Hotel မှာ breakfast စားပြီးတာနဲ့ နှစ်ယောက်လုံး VANCOUVER မြို့အနှံလျှောက်လည်ဖို့ HOTEL ကနေထွက်ခဲ့ကြတယ် LUHAN ကတော့ SEHUN နဲ့လျှောက်လည်ရမယ်ဆိုလို့ ပျော်ရွှင်နေပါရဲ့ ပြုံးနေတာပဲ SEHUN ကတော့ ထုံးစံအတိုင်းအေးတိအေးစက်မျက်နှာပေးနဲ့ တုံနှိဘာဝေပါပဲ HOTEL ကစထွက်ကတည်းက LUHAN ကတွေ့သမျှနေရာတိုင်းကို ဓာတ်ပုံတွေတစ်ဖျက်ဖျက်ရိုက်တယ် နှစ်ယောက်အတူတွဲရိုက်ဖ်ု့ခေါ်မယ်ဆိုပြီး SEHUN ကိုလှည့်ကြည့်လိုက်တိုင်း SEHUN ကဖုန်းပဲပြောနေတယ် SEHUN ဖုန်းပြောနေတာ BREAKFAST စစားကတည်းကပါ
LUHANး SEHUN AH ဟိုနေရာလေးလှတယ်ဓာတ်ပုံတူတူရိုက်ကြမယ်လေ
LUHAN'POV
သူ ဖုန်းပြောနေတာစထွက်ကတည်းကခုထိမပြီးနိုင်သေးဘူး ဘယ်သူနဲ့များပြောနေလို့အဲ့လောက်တောင်ကြာနေတာလဲမသိဘူး ၃ ၄ခါလောက်ဖုန်းကြသွားလဲ ပြန်မခေါ်နဲ့တော့လေ LU ဓာတ်ပုံရိုက်မယ်ပြောတိုင်းသူက လက်ကာပြပြီးထွက်ထွက်သွားတယ်
LUHAN လဲSEHUN ဖုန်းကျသွားလို့စကားပြတ်သွားတဲ့အချိန်မှာအရဲစွန့်ပြီးပြောလိုက်တယ်
LUHANး SEHUN AH နှစ်ယောက်အတူဓာတ်ပုံ ရိုက်ရအောင်လေ
OH SEHUN တစ်ယောက် မျက်မှောင်ကျုံ့ပြီးကြည့်လိုက်တယ်
SEHUNး LUHAN မင်း ကိုငါဘာပြောထားလဲ မင်းကိုငါပြောထားတဲ့အချက်တွေထဲမှာ ဓာတ်ပုံမရိုက်ရဘူးဆိုတာ ပါတယ်လေ မင်းမေ့သွားပြီလား မင်းသဘောတူညီခဲ့တဲ့အချက်နော် ပြီးတော့ ငါဖုန်းပြောနေတဲ့အချိန် လာလာမနှောက်ယှက်ပါနဲ့ ငါမကြိုက်ဘူး
LUHAN တစ်ယောက် ခဏလောက်စွံအသွားတယ်
LUHANး အာ ဟုတ်သားပဲ LU မေ့သွားတယ် SORRY နော် နောက်ခါမပြောတော့ဘူး
LUHAN 'POV
LU ဒီစကားကိုအပြုံးလေးနဲ့ပြောလိုက်ရပေမဲ့ LU ရင်ထဲမှာမီးမြှိုက်လိုက်သလိုအရမ်းပူလောင်တာပဲ ဒါပေမဲ့ SEHUN ရယ် LU လေ ရှင့်စကားတွေကိုခံနိုင်ရည်ရှိအောင် ကြိုးစားနေတယ် LU ဒီလိုရှင်ပြောတာ အမြဲနားထောင်ရင်ရှင်Lu ကိုတစ်ချိန်မှာ ပြန်မချစ်ရင်တောင် မမုန်းတော့ရင် Lu ကျေနပ်ပါတယ်