String

191 9 0
                                    

<zawgyi>

~String~

ဒီစကားလုံးလေးရဲ့အဓိပ္ပါယ်က Swanအတွက်တော့ ရှင်းပြဖို့လွယ်မယောင်နဲ့ ခက်နေတယ်။
အထူးသဖြင့် လူနှစ်ယောက်ကြားက အနီရောင်ဖူးစာကြိုးကို ပြောတဲ့အခါမျိုးမှာပေါ့...။

လူနှစ်ယောက်ကြားမှာ မမြင်နိုင်တဲ့ကြိုးတစ်ချောင်းရှိနေလိမ့်မယ်လို့ အတော်များများယုံကြတယ်။
ဒါပေမယ့် အချိန်တွေနှစ်နဲ့ချီကြာတဲ့အခါမှာတော့ ယုံကြည်တဲ့လူအရေအတွက် တဖြည်းဖြည်းလျော့သွားတတ်တယ်။
ဘာလို့လဲဆိုတော့... မမြင်နိုင်ကြလို့။

ကြိုးအစွန်းနှစ်စကြားမှာ အကွာအဝေးဘယ်လောက်ရှိမလဲဆိုတာ မမြင်နိုင်သလိုပဲ...
အစွန်းတစ်ဖက်စီကလူနှစ်ယောက် အမြဲအတူရှိနိုင်ဖို့ ဘယ်လောက်စောင့်ရမလဲဆိုတာ မသိနိုင်ဘူး...
အခက်အခဲတွေ ဘယ်လောက်ရှိလဲဆိုတာ မသိနိုင်ဘူး...အချိန်တွေ ဘယ်လောက်ကုန်မလဲဆိုတာ မခန့်မှန်းနိုင်ဘူး...။

အဲ့လိုနဲ့ တချို့ သံသယဝင်လာတယ်...
တချို့ လက်လျော့ကြတယ်...
ကျန်တဲ့တချို့အတွက်ကတော့ လက်ရှိအချိန်ရဲ့ ပျော်ဖို့ကောင်းတဲ့အရာအချို့ကို အနာဂတ်ဆီကြိုတွေးရင်း...စိုးရိမ်ရင်း... လက်လွှတ်ကြရတယ်။

Swanတို့ Fanတွေလိုမျိုးပေါ့...
ကိုယ့်otpကို ယုံကြည်တယ်...။
ဒါပေမယ့် တစ်ခါတစ်လေမှာ ဘာမဟုတ်တဲ့ rumourအသေးလေးတွေကြောင့် စိတ်တိုရတာရှိတယ်။ချဲ့ကားထားတာတွေကြားပါများတော့ ကိုယ်ပါ စိတ်ယိုင်လာတယ်။မယုံကြည်တော့သလို ဖြစ်လာတဲ့အခါမျိုးတွေရှိတယ်...။
ဝမ်းနည်းတယ်...စိတ်မကောင်းဖြစ်တယ်...အခုလက်ရှိmomentတွေကိုမြင်ရင်တောင် မပျော်နိုင်တော့လောက်အောင် စိတ်ညစ်နေမယ်။
တချို့လည်း...လက်လွှတ်သွားကြတယ်...။

Fanတစ်ယောက်အနေနဲ့ ကြောက်ခဲ့ရတဲ့အရာတွေကို Kristမွေးနေ့အတွက်ထုတ်မယ့် "String"စာအုပ်လေးထဲမှာ... သူတို့ရဲ့real lifeနဲ့ Ficရောပြီး Swanနားလည်သလောက်ကို ကြိုးစားပြောပြထားတယ်။အခုအခ်ျိန်ထိ ယုံကြည်နေတဲ့သူတွေကိုပေါ့

_ဖြစ်မလာသေးတဲ့အရာတွေကိုပဲစိတ်ပူနေရင် လက်ရှိအချိန်ရဲ့အကောင်းဆုံးအရာတွေကို လွတ်သွားတတ်တယ်။
အဲ့ဒါကြောင့်...လက်ရှိကို ယုံကြည်ဖို့ပါ။
လက်ရှိအချိန်မှာ သူတို့နှစ်ယောက်နဲ့အတူတူ ရယ်ပြုံးနိုင်တာကမှ အကောင်းဆုံးအရာပါ_

~String~Where stories live. Discover now