5

8 1 0
                                        

WORST DISEASE

Lonely ဖြစ်တဲ့ရောဂါ ဘယ်လောက်ဆိုးလဲ ခင်ဗျားတို့သိလား……
အချစ်ခံရတာ မလုံလောက်တဲ့ အချစ်ခံချင်တဲ့ရောဂါ အကြောင်းရောသိလား…

ကျွန်တော်တော့သိတယ်ဗျ….

ကျွန်တော်တို့နဲ့ မတူဘဲခြားနားတဲ့သူတွေဘဲလို့ကျွန်တော်တို့ထင်ထားတဲ့လူတွေမှာလဲ မပြေလည်မှုတွေအများကြီးရှိနေတာ ကျွန်တော်တို့ သတိမထားမိခဲ့ကြဘူးမလား
ခင်ဗျားတို့ကို အပြစ်မပြောချင်ပေမယ့်လဲ ပြောပြရပါဦးမယ် ရင်ဘတ်ကြီးနဲ့ရင်းပြီးပေါ့

အတ္တသမားတွေဖြစ်တဲ့ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် သိပ်သိကြတယ်
သူတို့အတွက်ပါ သူတို့ကိုချစ်လို့ပါ သူတို့မှမရှိရင် သူတို့..သူတို့နဲ့အစသဖြင့်ကိစ္စတွေရဲ့  အရင်းခံကိုသေချာတွေးမိကြလား

အဓိကကတော့ သူတို့ဆိုတာထက် သူတို့မရှိရင်မနေတတ်ဖြစ်သွားမယ့် ကျွန်တော်တို့ကိုယ်တိုင်နာကျင်မှုကို အလိုမရှိတာ

သူတို့မပေးချင်တော့တဲ့ သူတို့ရဲ့ ဂရုစိုက်မှုကိုမရတော့မှာ ကြောက်ကြတာ

အမြဲတမ်းအထီးကျန်ရောဂါနဲ့ အချစ်ခံမလုံလောက်တဲ့သူတွေက ဘာမှမရှိဘဲလစ်ဟာနေတဲ့ ဘ၀ကြီးကိုတွေးကြောက်တာ အပြစ်လို့တော့ ကျွန်တော်မသတ်မှတ်ချင်ဘူး ဒါသူတို့ရဲ့ လက္ခဏာ

ထားပါ ဖြစ်လေ့ရှိတာကိုပြောရအောင်…

ဘေးနားမှာ တယောက်မဟုတ်တယောက်ရှိနေမှအဆင်ပြေတဲ့ ရောဂါ…
ကိုယ့်ဘေးမှာ လူမရှိမှာကြောက်တယ် ရှိလာပြန်ရင်လဲ စိတ်ရှုပ်မခံနိုင်ကြဘူး

လူတဦးတယောက်နဲ့ ပတ်သတ်မိရင် သူနဲ့ပတ်သတ်တဲ့ကိစ္စတွေအနည်းနဲ့အများတော့အတူတူပါလာမှာ ကျွန်တော်တို့နားလည်တယ် ဒါပေမယ့် ဖြစ်လာတဲ့အခြေအနေအပေါ် ကျွန်တော်တို့ရဲ့လိုအပ်ချက်နဲ့ကိုက်ညီမှုမရှိတဲ့အခါ စိတ်စေရာကို မလွန်ဆန်နိုင်ဘူး ထွက်ပြေးတတ်ကြတာဘဲ….
ထွက်ပြေးပြီးရင်လည်းအချိန်တန်တဲ့အခါ ဒီလမ်းကိုဘဲ ဆက်လျောက်ကြပြန်တယ်…တစုံတယောက်ရဲ့အလေးပေးမှုကိုသဘောကျပြီးတပေါင်းတည်း နာကျင်မှုကိုပါသဘောကျပြီးရှာဖွေတတ်ပြန်ပါရော…

My Scrappy FeelingsHikayelerin yaşadığı yer. Şimdi keşfedin