String

133 13 5
                                    

<zawgyi>

Beautiful Nightmare~

My nightmares become beautiful့ ဝ •°
All because of you.....

0o.•°0o.•°0o.•°0o.•°0o.•°0o.•°0o.•°0o.•°

First

ဧည့်ခန်းတစ်ခန်း…
စုစုပေါင်း လူလေးယောက်ထိုင်နေကြတယ်။
ဆွေးနွေးနေတဲ့အကြောင်းအရာကတော့ သားရေးသမီးရေးကိစ္စ…

အင်းပေါ့လေ…
သားမက်အလောင်းအလျာက ရှေ့မှာငုတ်တုပ်ထိုင်နေတော့လည်း ဒီလိုပဲ ခေါင်းစဉ်တပ်ရတော့မှာပေါ့ ။ ။

''ဒါနဲ့…နှစ်ယောက်သားက ဘယ်လိုစ,တွေ့ကြတာလဲ?''
ဘေးမှာထိုင်နေတဲ့ အမေဖြစ်သူက မမေးလေတော့ သူ မနေနိုင်တော့ဘဲ စ,မေးလိုက်ရတယ်။

''Rama_8တံတားမှာ…''

မမျှော်လင့်ထားမိတဲ့ ဖြေသံကိုကြားရတော့ ဝမ်းနည်းသလိုခံစားချက်တစ်ခုက ရင်ထဲမှာလှိုက်ခနဲ…
Khun Singtoကတော့ ဘာမှမဖြစ်သလိုမျိုး ခပ်တည်တည်နဲ့။

''ကျွန်တော် လွန်ခဲ့တဲ့ နှစ်,နှစ်လောက်အထိ Rama_8တံတားဆီ သွားနေကျပဲ။
တစ်စုံတစ်ယောက်ကို သတိရခဲ့တိုင်းပေါ့''

Khun Singto သူ့ကိုကြည့်ပြီး အေးအေးဆေးဆေးပဲ ဆက်ပြောနေတယ်။

တစုံတယောက်…
လွန်ခဲ့တဲ့ နှစ်,နှစ်အထိ…
အချိန်တွေကြာနေခဲ့တာတောင် ဒီစကားတွေကြောင့် သူမျက်နှာလွှဲချင်နေဆဲ…။
အဝေးကို ချက်ချင်း ထ,ထွက်သွားချင်နေဆဲ…။

ဘာလို့များ Khun Singtoက ဘာမှမဖြစ်သလို သူနဲ့ မျက်နှာချင်းဆိုင်နိုင်ရတာလဲ?

''အဲ့ဒီမှာ ကျွန်တော် Mi Miနဲ့တွေ့ခဲ့တာ။
သူကားပျက်နေတာကို ကူညီရင်းနဲ့ ကျွန်တော်တို့ စ,သိခဲ့ကြတယ်။
တစ်နှစ်လောက် မိတ်ဆွေတွေအဖြစ်နေခဲ့ကြပြီးမှ ကျွန်တော်ဖွင့်ပြောခဲ့တာ။
Mi Miကလည်း ကျွန်တော့်ကို လက်ခံပေးခဲ့တယ်လေ။
ကျေးဇူးပဲ Paa…ဒီလို ချစ်ဖို့ကောင်းတဲ့ သမီးလေးကို မွေးပေးခဲ့လို့''

''ဘယ်သူက Paaလဲ?!!
အခုမှ စတွေ့တာကို…Paaလို့ခေါ်ခွင့်ပြုတယ်လို့ ပြောလို့လား?''
သူ ဆက်သည်းမခံနိုင်တော့လို့ စကားကိုဖြတ်ပြောလိုက်မိတယ်။

ဒီလိုအခြေအနေမျိုးကို သူ မမျှော်လင့်ခဲ့ဖူးဘူး…။

ဒီစကားမျိုးတွေကြားရဖို့ရော…
သမီးလေးရဲ့ချစ်သူက သူဖြစ်နေခဲ့ဖို့ရော…
စိတ်ကူးတောင် မယဉ်ခဲ့မိဘူး။
အခုလိုမျက်မြင်ကိုယ်တွေ့ ကြုံနေရတာတောင် ယုံရခက်နေတုန်းပဲ။

~String~Where stories live. Discover now