Zawgyi
yiboတစ်ယောက်ဒီနေ့ဆိုင်ကယ်လေးနဲ့အပြင်သွားဖို့ပြင်တယ် သူဆိုင်ကယ်စီးရတာကိုအရမ်းကြိုက်တယ် ဆိုင်ကယ်စီးနေချိန်ဆိုအရာရာကိုမေ့နေတယ်လေတဖြူးဖြူးနဲ့ခံစားချက်တွေကလွှတ်မိုက်
ဆိုင်ကယ်ပြိုင်ပွဲတွေလဲသူကဝင်ပြိုင်ချင်သေးတာ အိမ်ကမားကစိတ်ပူလို့ခုတော့ခနငြိမ်နေတာ
ဆိုင်ကယ်စီးရင်းအတွေးထဲမျောသွားစဉ်လမ်းကွေ့တစ်ခုကကားကိုဘွားကနဲမြင်လိုက်ရတယ် သွားပြီ တိုက်မိပြီဆိုပြီးဘရိတ်ကိုဆွဲလိုက်ပေမယ့်
ဟိုဘက်ကကားကကိုယ့်ထက်အရင်ရှောင်ရင်းလမ်းဘေးကသစ်ပင်ကို ဝင်ကြုံးပါလေရော ကိုယ်လဲဆိုင်ကယ်လဲသွားတယ်အရှိန်သိပ်မပါလို့တော်သေး အဖြစ်ပျက်တွေကမြန်ဆန်းလွန်းတယ် မျက်စိတစ်မှိတ်အတွင်းဖြစ်သွားတာ ဆိုင်ကယ်ကိုမထူအားသေးဘူးကားသမားစီပြေးကြည့်ရတယ်"ဟေ့လူအဆင်ပြေရဲ့လား"
ကြည့်ရတာအဆင်မပြေပုံဘဲကားစတီယာတိုင်ပေါ်မျက်နှာအပ်နေတဲ့သူ ပခုံးကိုကိုင်လှုပ်လိုက်တယ်
ဟေ့လူ ဟေ့လူ"ဟင်"
"ခင်ဗျားအဆင်ပြေရဲ့လား"
"အာ ကိုယ်အဆင်ပြေပါတယ် နည်းနည်းလန့်သွားလို့
အား..ကျွတ်...ကျွတ်""ခင်ဗျားနဖူးနဲနဲပေါက်သွားတာဘဲ ခုဟာကဘယ်သူမှမမှန်ဘူးနော် ခင်ဗျားလဲအကွေ့ကိုဟွန်းမတီးဘူးဆိုတော့"
"ဟုတ်ပါတယ် ကိုယ်လဲအတွေးများပြီးသတိတစ်ချက်လွတ်သွားတာမို့"
ရိပေါ် အဲ့လူကိုခုမှသေချာကြည့်မိတယ် ဒီလူကဘယ်လိုပြောရမလဲချောတာလိုလိုခန့်ညားတာလိုလိုချစ်ဖို့ကောင်းတာလိုလို ဒီလူကညို့မျက်ဝန်းတွေလဲပိုင်ဆိုင်သေးတာဘဲ ဖြောင့်ဆင်းနေတဲ့နှာတံ နီဆွေးဆွေးနှုတ်ခမ်းပါးလေးတစ်စုံရယ် အဲ့နှုတ်ခမ်းအောက်ကမှည့်လေးရယ် ဝိုး ဒီလူကနတ်သက်ကြွေလာတဲ့သူများလား ဘဲကြီးကကြွေချင်စရာကြီးကွာ ရိပေါ်တစ်ယောက်ကိုယ့်အတွေးနဲ့ကို ဘဲကြီးကိုကြွေနေတာ ဟိုကခေါ်တာတောင်မကြား