(2)

8 0 0
                                    

လေတစ်ချက်ဝေ့ရုံနဲ့လွင့်ရတဲ့တိမ်တိုက်​တွေလိုပါပဲ
ငါကအထိန်းအကွပ်မဲ့ခဲ့ပါတယ်
နွေရာသီတစ်ခုမှာ
အဲ့ဒီနယ်မြေစိမ်းလေးကို ခြေမချခင်အထိကို
ငါ့မှာရည်ရွယ်ချက်တွေဆိုတာလည်း
ပျောက်ဆုံးနေခဲ့သေးတာ ..

ရုတ်တရက်ပဲစတင်တယ်
အဖြူရောင်ပုံရိပ်လေးကတံခါးခေါက်လာတယ်
အမှတ်တရပါပဲ ..
ငါ့စိတ်တွေကိုလည်းအပိုင်ပေးလိုက်မိတယ်

ငါ့ရဲ့အစိမ်းရောင်နယ်မြေလေးက
စကားပြောရင်လည်းကန့်လန့်ပါပဲ
တစ်ခါတစ်လေစွာပေမယ့်ငါ့မှာတော့
မေတ္တာတွေပိုရတယ်
နယ်မြေစိမ်းလေးရဲ့အနာတရတွေက
ငါ့ဒဏ်ရာပါပဲ ..

ရာသီမရွေး သက်တန့်လေးတွေပဲဖန်တီးပေးချင်တယ်
ခြေလှမ်းတွေကိုလည်းရေတွက်ချင်တယ်
ခပ်မိုက်မိုက်နောက်ကျောပြင်လေးကိုလည်း ငါ့မှာငေးချင်သေးတယ်

ဒီလိုနဲ့ပဲငါက တစ်ချို့အိပ်မက်တွေကို အစပျိုးခဲ့တယ်
အသေအချာပါပဲ ငါ့ရဲ့အိပ်မက်လေးကလှတယ် ပြီးတော့ ပြောသေးတယ်
ဆိုင်ကယ်​တွေကိုလည်းသဘောကျတယ်တဲ့
ခပ်ဆိုးဆိုးနာနတ်သီးလေးပါပဲ
ငါ့မှာတော့ချိုရပါတယ် ...။








You've reached the end of published parts.

⏰ Last updated: Feb 01, 2021 ⏰

Add this story to your Library to get notified about new parts!

Dear Wang:  Where stories live. Discover now