🌹64🌹

3.7K 314 29
                                    

(Unicode Version)

သီရိမြိုင်စံအိမ်ကြီးရဲ့ဒုတိယအကြိမ်မြောက် မီးလောင်ကျွမ်းမှုကြောင့် မင်းခန့်အပါအဝင် ရဲအရာရှိများက အလုပ်ရှုပ်နေကြပေသည်။ အကြောင်းမူကား ထိုအပျက်အစီးများကြားမှ မီးကျွမ်းနေတဲ့ အလောင်းများကို တွေ့ရှိခဲ့ရခြင်းကြောင့် ဖြစ်သည်။

"အိမ်ပျက်ကြီးထဲမှာ ဘယ်လိုလုပ်အလောင်းတွေက ရောက်နေရတာလဲ!?"

မင်းခန့်ရဲ့အမေးကို ဉာဏ်ထက်က ပြန်မဖြေနိုင်တာမို့ အခြားမေးခွန်းတစ်ခုသို့ ပြောင်းလဲပေးခဲ့ရသည်။

"အဲဒီအိမ်က ဘယ်သူ့အပိုင်လဲ!?"

"စာရင်းအရတော့ ပိုင်ရှင်က စိုင်းရသဦးပါ။"

ထိုနာမည်‌က မင်းခန့်ကို အံ့အားသင့်သွားစေတော့သည်။

"ဘာ... စိုင်းရသဦး ဟုတ်လား!?"

"ဟုတ်ကဲ့...ဟိုတစ်ခါတုန်းက သူ့အကြောင်းကို စုံစမ်းခိုင်းသေးတယ်လေ။"

ထိုအချိန်တုန်းက သိင်္ဂါရရဲ့တောင်းဆိုမှုအရ စုံစမ်းပေးခဲ့ခြင်းမို့ အသေးစိတ်ကို မသိရှိခဲ့ရပေ။ ယခုတော့ တိုက်ဆိုင်မှုတွေက များပြားလာခြင်းကြောင့် သူ သေချာစွာ စုံစမ်းကြည့်မှ ဖြစ်ပေတော့မည်။

"အဲဒီမီးလောင်မှုဖြစ်တုန်းက ဘယ်သူက အရင်ဆုံးရောက်သွားတာလဲ!?"

"သူ့ဦးလေး ဦးစိုင်းမောင်နဲ့ ရဲအရာရှိတချို့ပါ။"

"ဦးစိုင်းမောင်က ဘာလာလုပ်တာလဲ!?"

"ဦးစိုင်းဝေက သူကို ဖုန်းဆက်ခေါ်ခဲ့တာတဲ့။ စိုင်းရသဦးကလည်း ဟုတ်တယ်လို့ ထွက်ဆိုပေးထားတယ်။"

"ရဲတွေကရော ဘာလို့ ရောက်နေတာလဲ!?"

"လူတစ်ယောက်က သူတို့ဆီကို ဖုန်းဆက်ပြီး အကြောင်းကြားလို့ ရောက်လာကြတာ။"

"ဘယ်လိုအကြောင်းကြားလို့လဲ!?"

"အဲဒီအိမ်မှာ ဓားပြတိုက်နေလို့ လာကယ်ကြပါဦးတဲ့။"

ကာယကံရှင်စိုင်းရသဦးက သာမန်မီးလောင်မှုအဖြစ် ထွက်ဆိုထားတဲ့အမှုကို အခြားသူတစ်ဦးက ဓားပြတိုက်နေကြောင်း တိုင်ကြားခြင်းက ထူးဆန်းနေတာ အမှန်ပင်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now