🌹41🌹

4.3K 414 58
                                    

(Unicode Version)


နံနက် (၈)နာရီခွဲခန့်တွင်-

"📱...📱...📱"

အလုပ်သွားဖို့ ပြင်ဆင်နေတဲ့ Theoက ဖုန်းမြည်သံကြောင့် ခေါ်ဆိုသူရဲ့နာမည်ကို လှမ်းကြည့်ပြီး အိမ်ရှေ့ခန်းသို့ ထွက်လာကာ ဖြေဆိုပေးခဲ့သည်။

"ဟယ်လို..."

"ဦးစိုင်းမောင်က ရသကို နောက်‌ယောင်ခံလိုက်ဖို့ လူလွှတ်ထားတယ်။"

"ဘာဖြစ်လို့လဲ!?"

"အဲဒါကို‌တော့ မသိရသေးဘူး။ ဒါပေမဲ့ စင်ကာပူကနေ ပြန်ရောက်လာကတည်းက သူ့ကို ကြည့်ရတာ ထူးဆန်းနေတယ်။"

"ကျန်တဲ့အချိန်က ကိစ္စမရှိပေမယ့် ဆန်းဝင်းဆီ သွားတာကိုတော့ သူ သိလို့ မဖြစ်ဘူး။"

"ငါ ဘာလုပ်ပေးရမလဲ!?"

"အစ်ကိုက သူ့အနားမှာ နေပြီး သတင်းထပ်ယူပေးပါ။ ကျန်တာကိုတော့ ကျွန်တော်တို့နှစ်ယောက်ကပဲ ဆက်လုပ်လိုက်ပါ့မယ်။"

ရာဇာနဲ့ စကားပြောပြီးနောက် သိင်္ဂါရရဲ့အခြေအနေကို လှမ်းကြည့်ပြီး စိုင်းရသဦးဆီသို့ ဖုန်းခေါ်ခဲ့ရပြန်သည်။

"မင်းကို စောင့်ကြည့်ဖို့ ဦးစိုင်းမောင်က လူလွှတ်ထားတယ်။ လောလောဆယ် ခဏငြိမ်နေလိုက်ဦး။ အကြောင်းအရင်းကို သေချာသိရအောင်လို့ ငါ သူနဲ့ စကားပြောကြည့်ရဦးမယ်။"

"ငါ သတိထားလိုက်ပါ့မယ်။ ဒါနဲ့ မင်းကို ပြောပြစရာတစ်ခု ရှိသေးတယ်။"

"ဘာကိစ္စလဲ!?"

"ဦးစိုင်းမောင်က စင်ကာပူမှာ ဖြိုးကျော်နဲ့ တွေ့ခဲ့တယ်တဲ့။"

"ဘယ်သူပြောတာလဲ!?"

"သူကိုယ်တိုင်ပဲ ငါ့ကို ပြောပြသွားတာ။"

ထိုအဖြေကြောင့် Theoက လျှို့ဝှက်စွာ ပြုံးလိုက်လေသည်။

"သူက ငါတို့နဲ့ ကစားချင်နေတာပဲ။"

"မင်းက ဘာကို ဆိုလိုချင်တာလဲ!?"

"သေချာမသိပေမယ့် သူက မင်းကို မသင်္ကာဖြစ်နေလောက်ပြီ။ အဲဒါကြောင့် လူလွှတ်ပြီး စုံစမ်းခိုင်းနေတာပေါ့။"

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)حيث تعيش القصص. اكتشف الآن