"ဝမ်ရိပေါ်ရဲ့နေ့ရက်တိုင်းဟာသိပ်လှပတယ်ကိုယ်လုပ်ချင်တာတွေလုပ်နေရတော့ "ဟီးဟီး
ကိုယ့်အတွေးကိုယ်သဘောကျပြီးရိပေါ် ရီလိုက်မိတယ်"ဟေ့ကောင် ရိပေါ် တစ်ယောက်ထဲ ဘာတွေရီနေ"
"Awwဟောက်ရွှမ်း ဘာမှမဟုတ်ပါဘူးကွာ ငါ့အတွေးငါသဘောကျလို့ပြုံးနေတာပါ""အမယ် မင်းကဘာတွေတွေးနေတာလဲ မြန်မြန်ပြောစမ်း ဘယ်စကီလေးအကြောင်းလဲ မင်းဒါမျိုးဆိုတာမလျှိုကောင်းဘူးကွ"
"တယ် ငါပြောရမကောင်းရှိတော့မယ်ဝမ်ဟောက်ရွှမ်း မင်းခေါင်းထဲမှာ အဲ့အကြောင်းတွေကလွဲပြီးတစ်ခြားအကြောင်းမတွေးတတ်တော့ဘူးလားဟမ် "
"ဟဲဟဲ ဖေ့သား ကလဲ ငါကစကီလေးတွေအကြောင်းတင်တွေးတာ မဟုတ်ပါဘူးကွာ ဘဲကြီးတွေအကြောင်းလဲတွေးပါတယ် ဘယ်ဘဲကြီးကဘယ်လိုမိုက်.....တယ် ........"
"ဝမ်ဟောက်ရွှမ်း"
"မင်းကလဲကွာကိုယ့်သူငယ်ချင်းလေးကိုမအော်ပါနဲ့ ငါ့နှလုံးသားလေးကနုနုလေးကွ လန့်သွားပြီ"
"မင်းတော့နော်"
"ဒါနဲ့ရိပေါ် စကိတ်သွားမစီးဘူးလားဒီနေ့ သွားရင်ငါ့လဲခေါ်အုန်းကွာ အိမ်မှာပျင်းတယ်"
"အေး ညနေကြရင်သွားမှာ မင်းကခေါ်အုန်းပြောရအောင် ဘယ်တုန်းကများငါနဲ့မလိုက်ဘဲနေခဲ့ဘူးလို့လဲ"
"မင်းကလဲကွာ စကားအဖြစ်လေးတောင်မပြောရဘူးလား ခုတော့မင်းကငါ့ကိုငြိုငြင်နေပြီပေါ့ ကိုယ့်သူငယ်ချင်းအချောလေးကို ရပါတယ်ကွာ ငါကဘဲအလိုက်သိပေးပါ့မယ်"
ဟောက်ရွှမ်းရဲ့စကားအဆုံးရိပေါ်ထိုင်ငိုချင်သွားတယ် သူ့ရဲ့ဒီသူငယ်လေးဟာလေတစ်ခြားသူတွေနဲ့ဆိုရင်အချေဂိုက်ဖမ်းသလောက် သူနဲ့ဆိုရင်Dramaတွေသိပ်ဆန်လွန်းတယ် ပေါလွန်းတယ် ဒါပေမယ့်လဲငယ်ငယ်ကထဲကပေါင်းလာတဲ့အကြောင်းသိတွေဆိုတော့ ဟော့ဒီကရိပေါ်လေးကဘဲသည်းခံပေးလိုက်ပါ့မယ် ခုလဲသူ့ကိုမုန့်ဝယ်ကျွေးစေချင်တာကိုရိုးရိုးမပြောဘဲdramaတွေခင်းပြနေတယ် တကယ်မလွယ်တဲ့ကောင် ဒီလိုကောင်ကိုဘယ်လိုလူမျိုးကများကြိုက်မလဲသိချင်မိသား"ကဲ ဝမ်ဟောက်ရွှမ်း ခေါ် ဖေ့သားလေးရေ မုန့်ဝယ်ကျွေးပါဆိုလဲဝယ်ကျွေးပါ့မယ် ငါ့ရှေ့မှာတော့dramaတွေမခင်းပြပါနဲ့တော့ ဟုတ်ပြီလား စိတ်တွေလဲပိန်ပါတယ်နော် ဟူး"
"ဟီး ငါ့သယ်ချင်းလေးကသိပ်ချစ်ဖို့ကောင်းတာဘဲ ကြည့်စမ်း ပါးဖောင်းဖောင်း နှုတ်ခမ်းရဲရဲ လေးနဲ့ ကလေးလေးကြနေတာဘဲ"
"တတ်နိုင်တယ်နော် ရုပ်ကိုက ခုတစ်မျိုး တော်ကြာ တစ်မျိုးနဲ့ အမျိုးမျိုး"
"ဟီးဟီး လာလေမုန့်သွားစားမယ် ကောင်းတဲ့ဆိုင်တခုငါတွေ့ထားတယ် အရသာကရှယ်ဘဲတဲ့"
"အေးပါကွာ ရှေ့ကနေကြွကြွ"
"ဟားဟား" သူငယ်ချင်းနှစ်ယောက် တစ်ယောက်ပခုံးတစ်ယောက်ဖက်ပြီး စားသောက်ဖို့ ချီတက်သွားကြတယ်
........................................................................
"သူဌေး ဒါကဒီနေ့ရဲ့ ဝမ်ရိပေါ်လေးရဲ့ လှုပ်ရှားမှုပါ"
"Omm သွားတော့"
"ကလေးနဲ့သူ့သယ်ချင်းကသိပ်ချစ်ကြပုံဘဲ ဘယ်လိုလုပ်ရပါ့ ကလေးသူငယ်ချင်းဆိုပေမယ့်လဲ ကိုယ်ကသဝန်တိုနေမိတယ် ကလေးရဲ့အပြုံးလေးတွေကိုကိုယ့်အတွက်ဘဲဖြစ်စေချင်တာ ကလေးရဲ့ခန္ဓာကိုယ်လေးကိုလဲ ကိုယ်ဘဲထိတွေ့ချင်တာ ဟူး..... သိပ်ခက်တယ်ကလေးရယ် ကလေးကိုချစ်ရတာလဲ"
ကုမ္ပဏီတစ်ခုရဲ့ရုံးခန်းအတွင်းရဲ့စားပွဲပေါ်မှာတော့ ကောင်လေးနှစ်ယောက်ရဲ့တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီးရယ်နေတဲ့ပုံလေးရယ် တစ်ယောက်ပုခုံးတစ်ယောက် ဖက်ထားကြတဲ့ပုံလေးတွေရယ် ရှိနေခဲ့တယ်