stolen heart❣

6K 274 14
                                    

"ဟျောင့် ဒေါသက်ိုထိန်းမှပေါ့ကွ
ဒီကလေး မင်းကိုဘယ်လောက်ချစ်တယ်ဆိုတာလည်းငါ့တို့အမြင်ဘဲ အရမ်းမနိုင်စားပါနဲ့ကွာ"

"ကျစ်....ဘယ်လိုလုပ်ရမလဲသာပြောခဲ့
တရားကနောက်မှဟော"

"အနောက်ပေါက်ကရောင်နေတယ်
ပြီးတော့ကျောပေါ်က ဒဏ်ရာတွေကိုရောဆေးသေချာလိမ်းပေးမှရမယ် ပြီးရင်
အဖျားလည်းနည်းနည်းပြင်းနေတယ် ညဆိုအဖျားတက်လိမ့်မယ် သေချာဂရုစိုက်
အစားကို အပျော့စာဘဲကျွေး နှစ်ရက်သုံးရက်လောက်ပေါ့ ဆေးပေးခဲ့မယ် ဝင်အောင်လည်းတိုက်အုံး"

"Omm....လိုက်မပို့တော့ဘူး"

"ရတယ်..ရတယ်....ငါထမင်းစားသွားအုံးမယ်"

"သဘောဘဲ...အဒေါ် ကြီးကိုပြင်ခိုင်းလိုက်
ဆန်ပြုတ်ရော ပြုတ်ခိုင်းဖို့ပြောပေးအုံး"

"Okok..."

....................................................................

ပိုင်နိုးလာတော့ အိမ်ပြန်ရောက်နေပြီ
အခန်းထဲပတ်ရှာကြည့်တော့ ကိုကို့ကိုမတွေ့ရ
နေ့လည်တုန်းက တော်တော်ကိုလန့်သွားသည် ကိုကိုအရင်ကဆို ဒီလောက်ဒေါသမထွက်ဖူးပါဘူး

"ကိုကိုရော.....ခုထိစိတ်ဆိုးနေတုန်းလား"

"ကျွီ..."

တံခါးဖွင့်သံကြောင့်လှည့်ကြည့်လိုက်တော့
ဆန်ပြုတ်ပန်းကန် ကိုင်ပြီးအခန်းထဲဝင်လာတဲ့ကိုကို..

"နေလို့အဆင်ပြေလား..ကလေး"

"ဗျာ...ဟု..ဟုတ်"

"ကိုယ်တောင်းပန်ပါတယ်....ဒီတစ်ခေါက်ကိုယ်လွန်သွားတယ်....မင်းကိုဆုံးရှုံးရမယ်လို့တွေးမိလိုက်တိုင်း..ကိုယ့်ဒေါသကိုကိုယ်မထိန်းနိုင်ဘူး...ကိုယ်က..အွတ်စ်"

သူစိတ်ဆိုးမှာဆိုးလို့ စကားတွေအများကြီးပြောပြီး အကြောင်းပြချက်ပေးနေတဲ့ကိုကိုရဲ့နှုတ်ခမ်းလေးကို သူ့နှုတ်ခမ်းနဲ့ နှုတ်ပိတ်လိုက်တော့ သူ့အနမ်းတွေကိုတုန့်ပြန်လာတဲ့ကိုကို.....

တော်တော်ကြာကြာနမ်းပြီး သူ့နှုတ်ခမ်းကိုနောက်ဆုံးအနေနဲ့ဆွဲစုပ်ပြီးမှ လွှတ်ပေးတဲ့
မာန့်ကြောင့် အသက်ရှုသံပြင်းပြင်းတွေက
တိတ်ဆိတ်နေတဲ့အခန်းထဲကျယ်လောင်စွာ
ပြန့်လွင့်နေလေရဲ့

                                stolen heart ❣(complete) Where stories live. Discover now