဲဖျော်ပေးတော့.."
"အင်း..အဲဒါဆိုငါသွားတော့မယ်.."
"နေအုံး.."
"ဟင်.."
"သူ့ကိုမြန်မြန်ပြန်လွှတ်လိုက်.."
"ဘာလို့လဲ.."
"မင်း သူနဲ့တွဲနေတာငါသဘောမကျဘူး၊သူ့ပုံစံ၊အစစအရာရာသူ့ကိုကြည့်မရဘူး.."
"ငါတို့ကငယ်ငယ်လေးကတည်းကပေါင်းလာတာလေ..သူကငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းပဲလေ.."
"မင်းဘက်ကဟုတ်ပေမဲ့သူ့ဘက်ကိုဟုတ်ချင်မှဟုတ်မှာပေါ့.."
"ဟင်..မင်းစကားကဘာစကားလဲ..ငါနားမလည်ဘူး.."
"မင်းကိုသူကကြိုက်နေသလားမှမသိတာ..သူကြည့်တဲ့အကြည့်တွေကတမျိုးပဲ၊သူမင်းကိုအဲလိုကြည့်တာငါမကြိုက်ဘူး.."
"ဟင်..ဘာလို့လဲ.."
ပြောကာသုတ်ပြာပြာနဲ့အခန်းထဲကထွက်သွားတဲ့သီဟကိုရာရာအော်မေးလိုက်ပေမဲ့သူကပြန်မဖြေ..
ထိုကြောင့်ရာရာပြုံးလိုက်မိသည်။

မင်းကို ချစ်တယ် Completed(Z / U)Donde viven las historias. Descúbrelo ahora