(1)

14 1 0
                                    

နှာတံစင်းစင်းလေးဘေးက အနက်ရောင်အစက်လေးမှာ
ငါ့မေတ္တာတွေရှိတယ်
ငါ့အရပ်ကဝေးတာမို့လမ်းမကြုံလည်းဖြစ်ပေမယ့်
မင်းတံဆိပ်နဲ့ ငါ့ကိုယ်ငါခတ်လိုက်ပုံပါပဲ
မင်းကအစိမ်းရောင်ကြိုက်ရင်
ငါ့ကမ္ဘာကအစိမ်းရောင်ဖြစ်သွားပြီး
မင်းက သီချင်းတွေကိုမြတ်နိုးတဲ့အခါ
မင်းဂီတနဲ့ငါ့ကမ္ဘာပေါ့ ...
တယုတယပါ အချစ်ရယ်
မင်းကိုမှ ငါကသဘောတကျ ။

အလွယ်တကူမရနိုင်တဲ့ဆုတောင်းလေးက မင်းဖြစ်နေတဲ့အခါ
ကြွေပေးရတဲ့ကြယ်တွေကိုလည်း ငါကအားနာတယ် ..။





Dear Wang:  Where stories live. Discover now