EPISODE 8

314 33 1
                                    

လတ်​ဆတ်​​သော​လေကိုရှူရှိုက်​ရသည်​မှာစိတ်​​အေးချမ်းစရာ။ရင်​ထဲမှာအပူ​တွေများ​နေ​သော sanchu တစ်​​ယောက်​ BUSAN ရဲ့အလှအပများကိုမခံစားနိုင်​ပါ။

BUSAN.....

ဟုတ်​ပါသည်​။KOREA ရဲ့အလှဆုံး​နေရာ။တောင်​ကုန်း​တောင်​တန်း​အသွယ်​သွယ်​နဲ့ မြစ်​​ချောင်းများလည်းရှိသည်​။တောအရပ်​ဆိုသည့်​အတိုင်း ​နေထိုင်​သူများကလည်း ရိုးသားကြသည်​။ဖော်​​ရွေသည်​။ဟန်​​ဆောင်​မှုကင်းသည်​။ဒီလို​နေရာမျိုးက တူမ​လေးအတွက်​အသင့်​​တော်​ဆုံး။

Dr နဲ့တိုင်​ပင်​ထားသည့်​အတိုင်း BUSAN မှာအလယ်​တန်း​ကျောင်းထားဖို့ဆုံးဖြတ်​လိုက်​သည်​။တောရွာ​လေးဆို​ပေမယ့်​ပညာ​ရေးကမနိမ့်​။နိုင်​ငံသား​ကောင်းများစွာ​မွေးထုတ်​​ပေး​နေ​သောအရပ်​။နေရာသစ်​မှာ စိတ်​သစ်​လူသစ်​ဖြစ်​​စေဖို့​ရည်​ရွယ်​ပြီး ​ကျောင်းထားဖို့ဆုံးဖြတ်​ခဲ့သည်​။ကား​ပေါ်မှာအိပ်​​ပျော်​​နေ​သော တူမ​လေးကိုလှမ်းကြည့်​ပြီး ​ပျော်​ရွှင်​နိုင်​ပါ​စေ တူမ​လေး​ရယ်​လို့သာ ဆု​တောင်း​ပေး​နေ​တော့သည်

*********************************

" ဒီ​နေ့​ကျောင်းစတက်​ရ​တော့မယ်​။သမီး ရန်​ခုန်​​နေပြီလား။" sanchu သာ​ပြော​နေသည်

SOOYOUNG က​တော့ထုံးစံအတိုင်းပင်​။မလှုပ်​။မဆန်း​တော့ပါ။sanchu အတွက်​ တစ်​​ယောက်​တည်း သက်​ရှိအရုပ်​ကိုစကား​ပြော​နေရတာကြာပြီ​လေ။ပထမဆုံးမဟုတ်​​တော့ပါ။SOOYOUNG က​တော့ ​ကောင်းသည်​လည်းမ​ပြော မ​ကောင်းသည်​လည်းမ​ပြော။ထားရင်​ထားတဲ့အတိုင်း​နေသည်​။လူသါးစက်​ရုပ်​​ပေ။

sanchu တစ်​​ယောက်​အတိတ်​ကိုပြန်​​တွေးမိသည်​။ကျောင်းစတက်​တဲ့​နေ့ကဆိုတက်​ကြွလိုက်​တာမှသူ့အ​ပြင်​နှစ်​​ယောက်​မရှိ။omma ကိုယ်​တိုင်​ချုပ်​​ပေး​သော ​ကျောင်းဝတ်​စုံ​လေးနဲ့။oppa ကကုန်းပိုးလို့။appa ကထမင်းချိုင့်​ဆွဲလို့။ပြုံးပြုံးရွှင်​ရွှင်​ဖြင့်​​ကျောင်းသွားတာမှတ်​မိ​နေ​သေးသည်​။ပြန်​မရနိုင်​​တော့ပါ။တူမ​လေးရဲ့အပြုံးကို​တော့ပြန်​လိုချင်​မိသည်​။

THIS LOVE IS UNBREAKABLEOnde histórias criam vida. Descubra agora