EPISODE 5

313 30 0
                                    

အပန်း​ဖြေစံအိမ်​​ရောက်​​တော့ည​နေ​စောင်း​နေပါပြီ။ပတ်​၀န်းကျင်​ကလည်း​မှောင်​မည်းလို့။အေး​အေး​ဆေး​ဆေး​နေချင်​လို့ appa တို့ကလူသူမနီးတဲ့​နေရာမှာ စံအိမ်​​ဆောက်​တယ်​။omma ပျိုး​ထောင်​ထားတဲ့ပန်းခြံ​လေးလည်းရှိ​တော့သာသာယာယာ​လေးပဲ။

Appa: သား​ရေ ညီမ​လေး​ခေါ်လာခဲ့။appa တံခါးဖွင့်​လိုက်​မယ်​။

SUHO: appa ညီမ​လေးအိပ်​​ပျော်​​နေတယ်​။ရောက်​မှန်း​တောင်​မသိဘူးထင်​တယ်

Appa: ဟုတ်​လား။ကောင်းပြီ။appa ချီလိုက်​မယ်​။သားတံခါးဖွင့်​။yeobo အိပ်​ရာပြင်​ထားလိုက်​။သမီးကိုမနိုး​တော့ဘူး။ ပစ္စည်း​တွေထား။ကိုယ်​သယ်​မယ်​။

ပြောရင်းဖြင့်​ appa ကညီမ​လေးကိုချီ။omma နဲ့ ကျွန်​​တော်​ကအိမ်​တံခါးဖွင့်​ ညီမ​လေးဖို့အိပ်​ရာပြင်​။

ညီမ​လေးအိပ်​ရာ​ပေါ်​ရောက်​တဲ့အထိလှုပ်​တောင်​မလှုပ်​။တစ်​လမ်းလုံးသီချင်း​တွေဆို စကား​တွေ​ပြော ​ကားရပ်​တဲ့​နေရာတိုင်းမှာေ​ပြး​ဆော့လာတာ ပင်​ပန်းသွားပုံရပါတယ်​။

အိပ်​​မောကျ​နေ​သောညီမ​လေးကိုသုံး​ယောက်​သားထိုင်​ကြည့်​​နေလိုက်​တာအချိန်​​တွေကုန်​လို့ကုန်​မှန်းမသိ။

Appa: သွားအိပ်​ရ​အောင်​။သားလည်းပင်​ပန်း​ရော​ပေါ့။မနက်​ကျရင်​သမီး​လေး​မွေး​နေ့အတွက်​​စော​စောထပြီးပြင်​ဆင်​ရဦးမယ်​။သွားရ​အောင်

Omma: ​ကောင်းပြီ

သုံး​ယောက်​သားညီမ​လေးကိုအိပ်​ရာဝ်​အနမ်း​ပေးပြီးထွက်​လာခဲ့​တော့သည်

အေးချမ်းစွာအိပ်​စက်​နိုင်​ပါ​စေညီမ​လေး

********************************

ဝေး မီ​ယောဂုဟင်းချို​သောက်​​ရ​တော့မယ်

SOOYOUNG တစ်​​ယောက်​၀မ်းသာ​ပျော်​ရွှင်​စွာဖြင့်​​အော်​သည်​။ဒီ​နေ့ကသူ့​မွေး​နေ့​လေ

"HAPPY BIRTHDAY TO YOU

HAPPY BIRTHDAY TO YOU

HAPPY BIRTHDAY ငါတို့ SOOYOUNG

HAPPY BIRTHDAY TO YOU........."

မွေး​နေ့သီချင်းနဲ့အတူ​ရောက်​ရှိလာ​သော appa & oppa တို့လက်​ထဲမှာ SOOYOUNG ကြိုက်​တဲ့ ​omma လက်​ရာ ​ချောကလက်​ကိတ်​။ဘယ်​သူ့မှမမှီတဲ့လက်​ရာ။

မွေး​နေ့မှာ​ပျော်​ရွှင်​ပါ​စေ ညီမ​လေး။ဆု​တောင်းပြီးဖ​ယောင်းတိုင်​မှုတ်​။oppa တို့အတူစားကြမယ်​။

"ဖူး............"

အားလုံးအတူကိတ်​ခွဲကာစားကြသည်​။ပျော်​ရွှင်​ဖွယ်​ရာမိသားစုပါ

Appa: say cheese

chat chat အမှတ်​တရမိသားစုဓာတ်​ပုံ​လေး

*******************************

"ကလင်​ ကလင်​ ကလင်​"

စံအိမ်​​ရောက်​တိုင်း ဒရမ်​တီးတတ်​ကြ​သော SUHO တို့သားအဖ ဖုန်းမြည်​သံကိုမကြားလိုက်​။

Omma: Hello

"Hello အစ်​မလား။" sanchu အသံပါ။

Omma: အင်း ​မောင်​​လေး။မင်းဘယ်​မှာလဲ။လာ​နေပြီလား။

Sanchu: nae အစ်​မ။အခုမှထွက်​လာတာ။နောက်​ကျမယ်​။မ​စောင့်​ပဲအိပ်​​နှင့်​လိုက်​​တော့။

Omma: ထမင်း​ကော။စားပြီးပြီလား။

Sanchu: စားလာပြီ။ဘာမှလုပ်​မထားနဲ့​တော့။

Omma: aw,arryaso ဒါပဲ​နော်

"sanchu ​ထမင်းမစား​တော့ဘူးဆို​တော့ဟင်း​တွေမ​နွေး​တော့ပါဘူး" ​တွေး​ရင်း omma တစ်​​ယောက်​မီးဖိုကိုပိတ်​လိုက်​သည်​။

မီးပိတ်​ဖို့ကြံရွယ်​ရင်း "အင်း သမီးကအ​စောကြီးအိပ်​သွားတာဆို​တော့ညကျဗိုက်​ဆာလို့ဆိုထပြီး မုန့်​ထရှာ​နေဦးမယ်​။မှောင်​​နေရင်​​ကြောက်​​နေမှ။မီးဖွင့်​ထားမှ" ​တွေးရင်းမီးကိုမပိတ်​ဖြစ်​။

Omma: yeobo,sanchu ဖုန်းဆက်​တယ်​။နောက်​ကျမယ်​တဲ့။အိပ်​နှင့်​​​တော့တဲ့။

Appa: ဟုတ်​လား။ဒါဆိုအိပ်​ကျမယ်​​လေ။ညဉ့်​နက်​​နေပြီ။

SUHO: appa ကျွန်​​တော်​ appa တို့နဲ့လာအိပ်​မယ်​။

Omma: လာအိပ်​​လေသားရဲ့။သားနဲ့မအိပ်​ရတာကြာပြီ​ပေါ့။

SUHO: nae,omma.ညီမ​လေး​တော့စိတ်​ဆိုး​တော့မှာပဲ။

Appa: မနက်​ကျမှ​ချော့လိုက်​မယ်

အိပ်​ရာ​ပေါ်​ရောက်​​ပေမယ့်​မအိပ်​နိုင်​။သားအဖ​တွေ စကား​တွေ​ပြော​နေလိုက်​တာ။1:00 ထိုးသွားတယ်​။အိပ်​​တော့မယ်​။

ညကလည်းတိတ်​ဆိတ်​​နေသည်​။အရာရာက​အေးချမ်း​နေသည်​။အေးချမ်းတဲ့ည​လေးကိုထိုး​ဖောက်​လာတဲ့မမြင်​ရတဲ့ကြမ္မာဆိုးက..................

THIS LOVE IS UNBREAKABLEOpowieści tętniące życiem. Odkryj je teraz