🌹22🌹

6.4K 525 113
                                    

(Unicode Version)


Kingကုမ္ပဏီ၏ရုံးခန်းတွင်-

"ဒီကိစ္စကို ဘယ်လိုရှင်းမှာလဲ...ပြော!?"

ရွှေစင်မိုးရဲ့ဖခင်ဦးသုတက Facebookပေါ်မှာ ပျံ့နှံ့လာတဲ့ သတင်းတစ်ပုဒ်ကြောင့် အကြီးအကျယ် ဒေါသထွက်နေလေသည်။

"သမီးတို့က ဘာမှမပတ်သက်ဘူး။"

"ဘာမှမပတ်သက်ဘဲနဲ့ တွဲနေကြပါပြီဆိုတဲ့ သတင်းက ထွက်လာစရာလား!? သူတို့တွေနဲ့ မပတ်သက်ဖို့ ငါ အတန်တန်သတိပေးထားခဲ့ပြီးသားပဲ။ ငါ့စကားကို နားမထောင်ဘဲ ဘာလို့ သူနဲ့ သွားတွေ့ခဲ့ရတာလဲ!?"

"လူမြင်ကွင်းမှာ စကားလေးထိုင်ပြောရုံနဲ့ တွဲနေပြီလို့ သတ်မှတ်ရမှာလား...ဖေဖေ!? သမီးဘက်က အမှားမလုပ်ထားတဲ့အတွက် အပြစ်ဝန်ခံစရာလည်း မရှိဘူးလို့ ထင်တယ်။"

ရွှေစင်မိုးက ပြောသင့်တာကို ပြောထားခဲ့ပြီး ရုံးခန်းထဲကနေ အမြန်ထွက်လာခဲ့မိသည်။ မကျူးလွန်ထားတဲ့ အပြစ်တစ်ခုအတွက် စွပ်စွဲခံရခြင်းကို သူမ အမုန်းဆုံးပင်။ ထိုကဲ့သို့ အမုန်းဆုံးကိစ္စကိုမှ ဖြစ်စေခဲ့သူဆီသို့ ဒေါသအားလုံးပုံအပ်ပြီး ဖုန်းလှမ်းခေါ်လိုက်တော့သည်။

"ဒီကိစ္စက ရှင့်လက်ချက်မလား!?"

စိုင်းရသဦးကတော့ ဘာကိုမှ မပြုလုပ်ထားသည့်နှယ် အေးအေးချမ်းချမ်းသာ ပြန်ဖြေပေးခဲ့သည်။

"ဘယ်ကိစ္စကို ပြောတာလဲ!?"

"ရူးချင်ယောင်ဆောင်မနေနဲ့။ ကျွန်မတို့တွဲနေတယ်လို့ သတင်းဖြန့်လိုက်တဲ့သူက ရှင်ပဲ။"

"မယုံကြည်တဲ့သူကို လေကုန်ခံပြီး ရှင်းပြဖို့ ကိုယ့်မှာ စိတ်ကူးမရှိဘူး။ မင်း ထင်ချင်သလိုသာ ထင်လိုက်ပေတော့။"

ပြောပြီးပြီးချင်း ဖုန်းချလိုက်တဲ့ စိုင်းရသဦးကြောင့် ရွှေစင်မိုးရဲ့ဒေါသတွေက ထိန်းထားလို့ မရနိုင်တော့ပေ။ ဖုန်းထပ်ခေါ်ကြည့်ပေမယ့်လည်း စက်ပိတ်ထားတာမို့ စိုင်းရသဦးနဲ့ လူချင်းတွေ့ပြီး ပြဿနာရှင်းဖို့အတွက် သူမရဲ့ခြေလှမ်းတွေကို Secretကုမ္ပဏီရှိရာဆီသို့ ဦးတည်လိုက်လေသည်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now