Once upon a time

586 52 1
                                    

Uni

မင်းတို့​တွေ တစ်ခါတုန်းကဆိုပြီးအစချီတဲ့ပုံပြင်​တွေနား​ထောင်ဖူးကြတယ်မလား။
အခု​ပြောမယ့်အ​ကြောင်းအရာ​လေးက တကယ်တမ်းဖြစ်ခဲ့သလားဆိုတာအတည်ပြု​ပေးမယ့်သူမရှိခဲ့ဘူး။ဒါ​ပေမယ့် စိတ်ကူးယဥ်ပြီး​ပြောကြတဲ့ပုံပြင်တစ်ပုဒ်​တော့မဟုတ်ခဲ့မှာ​သေချာပါတယ်။

မင်းဟာစာအုပ်တစ်အုပ်ကိုကိုင်ထားတယ်လို့သတ်မှတ်လိုက်ပါ။စာအုပ်အဖုံးဟာပကတိအဖြူ​ရောင်​လေးပါပဲ။
အဖုံးကိုဖွင့်ကာအထဲကိုကြည့်မယ်ဆိုရင် လက်​ရေးခပ်စောင်း​စောင်း​လေးတွေကို​သော့ကာ​ရေး၍နဲ့မှတ်တမ်းတင်ထားတဲ့ စာ​ကြောင်း​လေးတွေကို​တွေ့ရပါလိမ့်မယ်။ ဇာတ်​လမ်း​​လေးကိုအကျဥ်းချုံးကာမင်းကိုငါက ​ပြောပြမယ် ဇာတ်လမ်း​လေးရဲ့ အစချီပုံက

~Once upon a time(တစ်ခါတုန်းက)~ ကင်ချွန်းနိုင်ငံကို မင်းကြီးကင်ဒိုယွန်းကအုပ်ချုပ်​နေ​လေတယ်။သူ့မှာအင်မတန်အားကိုးရတဲ့အိမ်​ရှေ့စံသားတစ်​ယောက်ရှိတယ်တဲ့ စစ်မက်​ရေး​ရာ​ကောပညာအရည်အချင်းပိုင်းမှာပါအများတကာထက်သာလွန်​ပေတယ်။ထိုကဲသို့သူတကာ​ကြောက်ရတဲ့စစ်နတ်ဘုရားရဲ့နာမည်ကကင်နမ်ဂျွန်း။  ။

ထိုနိုင်ငံတွင်ပင်ပညာ​ရေးအမတ်ကြီးမှာလည်းသား​ချောရတနာတစ်ပါးရှိတယ်တဲ့သူ့နာမည်ကကင်​ဆော့ဂျင် ကင်ပညာ​ရေးအမတ်ရဲ့တစ်ဦးတည်း​သောသား။ အဆင်း​ရောအချင်းပါပြည့်စုံသူ။

ထိုကဲ့သို့ပြည့်စုံ​သောလူသားနှစ်​ယောက်ကထိုကဲ့သို့​သော​ရှေး​ခေတ်အခါမှာ​မေတ္တာသက်၀င်ချစ်ခင်​နေကြသည်။ ထိုစဥ်ကနိုင်ငံ၏လူဦး​ရေသည်​လျော့နည်း​နေ​သောအချိန်​ဖြစ်၍အသက်၂၅နှစ်ပြည့်ပြီးသူတိုင်းအိမ်​ထောင်ပြုရသည်။ တစ်နည်းမျိုးဆက်ပြန့်ပွား​စေရန်ပြုလုပ်ရသည်ပင်။
ဤကဲ့သို့​မေတ္တာမျှ​နေ​ကြောင်း​ရေ​မြေ့သခင်အရှင်သာသိသွားခဲ့လျှင်.......

သူတို့က​တော့လူမသိသူမသိ​နေကြပါသည်။အရင်ကလည်းငယ်သူငယ်ချင်း​တွေမို့နီးနီးကပ်ကပ်ရှိသည်ကိုမည်သူကမှအ​ရေးတယူ​စောင့်ကြည့်​နေခြင်းမရှိ​ပေ။ သို့​သော်ကံကြမ္မာသည်ကျီစယ်တတ်​လေသည်....

𝙹𝚘𝚘𝚗 𝚝𝚘 𝙹𝚒𝚗 ^ⁿᵃᵐʲⁱⁿ ᵒⁿᵉ ˢʰᵒʳᵗ ᶜᵒˡˡᵉᶜᵗⁱᵒⁿ^Where stories live. Discover now