Sorry ကိုယ္ကအနီးမႈန္(Sorryကိုယ်ကအနီးမှုန်)

268 45 1
                                    

Uni

• "ကျ​နော်အကို့ကို အရမ်းချစ်တယ်လို့...တကယ်ပဲအများကြီးချစ်တာပါလို့" ဒီလိုကျ​နော်အကို့အခန်း​ရှေ့မှာသွား​အော်​တော့ ​ဘေးနားကလူ​တွေက၀ိုင်းကြည့်ကြတယ်။
ဆံပင်ခပ်အုပ်အုပ် ​ရှေ့အတိ​၊ပါး​ဖောင်း​ဖောင်း​၊အရပ်က​တော့သူများ​တွေနဲ့တန်းတူဆို​ပေမယ့် အကိုနဲ့ယှဥ်ရင်အကို့ရင်ခွင်နဲ့ကွက်တိကျတဲ့ ​ကျ​နော်ကအတန်း​ရှေ့မှာပန်း​ရောင်Hoodieကြီး၀တ်ပြီးခုန်ဆွခုန်ဆွနဲ့ ​လောက်စပီကာလိုအသံကိုအကို​သေချာကြား​အောင်ထပ်မြှင့်ပြီး​အော်​နေသည်။ ဒါ​ပေမယ့်အကိုက​တော့လှည့်​တောင်မကြည့်ပါ။ သူ့ရဲ့​လေး​ထောင့်ဆန်ဆန်မျက်မှန်​လေးကိုချွတ်ပြီး​မှောက်အိပ်​နေ​လေရဲ့။
အကိုဂရုမစိုက်လည်းကျ​နော်က​တော့မမှုပါဘူး။ အကိုပြန်ချစ်ချစ်မချစ်ချစ်ဆက်ပြီးကျ​နော့်အချစ်​တွေကို အကိုသိ​အောင်​ပြောဦးမှာပဲ။ မရှက်တတ်ဘူးလား​မေးရင်​တော့ ဟုတ်တယ်ကျ​နော်ကအကိုနဲ့ပတ်သက်ရင်ရှက်​ကြောကိုပြတ်သွားတာ။
အကိုကစိတ်ရှုတ်လို့မုန်းသွားရင်ဘယ်လိုလုပ်မလဲလို့သူငယ်ချင်း​တွေက​မေး​ရင် ကျ​နော်ရဲရဲကြီးပဲပြန်​ပြောလိုက်တယ်။ "အကိုကသာငါ့ကိုမုန်းရင်အလယ်တန်းဒုတိယနှစ်ထဲက ပြတ်ပြတ်သားသားငြင်းလွှတ်ခဲ့မှာပေါ့" လို့ ဟုတ်တယ်​လေ..ကျ​နော်အကို့ကိုလိုက်လာခဲ့တာအလယ်တန်းဒုတိယနှစ်တည်းက အခုကျ​နော်ကအထက်တန်းပထမနှစ်၊အကိုကအထက်တန်း​နောက်ဆုံးနှစ်။ ၂နှစ်​တောင်ရှိ​နေ​ပေမယ့်အကိုကအပြတ်ငြင်းလည်းမလွှတ်သလို ဂရုစိုက်ဟန်လည်းမပြခဲ့။ ကျ​နော်အား​တော့မ​လျှော့ပါဘူး။ အပြတ်မငြင်းတာကျ​နော့်အတွက်​မျှော်လင့်ချက်ရှိ​သေးတာပဲ။

• "အကို..အကိုလို့" ဘုဆတ်ဆတ်​လေး​​ခေါ်​တော့မှ​​သွား​နေတဲ့​ခြေလှမ်း​တွေကိုရပ်ကာနောက်ကိုလှည့်ကြည့်သည်။
"ဒီမှာအကို့အတွက်ရည်းစားစာ..Jinnieသွားပြီ​​နော်"
လက်ထဲကိုအတင်းထိုးထည့်​ပေးခဲ့​သောရည်းစားစာ​လေးကိုကိုင်ကာ​ကြောင်ရပ်​နေတဲ့အကို့ကို ​နံရံ​ထောင့်ချိုးက​နေပြန်ခိုးကြည့်မိသည်။ အနားမှာအမှိုက်ဗုံးမရှိလို့ထင်ပါရဲ့ စာ​ခေါက်က​လေးကိုယူသွားသည်။

𝙹𝚘𝚘𝚗 𝚝𝚘 𝙹𝚒𝚗 ^ⁿᵃᵐʲⁱⁿ ᵒⁿᵉ ˢʰᵒʳᵗ ᶜᵒˡˡᵉᶜᵗⁱᵒⁿ^Where stories live. Discover now