stolen heart❣

5K 234 16
                                    

📲📲

"ဟယ်လို"

"ပိုင်ဇွဲခန့်လား"

"ဟုတ်...အန်တီက...?"

"ငါက စိုင်းမာန်ထက်ရဲ့အမေထက်သင်ဇာပဲ"

"ဟုတ်...အန်တီ..ဘာများအလိုရှိလို့လဲ"

"ငါ့ကိုနေ့လည့် life restaurantsမှာလာတွေ့
သားမာန်မသိစေနဲ့ ငါပြောတာသဘောပေါက်လား"

"ဟုတ်ကဲ့"

ဟူး..စိတ်ညစ်ပါတယ် ကိုကိုရဲ​ေအဖေနဲ့တာတွေ့ဖူးပေမဲ့အမေနဲ့မတွေ့ဖူးပေ ပြီးတော့ကိုယ့်ကိုလည်းသဘောမကျချင်းတွေ အမြဲကြား​နေရသည် ဇာတ်ကားတွေထဲကလို
ရေနဲ့ပတ် ပိုက်ဆံထုပ်ပစ်ပေးရင်း ကိုကို့အနားကထွက်သွားဖို့ပြောမှာလား?

"ဘာတွေသက်ပြငချနေတာလဲ bae"

"ဟင်? ကိုကို..မဟုတ်ပါဘူး
ဒါနဲ့ကျနော်ဒီနေ့ သွားစရာရှိလို့ ကိုကိုနဲ့ထမင်းအတူတူမစားပေးတော့ဘူးနော်"

"ဘယ်ကိုလဲ"

"ဒီတိုင်း...မတွေ့တာကြာတဲ့သူငယ်ချင်းနဲ့သွားတွေ့မလို့ပါ နော်..."

"မြန်မြန်ပြန်လာနော်..."

"ဟုတ်...ပြတ်စ်"

ကိုကို့ကိုမျက်နှာချိုတွေးပြီး မြန်မြန်ထွက်လာရသည် ကိုကိုမသိလောက်ပါဘူး

--------------------------------

"ယောကျာ်း...ရှင်..သားကိုဘာမှမပြောတော့ဘူးလား ကျမမွေးထားတာသားနော် ကျမသားမက်မလိုချင်ဘူး"

"မင်းသားကို မင်းတောင်နိုင်လို့လား
ပြီးတော့သားပိုင်က အရမ်းအဆိုးကြီးလည်းမဟုတ်ပါဘူးကွာ"

"ရှင်!..အဲ့ပိုင်းလုံးကောင်အကြောင်းမပြောနဲ့
ရှင်ကသာကောင်းနေတာရှင့် ဟိုကသားဆီကဖြည်းဖြည်းချင်းဂုတ်သွေးစုပ်နေပြီ ခုတောင်
Companyကိုအပိုင်သိမ်းထားတာဘဲကြည့်"

"ကျစ်...မင်းကတစ်ခေါက်တောင်မြင်ဖူးလို့လား သူများသားသမီးကို မင်းသားကမှ
သေလောက်အောင်လိုချင်နေတာကို ခုချိန်ငါ့သားကcompanyကိုကောင်းကောင်းဉီးစီးပြီး အဆင်ပြေနေပြီ ထပ်ပြီးလူမိုက်ဇာတ်မသွင်းနဲ့တော့ အဲ့ကလေးသာရောက်မလာရင်
မင်းသားက လုံးဝထိန်းမနိုင်သိမ်းမရကွ"

                                stolen heart ❣(complete) Where stories live. Discover now