6

12 0 0
                                        


Rainy Sunday
~~~~~~~~~~~~

အဲ့ဒီ့နေ့က မှတ်မှတ်ရရ Sunday

ကားပေါ်က မဆင်းခင်ထဲက လူတွေကြားထဲက သူမကို ကျွန်တော်လှမ်းတွေ့လိုက်တယ်...

ဒီနေ့က ထူးခြားတဲ့နေ့မို့တဲ့ ကျွန်တော့အတွက်ဆိုပြီး လှလှပပ ဖြစ်အောင် ၀တ်လာသေးတာ

တခါမှ မ၀န်ခံဖြစ်ခဲ့ဘူး ဘယ်လိုပုံဖြစ်နေနေ ကိုယ်သဘောကျပါတယ် ဆိုတာကိုပေါ့...

ကိုယ့်အိမ်မှာကိုယ်နေရတာတောင် မလုံခြုံဘူး ခံစားနေရတယ်လို့သူ ညကပြောတယ် ကျနော်သူ့စိတ်ကိုလုံခြုံစေဖို့ ကျွန်တော့လက်မှာ ပတ်ထားတဲ့ ဘုရားကကြိုးလေးကို သူမလက်ပေါ်ပြောင်းပေးခဲ့တယ်

သူများတွေ တခြားဟာဆင်တူရှိချိန် ပရိတ်ကြိုးဆင်တူနဲ့ဗျ

ဘုရားမှာ သူမအတွက် ပထမဆုံးတယောက်တည်း photographerလုပ်ပေးခဲ့ရတာက မမေ့နိုင်စရာတခု

သူမရဲ့ အရည်အချင်းတခုက ဓာတ်ပုံရိုက်ရင် ဘယ်လိုရိုက်ရိုက်ကြည့်ကောင်းသလို Postလဲကောင်းကောင်းပေးတတ်သေးတယ်

နောက်တော့ ကျွန်တော်တို့ ပိတ်သွားတဲ့ဆိုင်တွေတောင် မသိဘဲ လိုက်ရှာခဲ့ကြသေးတယ်

ပင်လယ်စာ ကြိုက်ပေမယ့် အလက်ဂျစ်ရှိတဲ့ သူမက အစားအသောက်ကိုလက်မလျော့ဘူးဗျ ရအောင်သွားစားခဲ့ကြတာ

ပြီးမှ ဆေးသောက်မယ်တဲ့လေ...

ဟဟ..၀က်ပုတ်လေး

camera shyဖြစ်တဲ့ ကိုယ့်အတွက် သဘောကျစရာဓာတ်ပုံလေးတွေ ရခဲ့တဲ့အချိန်လေးလဲဖြစ်ခဲ့သေးတာ

အပြန် မိုးဖွဲတွေထဲ ကပ်စီးနဲရာကျကျ ကိုယ်ကtaxiမငှားဘဲ လမ်းရှည်ရှည်ကို မိုးတွေသည်းတဲ့ထိ လမ်းလျောက်ခဲ့ကြတယ်

စိတ်အားငယ်တာကို မာကြောယောင်ဆောင်ထားတတ်တဲ့ မင်းလေးက ခုတော့ ကိုယ့်လက်မောင်းကို အားကိုးတကြီးဆွဲကိုင်လို့ မိုးချိန်းလိုက်တိုင်း မိုးကြိုးပစ်လိုက်တိုင်း တုန်ရီနေတာ အသဲငယ်တဲ့ ယုန်သူငယ်လေးလို

ပြောလိုက်သေးတယ် သူကမကြောက်ဘူး ကိုယ်ကြောက်မှာစိုးလို့ကာကွယ်ပေးတာတဲ့

ဒီလို ချစ်စရာလူလိမ်လေး ရှိဦးမှာလား???

မိုးရေတွေ ရွှဲရွှဲစိုနေတဲ့ကြားက သေချာကြည့်မယ်ဆို ကျွန်တော် သူ့အပေါ်ထားတဲ့ စိတ် မေတ္တာတရားကို ကျွန်တော့မျက်လုံးထဲမှာ အတိုင်းသားမြင်ရမှာဗျ

အိမ်အပြန်နောက်ကျမှာ ကြောက်တတ်တဲ့ ကိုယ်တို့ဟာ လမ်းအ​ေ၀းကြီးကို လမ်းလျောက်ကြရင်း နောက်ကျခဲ့ကြဖူးတယ်

ကြွက်စုတ်လိုဖြစ်နေတဲ့ ပုံစံတွေကို ကြည့်ရင်း အချင်းချင်းရယ်မောခဲ့ကြဖူးတယ်

အိမ်အပြန်လမ်းတွေမှာ လက်တွေကို တင်းတင်းဆုပ်ကိုင်လို့ ခဏတာခွဲရဖို့ နှစ်သိမ့်ခဲ့ကြတယ်

ဒီအမှတ်တရတွေကို လူချင်း​ေ၀းရင်တောင် စိတ်နဲ့ဖြစ်ဖြစ် နှလုံးသားနဲ့ဖြစ်ဖြစ် ဦးနှောက်နဲ့ဖြစ်ဖြစ် အစိတ်အပိုင်းတခုခုထဲမှာ အသေရိုက်နှိပ်ထားကြတယ်...

ဒါပေမယ့်...အခုငါတို့​ေ၀းသွားခဲ့ကြပြီနော်

လွမ်းနေပါတယ် တချိန်ကလူလိမ်မလေးရေ...

မိုးတွေရွာတိုင်းပေါ့...

#Tp-🐼
#30.11.2020
#Scrappy feelings
#Missing memory

My Scrappy FeelingsWhere stories live. Discover now