မနက် 7:00.
Luhan တစ်ယောက် အိပ်နေတဲ့ sofa ကနေတိတ်တိတ်လေးထပြီး sehun အိပ်နေတဲ့ ကုတင်နားငိုဖြည်းဖြည်းလေးလျှောက်သွားလိုက်တယ် ပြီးတော့ sehun အိပ်နေတာကို ကုတင်ဘေးကနေမေးထောက်ပြီး ကြည့်နေတယ် သူကြည့်နေတဲ့အကြည့်ကsehunသူ့အပေါ်နှိပ်စက်လို့မုန်းလို့ကြည့်တဲ့အကြည့်မျိုးလုံးဝမဟုတ်ဘူး သူ့အကြည့်တွေကနူးညံ့တယ် ဖြူစင်တယ် အမုန်းတရား ကြောက်ရွံ့မှု့တွေလုံးဝမရှိဘူး လုံးဝအဖြူထည်ပဲ ကဗျာဆန်ဆန်ပြောရရင် အရမ်းချစ်ရတဲ့ချစ်သူနှစ်ဦးမနက်ခင်းတစ်ခုကိုရောက်ရှိလာလို့အရင်နိုးတဲ့သူကမနိုးသေးတဲ့သူကို ဘယ်လောက်ချစ်ကြောင်းပါးစပ်နဲ့တောင်မပြောနိုင်တော့တဲ့အထိ အကြည့်တွေနဲ့ပဲ ဖွင့်ဆိုခဲ့သလိုပေါ့ထား ပါတော့ ဒါတွေက သိပ်ချစ်ကြတဲ့ကြင်စဦးတွေမှပါ luhan တစ်ယောက်ကြည့်နေရင်းနဲ့ စိတ်အလိုအတိုင်းလက်ကလေးတွေက sehun နှဖူးနားကဆံပင်လေးတွေကိုခပ်ဖွဖွသပ်တင်ပေးမိတယ် ဦးနှောက်ကမသိလိုက်ပါပဲနဲ့ စိတ်ရဲ့အလိုတိုင်းလှုပ်ရှားသွားတဲ့ လက်ကလေးတွေကိုပြန်ရုပ်သိမ်းပြီး ကိုင်ကြည့်ကာ အသံထွက်တယ်ဆိုရုံလေးရယ်မိလိုက်တယ် ဟုတ်ပါတယ်သူမစိတ်ထဲမှာ မနေ့ညကအကြောင်းရော အရင်ကအကြောင်းတွေရောငိုခဲ့တယ်ဆိုတာရောအားလုံးမေ့ပျောက်နေတာပါ သူမသိတာ လောလောဆယ်တစ်ခုပဲရှိတယ် ခုလိုအိပ်မောကျနေတဲ့အပြစ်ကင်းစင်တဲ့ sehun ကို ပြုံးပြုံးလေးနဲ့ငေးကြည့်ဖို့ပါပဲ ပြီးတော့ luhan တစ်ယောက် အိပ်နေတဲ့sehunနှဖူးလေးနားတဖြည်းဖြည်းလေးတိုးကာကပ်သွားလိုက်တယ် ပြီးတော့ အိပ်နေတဲ့sehun ရဲ့နှဖူးပေါ်ကို အနမ်းတစ်ပွင့်ဖွဖွလေးပေးလိုက်တယ်ပြီးတော့စကားလးတစ်ခွန်းပြောလိုက်တယ်
Luhanး Sehun ရယ် lu လေရှင့်ကိုသိပ်ချစ်တာပဲ
ပြီးတော့ luhan လဲမျက်နှာသစ်ဖို့ရေချိုးခန်းထဲဝင်သွားတယ်
luhan တံခါးပိတ်သံကြားတော့ အိပ်နေတဲ့ sehun တစ်ယောက် ပိတ်ထားတဲ့မျက်လုံးတွေဖွင့်လိုက်တယ် နည်းနည်းကြာတော့luhan တစ်ယောက် ရေချိုးပြီးပြနိထွက်လာတယ် သူsehun ကိုလဲမြင်ရောသူ့ဘာသာမလုံမလဲနဲ့မေးလိုက်တယ်
luhanး sehun နိုးနေတာကြာပြီလား sehunးမကြာသေးဘူးခုလေးတင်ပဲ
Luhanး အော် ဒါဆို ရေသွားချိုးလေ lu နဲ့ breakfast သွားစားမယ်လေ
sehun ဘာမှမပြောဘဲနဲ့ဝင်သွားတယ်
sehun ရေချိုးပြီးထွက်လာတော့ ကုတင်ပေါ်မှာအဆင်သင့်ဝတ်ဖို့ထုပ်ပေးထားတယ်
sehun luhan ကိုလှမ်းကြည့်လိုက်တယ် သူမအရမ်းလှနေပါတယ် မိုးပြာရောင်ဂါဝန်အရှည်လေးနဲ့သူမရဲ့ပန်းရောင်ဖျော့ဖျော့ဆံနွယ်တွေကိုဖြန့်ချထားတယ် sehun ကိုထုပ်ပေးထားတာလဲ မိုးပြာရောင်shirtလေးပါပဲ အောက်ကဘောင်းဘီအဖြူနဲ့လေ sehun လဲ သူမထုပ်ပေးတဲ့ဟာတွေကိုထိတောင်မထိဘဲသူ့အိပ်ထဲကအနီရောင်ရှပ်ကိုထုပ်ဝတ်လိုက်တယ် အောက်ကလဲအနက်ရောင်ဘောင်းဘီနဲ့ luhan တစ်ယောက်sehun ထွက်လာတော့မျက်နှာပျက်သွားတယ် သူများတွေ honeymoonမှာ couple shirt တွေဝတ်နေတဲ့အချိန် သူမလည်းဝတ်ချင်တော့ couple shirt မရှိလို့ အရောင်ဆင်တူလေးထုပ်ပေးခဲ့တာပါ ဒါပေမဲ့သူမမေ့မိတာက ခုဟာက ချစ်ခင်ကြတဲ့ ကြင်စဦးမဟူတ်မှန်းသူမမေ့သွားတာပါပဲ Sehun ထွက်လာတော့ luhanလဲပျက်နေတဲ့မျက်နှာပေါ်မှာချက်ချင်းအပြုံးတစ်ပွင့်ကောက်တပ်လိုက်တယ် ပြီးတော့
luhanး sehun sehun breakfastသွားစားမလို့လား lu လဲလိုက်မယ်လေ နော် လာသွားကြမယ်
ဆိုပြီး sehun လက်မောင်းကိုလှမ်းချိတ်လိုက်တယ်
sehun ကချက်ချင်း luhan လက်တွေကိုဖြည်ချလိုက်ပြိး
Sehunး မင်းနဲ့ငါနဲ့က သိပ်ချစ်ကြတဲ့ စုံတွဲ honeymoon ထွက်တယ်များထင်နေလား ပြီးတော့ luhan မင်းငါမသိဘဲငါ့အဝတ်တွေမကိုင်ပါနဲ့ မင်းထုပ်ပေးတာ ငါမဝတ်ချင်ဘူး ကြားလား
sehun ပြောချင်တာပြောပြီး ထွက်သွားတယ်
Luhan တံခါးပေါက်ဝမှာ ငူငူကြီးရပ်ပြီး ကျန်နေခဲ့တယ် မျက်ဝန်းမှာမျက်ရည်စတွေနဲ့လေ သူမငိုနေပြီပေါ့ ချစ်ရသူရဲ့နှုပ်ဖျားကစိမ်းကားတဲ့စကားတွေကြားရတိုင်း နှလုံးသားတစ်ခုလုံးနာကျင်ခံစားနေရတယ်လေ ဒါပေမဲ့ luhan တစ်ယောက် ဝေ့တက်လာတဲ့မျက်ရည်တွေကိုသုပ်ပစ်ပြီး sehunနောက်ပြေးလိုက်သွားတယ်
ဘာမှမဖြစ်သလိုပုံစံမျိုးနဲ့
Luhanး sehun ah luကိုစောင့်ဦးလေတူတူသွားမယ်လေ sehun ah.